Skip to main content
တနသၤာရီတုိင္း၀န္ႀကီးခ်ဳပ္ကို အဂတိလုိက္စားမႈျဖင့္အေရးယူျခင္းေၾကာင့္ အစုိးရအဖြဲ႔အား ျပည္သူမွ ပုိမုိယုံၾကည္ကိုးစားလာဟု ဆို 
Ads Block

တနသၤာရီတုိင္း၀န္ႀကီးခ်ဳပ္ကို အဂတိလုိက္စားမႈျဖင့္အေရးယူျခင္းေၾကာင့္ အစုိးရအဖြဲ႔အား ျပည္သူမွ ပုိမုိယုံၾကည္ကိုးစားလာဟု ဆို 

တနသၤာရီတုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္အားအဂတိလုိက္စားမႈျဖင့္အေရးယူလုိက္ေသာေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ အစုိးရအဖြဲ႔အား ျပည္သူလူထုမွ ပုိမုိယုံၾကည္ကုိးစားလာေၾကာင္း NLD ပါတီဗဟုိျပန္ၾကားေရးေကာ္မတီမွအတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္ကေျပာသည္။
မတ္လ ၁၁ ရက္၌ အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။  
“ အဂတိကိစၥနဲ႔ပတ္သတ္လုိ႔ေရာ၊ လူမႈေဖာက္ျပန္တာနဲ႔ပတ္သတ္လုိ႔ေရာ အစုိးရမျဖစ္ခင္ ေဒၚစုက ေျပာထားတယ္ေလ။ လႊတ္ေတာ္ကုိယ္စားလွယ္အားလုံးကုိ ဒီကိစၥေတြျဖစ္လာရင္လက္မခံဘူး။ ျပတ္ျပတ္သားသား အေရးယူမယ္ဆုိတာေစာေစာကတည္းက ေဒၚစုကႀကဳိေျပာထားတယ္။ အခုကိစၥက ဟုိးေလးတေက်ာ္ေက်ာ္ျဖစ္တယ္။ေနာက္ခရီးစဥ္မွာအားလုံးကေျပာတယ္။ အစပထမတုန္းကေတာ့ ျပည္သူလူထုကထင္တာေပါ့ေလ။ တုိင္စာေတြလည္းေပးတယ္။ ဘာမွျဖစ္မလာဘူးလား။ သုိ႔ေလာသုိ႔ေလာေပါ့။ အခုေတာ့ အဲဒီဟာကမေန႔ညက စအေကာင္အထည္ေဖာ္ေတာ့ စုံစမ္းတယ္။အေရးယူတယ္ျဖစ္လာတယ္။ ဒီလုိအေရးယူလုိက္တာဟာေဒၚစုနဲ႔ အစုိးရကုိျပည္သူလူထုကပုိၿပီးယုံၾကည္ကုိးစားလာတယ္’’ ဟု NLD ပါတီဗဟုိျပန္ၾကားေရးေကာ္မတီမွအတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္ကေျပာသည္။
၂၀၁၅ ခုႏွစ္၊ ပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲအၿပိးတြင္ NLDပါတီမွ ဆႏၵမဲထက္၀က္ေက်ာ္ျဖင့္ ေရြးေကာက္ပြဲတြင္အႏုိင္ရရွိခဲ့ၿပီး လႊတ္ေတာ္ကုိယ္စားလွယ္မ်ားအား အဂတိႏွင့္ပတ္သတ္၍ ခြင့္မလႊတ္ေၾကာင္း၊ ပါတီ၀င္ျဖစ္၍ ေထာင္၀င္စာေတာ့လာေတြ႔ႏုိင္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ကေျပာၾကားခဲ့သည္။
တနသၤာရီတုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ေဒါက္တာလဲ့လဲ့ေမာ္အား အဂတိလုိက္စားမႈအပါအ၀င္ ၄င္း၏ တူမျဖစ္သူအား ကုိယ္ေရးအရာရွိခန္႔အပ္ထားမႈတုိ႔ႏွင့္ပတ္သက္၍ ေဒသခံမ်ားႏွင့္ ကုိယ္စားလွယ္မ်ားမွ တုိင္တန္းမႈမ်ားရွိခဲ့၍ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္မွ စုံစမ္းစစ္ေဆးကာ မတ္လ ၁၀ ရက္၊ ညပုိင္းတြင္ အေရးယူလုိက္ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။ 

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုဖြင့်အရေးယူခြင်းကြောင့် အစိုးရအဖွဲ့အား ပြည်သူမှ ပိုမိုယုံကြည်ကိုးစားလာဟု ဆို 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အားအဂတိလိုက်စားမှုဖြင့်အရေးယူလိုက်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့အား ပြည်သူလူထုမှ ပိုမိုယုံကြည်ကိုးစားလာကြောင်း NLD ပါတီဗဟိုပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး မုံရွာဦးအောင်ရှင်ကပြောသည်။
မတ်လ ၁၁ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။  
“ အဂတိကိစ္စနဲ့ပတ်သတ်လို့ရော၊ လူမှုဖောက်ပြန်တာနဲ့ပတ်သတ်လို့ရော အစိုးရမဖြစ်ခင် ဒေါ်စုက ပြောထားတယ်လေ။ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ဒီကိစ္စတွေဖြစ်လာရင်လက်မခံဘူး။ ပြတ်ပြတ်သားသား အရေးယူမယ်ဆိုတာစောစောကတည်းက ဒေါ်စုကကြိုပြောထားတယ်။ အခုကိစ္စက ဟိုးလေးတကျော်ကျော်ဖြစ်တယ်။နောက်ခရီးစဉ်မှာအားလုံးကပြောတယ်။ အစပထမတုန်းကတော့ ပြည်သူလူထုကထင်တာပေါ့လေ။ တိုင်စာတွေလည်းပေးတယ်။ ဘာမှဖြစ်မလာဘူးလား။ သို့လောသို့လောပေါ့။ အခုတော့ အဲဒီဟာကမနေ့ညက စအကောင်အထည်ဖော်တော့ စုံစမ်းတယ်။အရေးယူတယ်ဖြစ်လာတယ်။ ဒီလိုအရေးယူလိုက်တာဟာဒေါ်စုနဲ့ အစိုးရကိုပြည်သူလူထုကပိုပြီးယုံကြည်ကိုးစားလာတယ်’’ ဟု NLD ပါတီဗဟိုပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး မုံရွာဦးအောင်ရှင်ကပြောသည်။
၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြိးတွင် NLDပါတီမှ ဆန္ဒမဲထက်ဝက်ကျော်ဖြင့် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များအား အဂတိနှင့်ပတ်သတ်၍ ခွင့်မလွှတ်ကြောင်း၊ ပါတီဝင်ဖြစ်၍ ထောင်ဝင်စာတော့လာတွေ့နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုအပါအဝင် ၎င်း၏ တူမဖြစ်သူအား ကိုယ်ရေးအရာရှိခန့်အပ်ထားမှုတို့နှင့်ပတ်သက်၍ ဒေသခံများနှင့် ကိုယ်စားလှယ်များမှ တိုင်တန်းမှုများရှိခဲ့၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးကာ မတ်လ ၁၀ ရက်၊ ညပိုင်းတွင် အရေးယူလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။