Skip to main content
သားျဖစ္သူက မိေထြး၏ လက္ေကာက္၀တ္ႏွစ္ဖက္အျပင္ လည္ဂုတ္ကိုပါ ဓားျဖင့္ခုတ္ျဖတ္သတ္မႈ ျဖစ္ပြား 
Ads Block

သားျဖစ္သူက မိေထြး၏ လက္ေကာက္၀တ္ႏွစ္ဖက္အျပင္ လည္ဂုတ္ကိုပါ ဓားျဖင့္ခုတ္ျဖတ္သတ္မႈ ျဖစ္ပြား 

တနသၤာရီတိုင္းေဒသႀကီး၊ တနသၤာရီၿမိဳ႕တြင္ သားျဖစ္သူက မိေထြးျဖစ္သူအား ေျမယာကိစၥအျငင္းပြားမႈႏွင့္ ပတ္သက္၍အၿငိဳးထားၿပီး ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ မတ္လ ၁၀ ရက္၊ နံနက္ပိုင္းက တမုတ္ခ်ဳံးေက်းရြာအုပ္စု၊ ေရျဖဴေက်းရြာတြင္ေနထိုင္ေသာ ေဒၚရီရီခ်ိဳ (ခ) မံႈေရႊရည္၊ (၄၆)ႏွစ္မွာ ေနအိမ္အနီး ေခ်ာင္းနံေဘးရွိ ကြမ္းသီးပ်ိဳးတဲ၌ ပ်ိဳးပင္မ်ားထုပ္ပိုးေနစဥ္ ခင္ပြန္းသည္၏သားျဖစ္သူ ထြန္းမင္းႏိုင္(ခ)အႀကီးေကာင္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။ 
ယင္းေနာက္ ထြန္းမင္းႏိုင္သည္ ေဒၚရီရီခ်ိဳအား အသင့္ပါလာေသာဓားျဖင့္ခုတ္ရာ ေတာင္းပန္သည့္ၾကားမွ ေဒၚရီရီခ်ိဳ၏ လက္ေကာက္၀တ္ႏွစ္ဖက္လံုးကို ခုတ္ျဖတ္သည့္အျပင္ ဦးေခါင္းႏွင့္ ေမးေစ့အထက္ရွိ လည္ဂုတ္ကိုပါ ခုတ္ထစ္သတ္ျဖတ္သြားျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
“ေသဆံုးသူကေတာ့ တရားခံအႀကီးေကာင္။ ဖခင္ရဲ႕တတိယေျမာက္ဇနီး၊ မိေထြးလို႔သိရတယ္။ တရားခံရဲ႕ ဖခင္မွာ မိန္းမ ၃ ေယာက္ရွိတဲ့သေဘာေပါ့။ တရားခံကလည္း ဒုတိယေျမာက္ဇနီးရဲ႕သားျဖစ္ပါတယ္။ အရင္ကေျမယာကိစၥနဲ႔ ရန္ၿငွိဳးေတြရွိခဲ့ၾကတယ္။ အခင္းျဖစ္ေနခ်ိန္မွာ တရားခံရဲ႕လက္ထဲမွာ ေသနတ္လည္း ပါတယ္။ ဒါေပမဲ့ ဓားနဲ႔ပဲရက္ရက္စက္စက္သတ္သြားတာပါ။ ၃/၄ ခ်က္ေလာက္ ခုတ္သတ္လိုက္တယ္လုိ႔ သိရပါတယ္။ တရားခံကိုလည္းဖမ္းဆီးႏိုင္ပါတယ္” ဟု တနသၤာရီၿမိဳ႕နယ္ရဲတပ္ဖြဲ႔ရံုးမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
ယင္းအတြက္ေၾကာင့္ ျပစ္မႈက်ဴးလြန္သည့္ ထြန္းမင္းနိုင္(ခ)အႀကီးေကာင္(၃၂)ႏွစ္ကို ဖမ္းဆီးကာ ပုဒ္မ-၃၀၂ အျပင္ လက္နက္မႈပုဒ္မ-၁၉(စ)တို႔ျဖင့္ တနသၤာရီၿမိဳ႕မရဲစခန္း၌ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိ သတင္းဌာန)

Unicode version

သားဖြစ်သူက မိထွေး၏ လက်ကောက်ဝတ်နှစ်ဖက်အပြင် လည်ဂုတ်ကိုပါ ဓားဖြင့်ခုတ်ဖြတ်သတ်မှု ဖြစ်ပွား 
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် သားဖြစ်သူက မိထွေးဖြစ်သူအား မြေယာကိစ္စအငြင်းပွားမှုနှင့် ပတ်သက်၍အငြိုးထားပြီး ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ မတ်လ ၁၀ ရက်၊ နံနက်ပိုင်းက တမုတ်ချုံးကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင်နေထိုင်သော ဒေါ်ရီရီချို (ခ) မှုံရွှေရည်၊ (၄၆)နှစ်မှာ နေအိမ်အနီး ချောင်းနံဘေးရှိ ကွမ်းသီးပျိုးတဲ၌ ပျိုးပင်များထုပ်ပိုးနေစဉ် ခင်ပွန်းသည်၏သားဖြစ်သူ ထွန်းမင်းနိုင်(ခ)အကြီးကောင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 
ယင်းနောက် ထွန်းမင်းနိုင်သည် ဒေါ်ရီရီချိုအား အသင့်ပါလာသောဓားဖြင့်ခုတ်ရာ တောင်းပန်သည့်ကြားမှ ဒေါ်ရီရီချို၏ လက်ကောက်ဝတ်နှစ်ဖက်လုံးကို ခုတ်ဖြတ်သည့်အပြင် ဦးခေါင်းနှင့် မေးစေ့အထက်ရှိ လည်ဂုတ်ကိုပါ ခုတ်ထစ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
“သေဆုံးသူကတော့ တရားခံအကြီးကောင်။ ဖခင်ရဲ့တတိယမြောက်ဇနီး၊ မိထွေးလို့သိရတယ်။ တရားခံရဲ့ ဖခင်မှာ မိန်းမ ၃ ယောက်ရှိတဲ့သဘောပေါ့။ တရားခံကလည်း ဒုတိယမြောက်ဇနီးရဲ့သားဖြစ်ပါတယ်။ အရင်ကမြေယာကိစ္စနဲ့ ရန်ငြှိုးတွေရှိခဲ့ကြတယ်။ အခင်းဖြစ်နေချိန်မှာ တရားခံရဲ့လက်ထဲမှာ သေနတ်လည်း ပါတယ်။ ဒါပေမဲ့ ဓားနဲ့ပဲရက်ရက်စက်စက်သတ်သွားတာပါ။ ၃/၄ ချက်လောက် ခုတ်သတ်လိုက်တယ်လို့ သိရပါတယ်။ တရားခံကိုလည်းဖမ်းဆီးနိုင်ပါတယ်” ဟု တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်သည့် ထွန်းမင်းနိုင်(ခ)အကြီးကောင်(၃၂)နှစ်ကို ဖမ်းဆီးကာ ပုဒ်မ-၃၀၂ အပြင် လက်နက်မှုပုဒ်မ-၁၉(စ)တို့ဖြင့် တနင်္သာရီမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။