Skip to main content
ငါးပူတင္း ခ်က္စားရာမွ ကေလး ၂ ဦးေသဆုံးကာ ၄ ဦးေဆး႐ုံ တင္ထားရ
Ads Block

ငါးပူတင္း ခ်က္စားရာမွ ကေလး ၂ ဦးေသဆုံးကာ ၄ ဦးေဆး႐ုံ တင္ထားရ

ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕နယ္တြင္ မိသားစုတစ္စု  ငါးပူတင္းခ်က္စားရာမွ ကေလး ၂ဦးေသဆုံးကာ ၄ ဦးေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
မတ္လ ၁၁ ရက္ ေန႔လည္ပိုင္းက ဘုန္းႀကီးကုန္း ေက်း႐ြာအုပ္စုေန ေစာဂ်င္းဘတ္ႏွင့္ ေနာ္ဆားေစ အပါအဝင္ မိသားစုဝင္ ၆ ဦးသည္ ငါးပူတင္းခ်က္စားမိရာမွ ၅ ႏွစ္သားႏွင့္ ၁၂ ႏွစ္သား ေယာက်ၤားေလး ၂ ဦးေသဆုံးၿပီး က်န္မိသားစုဝင္ ၄ ဦးကို တာဝန္ရွိသူမ်ားက ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။

ငါးပူတင္း ခ်က္စားရာမွ ကေလး ၂ ဦးေသဆုံးကာ ၄ ဦးေဆး႐ုံ တင္ထားရ


ငါးပူတင္းငါးကို မနက္ ၉ နာရီခန႔္က ခ်က္ျပဳတ္စားေသာက္ခဲ့ျခင္းျဖစ္ၿပီး ေန႔လည္ပိုင္းတြင္ မူးေဝေအာ့အန္ကာ ၅ ႏွစ္အ႐ြယ္ ကေလးတစ္ဦးႏွင့္ ၁၂ ႏွစ္အ႐ြယ္ ကေလးတစ္ဦး ေဆး႐ုံမေရာက္ခင္လမ္းတြင္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
က်န္မိသားစုဝင္ ၄ ဦးကို ညေန ၆ နာရီေက်ာ္တြင္ လပြတၱာ ၃ မိုင္ ကုတင္ ၂၀၀ ေဆး႐ုံကိုပို႔ ထားရၿပီး ဖခင္ျဖစ္ သူမွာ သတိလစ္ေနေၾကာင္း သိရသည္။
"ငါးပူတင္းမွာ ငါးပူတင္းအၾကား၊ ငါးပူတင္း အဝါ စေသာ မ်ိဳးစုံရွိပါတယ္၊ ငါးဗူးတင္းငါးကို ဟင္းအျဖစ္ ခ်က္စား မယ္ ဆိုရင္ ငါးခုတ္ထစ္တဲ့ ေနရာမွာ သည္းေခ်မေပါက္ဖို႔ အေရးႀကီးပါတယ္၊ ေနာက္တစ္ခုက ငါးပူတင္းရဲ႕ ဝမ္း ပိုက္မွာရွိတဲ့ အဆူးေတြ ကိုဖယ္ၿပီး ခ်က္စားဖို႔ အေရးႀကီးပါတယ္၊ ငါးပူးတင္းငါး ကိုခုတ္ေနရင္းသည္းေခ် ေပါက္ သြားၿပီး အဲဒီ သည္းေခ်အရည္နဲ႔ ထိမိသြားတဲ့ ငါးပူတင္းအသားကို စားမိရင္လည္း ေသတယ္လို႔ '' ဟု ေျမာင္းျမ ၿမိဳ႕ မွ ဦးအုန္းဆိုသူက ေျပာျပသည္။
ဖခင္ျဖစ္သူမွာ လယ္ကြင္းမ်ားတြင္ ပိုက္ပိတ္၍ ငါးရွာသည့္အလုပ္ လုပ္ကိုင္သူျဖစ္ၿပီး ဘဝင္းပိုက္အတြင္းမွ မိ သည့္ ငါးပူတင္း အစိမ္းၾကားကြက္ (၈)ေကာင္အား ဟင္းခ်က္စားေသာက္ မိရာမွ အဆိပ္သင့္ကာ ယခုကဲ့သို႔ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

- ေက်ာ္စိုးမိုး၊ ဘိုဘို(အကုန္သိ သတင္းဌာန)


Unicode version

ငါးပူတင်း ချက်စားရာမှ ကလေး ၂ ဦးသေဆုံးကာ ၄ ဦးဆေးရုံ တင်ထားရ
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် မိသားစုတစ်စု  ငါးပူတင်းချက်စားရာမှ ကလေး ၂ဦးသေဆုံးကာ ၄ ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၁၁ ရက် နေ့လည်ပိုင်းက ဘုန်းကြီးကုန်း ကျေးရွာအုပ်စုနေ စောဂျင်းဘတ်နှင့် နော်ဆားစေ အပါအဝင် မိသားစုဝင် ၆ ဦးသည် ငါးပူတင်းချက်စားမိရာမှ ၅ နှစ်သားနှင့် ၁၂ နှစ်သား ယောင်္ကျားလေး ၂ ဦးသေဆုံးပြီး ကျန်မိသားစုဝင် ၄ ဦးကို တာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ငါးပူတင်းငါးကို မနက် ၉ နာရီခန့်က ချက်ပြုတ်စားသောက်ခဲ့ခြင်းဖြစ်ပြီး နေ့လည်ပိုင်းတွင် မူးဝေအော့အန်ကာ ၅ နှစ်အရွယ် ကလေးတစ်ဦးနှင့် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ဆေးရုံမရောက်ခင်လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်မိသားစုဝင် ၄ ဦးကို ညနေ ၆ နာရီကျော်တွင် လပွတ္တာ ၃ မိုင် ကုတင် ၂၀၀ ဆေးရုံကိုပို့ ထားရပြီး ဖခင်ဖြစ် သူမှာ သတိလစ်နေကြောင်း သိရသည်။
"ငါးပူတင်းမှာ ငါးပူတင်းအကြား၊ ငါးပူတင်း အဝါ စသော မျိုးစုံရှိပါတယ်၊ ငါးဗူးတင်းငါးကို ဟင်းအဖြစ် ချက်စား မယ် ဆိုရင် ငါးခုတ်ထစ်တဲ့ နေရာမှာ သည်းချေမပေါက်ဖို့ အရေးကြီးပါတယ်၊ နောက်တစ်ခုက ငါးပူတင်းရဲ့ ဝမ်း ပိုက်မှာရှိတဲ့ အဆူးတွေ ကိုဖယ်ပြီး ချက်စားဖို့ အရေးကြီးပါတယ်၊ ငါးပူးတင်းငါး ကိုခုတ်နေရင်းသည်းချေ ပေါက် သွားပြီး အဲဒီ သည်းချေအရည်နဲ့ ထိမိသွားတဲ့ ငါးပူတင်းအသားကို စားမိရင်လည်း သေတယ်လို့ '' ဟု မြောင်းမြ မြို့ မှ ဦးအုန်းဆိုသူက ပြောပြသည်။
ဖခင်ဖြစ်သူမှာ လယ်ကွင်းများတွင် ပိုက်ပိတ်၍ ငါးရှာသည့်အလုပ် လုပ်ကိုင်သူဖြစ်ပြီး ဘဝင်းပိုက်အတွင်းမှ မိ သည့် ငါးပူတင်း အစိမ်းကြားကွက် (၈)ကောင်အား ဟင်းချက်စားသောက် မိရာမှ အဆိပ်သင့်ကာ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင် ဖြစ်ကြောင်း သိရသည်။

- ကျော်စိုးမိုး၊ ဘိုဘို(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။