Skip to main content
ေထာင္ထြက္ပေထြးက မယားပါသမီးအား ကိုယ္၀န္ရရွိေစသည္အထိ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈျဖစ္ပြား
Ads Block

ေထာင္ထြက္ပေထြးက မယားပါသမီးအား ကိုယ္၀န္ရရွိေစသည္အထိ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈျဖစ္ပြား

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္းတယၿမိဳ႕တြင္ ပေထြးျဖစ္သူက ၿခိမ္းေျခာက္ကာ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခဲ့ေသာေၾကာင့္ မယားပါသမီးတြင္ ကိုယ္၀န္ ၅ လလြယ္ထားရေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ ပင္းတယၿမိဳ႕၊ အင္းငယ္အေပၚေက်းရြာတြင္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္၊ နံနက္ ၅ နာရီ၀န္းက်င္က မိခင္ျဖစ္သူမွာ မီးဖိုေခ်ာင္၌ထမင္းခ်က္ေနစဥ္ ပေထြးျဖစ္သူ ေဇာ္ထူး(ခ)ေမာင္မဲ၊ (၃၉)ႏွစ္က မယားပါသမီးျဖစ္သူ မ---- ၊ ၁၇ ႏွစ္အား ခ်စ္ႀကိဳက္ေၾကာင္း ေျပာဆိုကာသိုင္းဖက္ခဲ့သျဖင့္ မ----- က ေအာ္လိုက္ရာ “ငါေထာင္ထြက္၊ ဘယ္သူကိုမွ မေၾကာက္ဘူး”ဟု ေျပာဆိုၿခိမ္းေျခာက္ကာ စတင္အဓမၼျပဳက်င့္ခဲ့ေၾကာင္း သိရသည္။ 
“ေထာင္ထြက္ဆိုတာကေတာ့ စစ္ေျပးနဲ႔ေထာင္က်ဖူးတာပါ၊ တပ္ေျပးေပါ့။အတည္ျပဳစစ္ေဆးျခင္းမ်ိဳးေတာ့ မရွိပါဘူး။ ၿပီးခဲ့တဲ့ ၇ လေက်ာ္ေလာက္ကေနစၿပီး အႀကိမ္ႀကိမ္ေစာ္ကားခဲ့တဲ့အတြက္ မယားပါသမီးမွာ လက္ရွိကိုယ္၀န္ ၅ လလြယ္ထားရတယ္။မေန႔ကပဲေဆးစစ္မႈေတြျပဳလုပ္ေပးၿပီး ဆရာ၀န္က အားေဆးေတြ ေပးလိုက္တယ္” ဟု ပင္းတယၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါအမႈႏွင့္ပတ္သက္၍ မ---- ၊ ၁၇ ႏွစ္က ၂၀၁၉ ခုႏွစ္၊ မတ္လ ၁၁ ရက္တြင္ ပင္းတယၿမိဳ႕မရဲစခန္းသို႔ လာေရာက္တိုင္တန္းခဲ့ေၾကာင္း သိရသည္။
ထုိ႔ေၾကာင့္ ေဇာ္ထူး(ခ)ေမာင္မဲ(၃၉)ႏွစ္ကို ဖမ္းဆီးကာ ပင္းတယၿမိဳ႕မရဲစခန္း၌ (ပ)၇၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆(မုဒိမ္းမႈ)/၅၀၆(ၿခိမ္းေျခာက္မႈ)တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။ 

- ဒါးဇ(အကုန္သိ သတင္းဌာန)

Unicode version

ထောင်ထွက်ပထွေးက မယားပါသမီးအား ကိုယ်ဝန်ရရှိစေသည်အထိ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်ပွား
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ပထွေးဖြစ်သူက ခြိမ်းခြောက်ကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သောကြောင့် မယားပါသမီးတွင် ကိုယ်ဝန် ၅ လလွယ်ထားရကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ပင်းတယမြို့၊ အင်းငယ်အပေါ်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၊ နံနက် ၅ နာရီဝန်းကျင်က မိခင်ဖြစ်သူမှာ မီးဖိုချောင်၌ထမင်းချက်နေစဉ် ပထွေးဖြစ်သူ ဇော်ထူး(ခ)မောင်မဲ၊ (၃၉)နှစ်က မယားပါသမီးဖြစ်သူ မ---- ၊ ၁၇ နှစ်အား ချစ်ကြိုက်ကြောင်း ပြောဆိုကာသိုင်းဖက်ခဲ့သဖြင့် မ----- က အော်လိုက်ရာ “ငါထောင်ထွက်၊ ဘယ်သူကိုမှ မကြောက်ဘူး”ဟု ပြောဆိုခြိမ်းခြောက်ကာ စတင်အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ 
“ထောင်ထွက်ဆိုတာကတော့ စစ်ပြေးနဲ့ထောင်ကျဖူးတာပါ၊ တပ်ပြေးပေါ့။အတည်ပြုစစ်ဆေးခြင်းမျိုးတော့ မရှိပါဘူး။ ပြီးခဲ့တဲ့ ၇ လကျော်လောက်ကနေစပြီး အကြိမ်ကြိမ်စော်ကားခဲ့တဲ့အတွက် မယားပါသမီးမှာ လက်ရှိကိုယ်ဝန် ၅ လလွယ်ထားရတယ်။မနေ့ကပဲဆေးစစ်မှုတွေပြုလုပ်ပေးပြီး ဆရာဝန်က အားဆေးတွေ ပေးလိုက်တယ်” ဟု ပင်းတယမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ မ---- ၊ ၁၇ နှစ်က ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် ပင်းတယမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဇော်ထူး(ခ)မောင်မဲ(၃၉)နှစ်ကို ဖမ်းဆီးကာ ပင်းတယမြို့မရဲစခန်း၌ (ပ)၇၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆(မုဒိမ်းမှု)/၅၀၆(ခြိမ်းခြောက်မှု)တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။ 

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။