Skip to main content
လိႈင္သာယာၿမိဳ႕နယ္ေန အမ်ိဳးသမီးတစ္ဦး ၄င္းႏွင့္ေပါင္းသင္းမည့္ တရုတ္အမ်ိဳးသားမွာ ရုပ္ဆိုးသျဖင့္ ထြက္ေျပးလာမႈျဖစ္ပြား 
Ads Block

လိႈင္သာယာၿမိဳ႕နယ္ေန အမ်ိဳးသမီးတစ္ဦး ၄င္းႏွင့္ေပါင္းသင္းမည့္ တရုတ္အမ်ိဳးသားမွာ ရုပ္ဆိုးသျဖင့္ ထြက္ေျပးလာမႈျဖစ္ပြား 

လိႈင္သာယာၿမိဳ႕နယ္ေန အမ်ိဳးသမီးတစ္ဦးသည္ တရုတ္အမ်ိဳးသားႏွင့္ေပါင္းသင္းပါက သိန္း ၂၀ ရရွိမည္ကို သေဘာတူလိုက္ပါၿပီးမွ ၄င္းႏွင့္ေပါင္းသင္းမည့္တရုတ္အမ်ိဳးသားမွာ ရုပ္ဆိုးသျဖင့္ ျပန္လည္ ထြက္ေျပးလာခဲ့ေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ေဖေဖာ္၀ါရီလ ၁၆ ရက္၊ နံနက္ပိုင္းက တရုတ္ျပည္၊ ရင္က်န္းၿမိဳ႕၌လူကုန္ကူးျခင္းခံရသည့္ ျမန္မာအမ်ိဳးသမီးကို အမ်ိဳးသမီးေရးရာအဖြဲ႔၀င္မ်ားကသြားေရာက္ကယ္တင္ခဲ့ၿပီး စစ္ေမးခဲ့ရာ၎သည္ ရန္ကုန္ၿမိဳ႕၊ လိႈင္သာယာၿမိဳ႕နယ္၊ ဒဂံုဧရာအေ၀းေျပးကား၀င္းအနီး၊ ၀ါ၀ါ၀င္းက်ဴးတဲ၌ ေနထိုင္သူ မသက္သက္၊ (၃၁)ႏွစ္ျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္။
၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလပိုင္းက ၄င္းတို႔ေနထိုင္ရာ အဆင့္ျမင့္အိမ္ယာက်ဴးေက်ာ္ရပ္ကြက္ေန မမိငယ္(၂၇)ႏွစ္၊ ေဒၚခ်ိဳမာ(၄၀)ႏွစ္ႏွင့္ မေရႊဇင္(၃၁)ႏွစ္တို႔ ၃ ဦးႏွင့္ခင္မင္ခဲ့ရာ၌ တရုတ္အမ်ိဳးသားႏွင့္ တစ္ႏွစ္ေပါင္းသင္း၍ ေငြသိန္း ၂၀ ရယူႏိုင္ေၾကာင္း ေျပာဆိုစည္းရံုးမႈကို သေဘာတူညီခဲ့သည္ဟု မသက္သက္က ထြက္ဆိုသည္။
ထိုသို႔သေဘာတူညီၿပီးေနာက္ ၎တို႔ ၃ ဦး၏ေဆာင္ရြက္ေပးမႈျဖင့္ ေဖေဖာ္၀ါရီလ ၁ ရက္တြင္ ေတာင္ျပာတန္း ခရီးသည္ယာဥ္လိုင္းျဖင့္ လိုက္ပါသြားၿပီးေနာက္တစ္ေန႔တြင္ မူဆယ္ၿမိဳ႕သို႔ေရာက္ရွိခဲ့ကာ မေရႊဇင္က ေနစရာစီမံေပးခဲ့ေၾကာင္း စစ္ေဆးသိရွိရသည္။
တစ္ပတ္အၾကာ ေဖေဖာ္၀ါရီလ ၈ ရက္တြင္မိုးမိုး(ခ)ေမာင္ထြန္းလင္း(မိန္းမလ်ာ)ဆိုသူေရာက္ရွိလာၿပီး တရုတ္ပြဲစားမ်ားႏွင့္ မိတ္ဆက္ေပးကာတရုတ္အမ်ိဳးသားတစ္ဦးႏွင့္ထည့္ေပးခဲ့ေသာေၾကာင့္ တရုတ္ႏိုင္ငံ၊ ရင္က်န္းၿမိဳ႕ရွိတည္းခိုခန္း၌ တစ္ရက္တည္းခိုခဲ့ရၿပီး ယင္းတရုတ္အမ်ိဳးသားမွာ ရုပ္ဆိုးသျဖင့္ မေပါင္းသင္းလိုေသာေၾကာင့္ ေဖေဖာ္၀ါရီလ ၁၅ ရက္၊ နံနက္ ၄ နာရီတြင္ ထြက္ေျပးခဲ့သည္ဟု စစ္ေဆးသိရွိခဲ့ရသည္။
ထို႔ေနာက္ လမ္းတြင္ျမန္မာအမ်ိဳးသမီးတစ္ဦးႏွင့္ဆံုမိ၍သူမ၏ကူညီေပးမႈျဖင့္ ကားေပၚသို႔လိုက္ပါလာခဲ့ရာမွ  ျမန္မာလူမ်ိဳးအမ်ိဳးသားတစ္ဦး၏ ကူညီေဆာင္ရြက္ေပးမႈေၾကာင့္ ကခ်င္ျပည္နယ္၊ လြယ္ဂ်ယ္ၿမိဳ႕ရွိ လူကုန္ကူးမႈတားဆီးကာကြယ္ေရးရံုးသို႔ေရာက္ရွိခဲ့ရေၾကာင္း မသက္သက္၏ထြက္ဆိုခ်က္အရ သိရွိခဲ့ၾကသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ လြယ္ဂ်ယ္နယ္ေျမရဲစခန္း၌ (ပ)၃/၂၀၁၉၊ လူကုန္တားပုဒ္မ-၂၄/၃၂ ျဖင့္ အမႈလက္ခံဖြင့္ထားၿပီး မတ္လ ၁၀ ရက္တြင္ ဖမ္းဆီးရမိသူတရားခံ ၃ ဦးအား လိႈင္သာယာၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းေပးခဲ့သျဖင့္ စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိ သတင္းဌာန)


Unicode version

လှိုင်သာယာမြို့နယ်နေ အမျိုးသမီးတစ်ဦး ၎င်းနှင့်ပေါင်းသင်းမည့် တရုတ်အမျိုးသားမှာ ရုပ်ဆိုးသဖြင့် ထွက်ပြေးလာမှုဖြစ်ပွား 
လှိုင်သာယာမြို့နယ်နေ အမျိုးသမီးတစ်ဦးသည် တရုတ်အမျိုးသားနှင့်ပေါင်းသင်းပါက သိန်း ၂၀ ရရှိမည်ကို သဘောတူလိုက်ပါပြီးမှ ၎င်းနှင့်ပေါင်းသင်းမည့်တရုတ်အမျိုးသားမှာ ရုပ်ဆိုးသဖြင့် ပြန်လည် ထွက်ပြေးလာခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက်ပိုင်းက တရုတ်ပြည်၊ ရင်ကျန်းမြို့၌လူကုန်ကူးခြင်းခံရသည့် မြန်မာအမျိုးသမီးကို အမျိုးသမီးရေးရာအဖွဲ့ဝင်များကသွားရောက်ကယ်တင်ခဲ့ပြီး စစ်မေးခဲ့ရာ၎င်းသည် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းအနီး၊ ဝါဝါ၀င်းကျူးတဲ၌ နေထိုင်သူ မသက်သက်၊ (၃၁)နှစ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလပိုင်းက ၎င်းတို့နေထိုင်ရာ အဆင့်မြင့်အိမ်ယာကျူးကျော်ရပ်ကွက်နေ မမိငယ်(၂၇)နှစ်၊ ဒေါ်ချိုမာ(၄၀)နှစ်နှင့် မရွှေဇင်(၃၁)နှစ်တို့ ၃ ဦးနှင့်ခင်မင်ခဲ့ရာ၌ တရုတ်အမျိုးသားနှင့် တစ်နှစ်ပေါင်းသင်း၍ ငွေသိန်း ၂၀ ရယူနိုင်ကြောင်း ပြောဆိုစည်းရုံးမှုကို သဘောတူညီခဲ့သည်ဟု မသက်သက်က ထွက်ဆိုသည်။
ထိုသို့သဘောတူညီပြီးနောက် ၎င်းတို့ ၃ ဦး၏ဆောင်ရွက်ပေးမှုဖြင့် ဖေဖော်ဝါရီလ ၁ ရက်တွင် တောင်ပြာတန်း ခရီးသည်ယာဉ်လိုင်းဖြင့် လိုက်ပါသွားပြီးနောက်တစ်နေ့တွင် မူဆယ်မြို့သို့ရောက်ရှိခဲ့ကာ မရွှေဇင်က နေစရာစီမံပေးခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
တစ်ပတ်အကြာ ဖေဖော်ဝါရီလ ၈ ရက်တွင်မိုးမိုး(ခ)မောင်ထွန်းလင်း(မိန်းမလျာ)ဆိုသူရောက်ရှိလာပြီး တရုတ်ပွဲစားများနှင့် မိတ်ဆက်ပေးကာတရုတ်အမျိုးသားတစ်ဦးနှင့်ထည့်ပေးခဲ့သောကြောင့် တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့ရှိတည်းခိုခန်း၌ တစ်ရက်တည်းခိုခဲ့ရပြီး ယင်းတရုတ်အမျိုးသားမှာ ရုပ်ဆိုးသဖြင့် မပေါင်းသင်းလိုသောကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက် ၄ နာရီတွင် ထွက်ပြေးခဲ့သည်ဟု စစ်ဆေးသိရှိခဲ့ရသည်။
ထို့နောက် လမ်းတွင်မြန်မာအမျိုးသမီးတစ်ဦးနှင့်ဆုံမိ၍သူမ၏ကူညီပေးမှုဖြင့် ကားပေါ်သို့လိုက်ပါလာခဲ့ရာမှ  မြန်မာလူမျိုးအမျိုးသားတစ်ဦး၏ ကူညီဆောင်ရွက်ပေးမှုကြောင့် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့ရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရုံးသို့ရောက်ရှိခဲ့ရကြောင်း မသက်သက်၏ထွက်ဆိုချက်အရ သိရှိခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လွယ်ဂျယ်နယ်မြေရဲစခန်း၌ (ပ)၃/၂၀၁၉၊ လူကုန်တားပုဒ်မ-၂၄/၃၂ ဖြင့် အမှုလက်ခံဖွင့်ထားပြီး မတ်လ ၁၀ ရက်တွင် ဖမ်းဆီးရမိသူတရားခံ ၃ ဦးအား လှိုင်သာယာမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သဖြင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။