Skip to main content
ေရျဖဴၿမိဳ႕နယ္၊ နဘူလယ္တြင္ ဆင္တုပ္ေကြးေရာဂါျဖစ္ပြားေနဟု ဆို 
Ads Block

ေရျဖဴၿမိဳ႕နယ္၊ နဘူလယ္တြင္ ဆင္တုပ္ေကြးေရာဂါျဖစ္ပြားေနဟု ဆို 

တနသၤာရီတုိင္းေဒသႀကီး၊ ထား၀ယ္ခရုိင္၊ ေရျဖဴၿမိဳ႕နယ္၊ နဘူလယ္တြင္ မတ္တပ္မရပ္ႏိုင္သည္အထိ ျပင္းထန္ေသာ ဆင္တုပ္ေကြးေရာဂါျဖစ္ပြားေနေၾကာင္း ေရျဖဴၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ ၁ မွ တုိင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွေထြးေျပာျပခ်က္အရ သိရသည္။ 
မတ္လ ၁၁ ရက္၌ အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ အတည္ျပဳေျဖၾကားျခင္း ျဖစ္သည္။ 
“လဆန္းက စျဖစ္ေနတာလုိ႔သိရတယ္။ ေရနက္ဆိပ္ကမ္းဘက္၊ နဘူလယ္ဘက္မွာေပါ့။ ဆင္တုပ္ေကြးဆုိေပမဲ့ အဲဒီဘက္မွာဆင္မရွိပါဘူး။ ပင္လယ္နဲ႔နီးတယ္။ သူတုိ႔ျဖစ္တဲ့သူေတြကေတာ့ အဲဒီဘက္မွာ က်န္းမာေရးမွဴးေတြလည္းရွိတယ္။ ေနာက္ထား၀ယ္ေဆးရုံ၊ ေရျဖဴေဆးရုံလည္းရွိတယ္။ ျဖစ္တဲ့သူေတြက ဖ်ားတယ္။ဖ်ားတာမွ မတ္တပ္ရပ္လုိ႔မရဘူး။ေလးဘက္ေထာက္သြားရတယ္လုိ႔ဆုိတယ္။ လက္ရွိမွာေတာ့ ျဖစ္ပြားတာကုိထိန္းထားႏုိင္တယ္တူတယ္။ထပ္ၿပီး ကြ်န္ေတာ့္ကုိသတင္းပုိ႔တာမရွိေသးဘူး’’ ဟု ေရျဖဴၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ ၁ မွ တုိင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွေထြးက ေျပာသည္။
ဆင္တုတ္ေကြးသည္ အဖ်ားေရာဂါတစ္မ်ိဳးျဖစ္ၿပီး ျခင္မွတစ္ဆင့္ ကူးစက္တတ္သည့္ေရာဂါျဖစ္ကာ ေရာဂါလကၡဏာမ်ားမွာအဖ်ားႀကီးျခင္း၊ကုိယ္လက္မ်ားကုိက္ခဲျခင္း၊ ခႏၶာကုိယ္တြင္ အနီကြက္မ်ား ေပၚလာျခင္းတို႔ ျဖစ္ပြားေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ ၂၀၀၀ ခုႏွစ္အေက်ာ္ကလည္း တနသၤာရီတုိင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕တြင္ ဆပ္တုပ္ေကြးေရာဂါ ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။ 

- မင္းသီဟန္(အကုန္သိ သတင္းဌာန)


Unicode version

ရေဖြူမြို့နယ်၊ နဘူလယ်တွင် ဆင်တုပ်ကွေးရောဂါဖြစ်ပွားနေဟု ဆို 
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘူလယ်တွင် မတ်တပ်မရပ်နိုင်သည်အထိ ပြင်းထန်သော ဆင်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း ရေဖြူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးပြောပြချက်အရ သိရသည်။ 
မတ်လ ၁၁ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ အတည်ပြုဖြေကြားခြင်း ဖြစ်သည်။ 
“လဆန်းက စဖြစ်နေတာလို့သိရတယ်။ ရေနက်ဆိပ်ကမ်းဘက်၊ နဘူလယ်ဘက်မှာပေါ့။ ဆင်တုပ်ကွေးဆိုပေမဲ့ အဲဒီဘက်မှာဆင်မရှိပါဘူး။ ပင်လယ်နဲ့နီးတယ်။ သူတို့ဖြစ်တဲ့သူတွေကတော့ အဲဒီဘက်မှာ ကျန်းမာရေးမှူးတွေလည်းရှိတယ်။ နောက်ထားဝယ်ဆေးရုံ၊ ရေဖြူဆေးရုံလည်းရှိတယ်။ ဖြစ်တဲ့သူတွေက ဖျားတယ်။ဖျားတာမှ မတ်တပ်ရပ်လို့မရဘူး။လေးဘက်ထောက်သွားရတယ်လို့ဆိုတယ်။ လက်ရှိမှာတော့ ဖြစ်ပွားတာကိုထိန်းထားနိုင်တယ်တူတယ်။ထပ်ပြီး ကျွန်တော့်ကိုသတင်းပို့တာမရှိသေးဘူး’’ ဟု ရေဖြူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးက ပြောသည်။
ဆင်တုတ်ကွေးသည် အဖျားရောဂါတစ်မျိုးဖြစ်ပြီး ခြင်မှတစ်ဆင့် ကူးစက်တတ်သည့်ရောဂါဖြစ်ကာ ရောဂါလက္ခဏာများမှာအဖျားကြီးခြင်း၊ကိုယ်လက်များကိုက်ခဲခြင်း၊ ခန္ဓာကိုယ်တွင် အနီကွက်များ ပေါ်လာခြင်းတို့ ဖြစ်ပွားကြောင်း သိရသည်။
ပြီးခဲ့သော ၂၀၀၀ ခုနှစ်အကျော်ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ဆပ်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ 

- မင်းသီဟန်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။