Skip to main content
ဖခင္ျဖစ္သူက သမီးအရင္း ၂ ဦးအား အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈကုိ သမီးႀကီးက ၉ ႏွစ္အၾကာတြင္ အမႈဖြင့္ 
Ads Block

ဖခင္ျဖစ္သူက သမီးအရင္း ၂ ဦးအား အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈကုိ သမီးႀကီးက ၉ ႏွစ္အၾကာတြင္ အမႈဖြင့္ 

လိႈင္သာယာၿမိဳ႕နယ္တြင္ ဖခင္ျဖစ္သူက သမီးႀကီးအား ကိုယ္၀န္ရရွိေစသည္အထိ အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္သည့္အျပင္ သမီးငယ္ကိုပါ ထပ္မံအဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ ရန္ကုန္ၿမိဳ႕၊ လိႈင္သာယာၿမိဳ႕နယ္၊ ၄ ရပ္ကြက္၊ တပင္ေရႊထီးလမ္းတြင္ေနထိုင္သူ ဦးေက်ာ္စြာၿငိမ္း၊ ၄၇ ႏွစ္သည္ လြန္ခဲ့ေသာ ၂၀၁၀ ခုႏွစ္(ရက္/လမမွတ္မိ)တြင္ ၄င္း၏သားျဖစ္သူ ေက်ာက္ကပ္ေရာဂါေၾကာင့္ ေဆးရံုတက္ေရာက္ေနၿပီးဇနီးျဖစ္သူမွ လူနာလုိက္ေစာင့္ေပးခ်ိန္၌ ၄င္း၏ ၁၄ ႏွစ္အရြယ္သမီးႀကီး(လက္ရွိ ၂၃ ႏွစ္)အား ေနအိမ္၌ အဓမၼျပဳက်င့္ခဲ့ေၾကာင္း သိရသည္။

ဖခင္ျဖစ္သူက သမီးအရင္း ၂ ဦးအား အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈကုိ သမီးႀကီးက ၉ ႏွစ္အၾကာတြင္ အမႈဖြင့္ 


ယင္းေနာက္ပိုင္းတြင္လည္း ေက်ာ္စြာၿငိမ္းက သမီးႀကီးျဖစ္သူအား အႀကိမ္ႀကိမ္ေစာ္ကားျပဳက်င့္ခဲ့ေသာေၾကာင့္ ကိုယ္၀န္တစ္ႀကိမ္ပ်က္က်ဖူးခဲ့ၿပီး ဒုတိယအႀကိမ္တြင္ ကိုယ္၀န္ရရွိခဲ့ကာ လက္ရွိတြင္ ၄ ႏွစ္အရြယ္ေရာက္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။ 
ထို႔အျပင္ မိခင္ျဖစ္သူမွာအင္းစိန္ေဆးရံု၌မီးဖြားေနခ်ိန္ သမီးႀကီးျဖစ္သူမွ လူနာလိုက္ေစာင့္ေပးစဥ္ကလည္း ေနအိမ္တြင္က်န္ရစ္ခဲ့ေသာ ၁၃ ႏွစ္ ၈ လအရြယ္ညီမငယ္ျဖစ္သူကို ဖခင္က ၿခိမ္းေျခာက္ကာ ထပ္မံအဓမၼျပဳက်င့္ခဲ့ေၾကာင္း သိရသည္။ 
အဆိုပါျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ သမီးႀကီးျဖစ္သူ မ---- ၊ ၂၃ ႏွစ္က၂၀၁၉ ခုႏွစ္၊ မတ္လ ၉ ရက္၊ ညေန ၅ နာရီခန္႔တြင္ လိႈင္သာယာၿမိဳ႕မရဲစခန္းသို႔တိုင္ၾကားခဲ့ေၾကာင္း သိရသည္။ 
ထို႔ေၾကာင့္ လိႈင္သာယာၿမိဳ႕မရဲစခန္းက (ပ)၁၃၁၄/၂၀၁၉၊ ပုဒ္မ-(၃၇၆)ျဖင့္ အမႈလက္ခံေပးခဲ့ကာ ျပစ္မႈက်ဴးလြန္သူ ေက်ာ္စြာၿငိမ္း(၄၇)ႏွစ္၊ က်ဘမ္းလုပ္ကိုင္သူကို ဖမ္းဆီးရမိေရး ေဆာင္ရြက္ေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိ သတင္းဌာန)

 

Unicode version

ဖခင်ဖြစ်သူက သမီးအရင်း ၂ ဦးအား အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုကို သမီးကြီးက ၉ နှစ်အကြာတွင် အမှုဖွင့် 
လှိုင်သာယာမြို့နယ်တွင် ဖခင်ဖြစ်သူက သမီးကြီးအား ကိုယ်ဝန်ရရှိစေသည်အထိ အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့်အပြင် သမီးငယ်ကိုပါ ထပ်မံအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၄ ရပ်ကွက်၊ တပင်ရွှေထီးလမ်းတွင်နေထိုင်သူ ဦးကျော်စွာငြိမ်း၊ ၄၇ နှစ်သည် လွန်ခဲ့သော ၂၀၁၀ ခုနှစ်(ရက်/လမမှတ်မိ)တွင် ၎င်း၏သားဖြစ်သူ ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတက်ရောက်နေပြီးဇနီးဖြစ်သူမှ လူနာလိုက်စောင့်ပေးချိန်၌ ၎င်း၏ ၁၄ နှစ်အရွယ်သမီးကြီး(လက်ရှိ ၂၃ နှစ်)အား နေအိမ်၌ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက်ပိုင်းတွင်လည်း ကျော်စွာငြိမ်းက သမီးကြီးဖြစ်သူအား အကြိမ်ကြိမ်စော်ကားပြုကျင့်ခဲ့သောကြောင့် ကိုယ်ဝန်တစ်ကြိမ်ပျက်ကျဖူးခဲ့ပြီး ဒုတိယအကြိမ်တွင် ကိုယ်ဝန်ရရှိခဲ့ကာ လက်ရှိတွင် ၄ နှစ်အရွယ်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။ 
ထို့အပြင် မိခင်ဖြစ်သူမှာအင်းစိန်ဆေးရုံ၌မီးဖွားနေချိန် သမီးကြီးဖြစ်သူမှ လူနာလိုက်စောင့်ပေးစဉ်ကလည်း နေအိမ်တွင်ကျန်ရစ်ခဲ့သော ၁၃ နှစ် ၈ လအရွယ်ညီမငယ်ဖြစ်သူကို ဖခင်က ခြိမ်းခြောက်ကာ ထပ်မံအဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ 
အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ သမီးကြီးဖြစ်သူ မ---- ၊ ၂၃ နှစ်က၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်၊ ညနေ ၅ နာရီခန့်တွင် လှိုင်သာယာမြို့မရဲစခန်းသို့တိုင်ကြားခဲ့ကြောင်း သိရသည်။ 
ထို့ကြောင့် လှိုင်သာယာမြို့မရဲစခန်းက (ပ)၁၃၁၄/၂၀၁၉၊ ပုဒ်မ-(၃၇၆)ဖြင့် အမှုလက်ခံပေးခဲ့ကာ ပြစ်မှုကျူးလွန်သူ ကျော်စွာငြိမ်း(၄၇)နှစ်၊ ကျဘမ်းလုပ်ကိုင်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။