Skip to main content
ေခ်ာက္ၿမိဳ႕နယ္တြင္ ဘုရားမီး ပူေဇာ္ရာမွ ေနအိမ္ ၁၃ လံုး မီးေလာင္ကၽြမ္း
Ads Block

ေခ်ာက္ၿမိဳ႕နယ္တြင္ ဘုရားမီး ပူေဇာ္ရာမွ ေနအိမ္ ၁၃ လံုး မီးေလာင္ကၽြမ္း

မေကြးတိုင္းေဒသႀကီး ေခ်ာက္ၿမိဳ႕နယ္ ထိန္ကန္အုပ္စု ဆင္ကေက်းရြာတြင္ ဘုရားမီးပူေဇာ္ရာမွ ေနအိမ္ (၁၃) လုံးမီးေလာင္ကြၽမ္းခဲ့မႈ မတ္လ ၁၀ ရက္ ည ၉ နာရီ ၄၀ မိနစ္ အခ်ိန္ကျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေခ်ာက္ၿမိဳ႕နယ္တြင္ ဘုရားမီး ပူေဇာ္ရာမွ ေနအိမ္ ၁၃ လံုး မီးေလာင္ကၽြမ္း


"ဆင္ကေက်းရြာ အေနာက္ပိုင္းက ဦးရန္ႀကီးေအာင္ရဲ႕ ေနအိမ္မွာ ဘုရားမီးပူေဇာ္ၿပီး ညဥ့္နက္ေတာ့ အိပ္ေပ်ာ္သြားၾကတယ္ထင္တယ္။ သူတို႔ရဲ႕ေနအိမ္ကလည္း ထန္းလက္မိုး ထန္းလက္ကာ အိမ္ျဖစ္တယ္။ မီးပူေဇာ္ထားတဲ့ ဖေယာင္းတိုင္မီးက ထန္းလက္ကိုကူးစက္ေလာင္ကြၽမ္းခဲ့တာပါ"ဟု ေခ်ာက္ၿမိဳ႕နယ္ မီးသတ္ဦးစီးမွဴး ဦးစိုးၫြန္႔က ေျပာသည္။
မီးေလာင္ကၽြမ္းရာသို႔ ေခ်ာက္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာန မီးသတ္ဦးစီးမွဴး ဦးစိုးၫြန္႔အပါအဝင္ မီးသတ္တပ္ဖြဲ႔ဝင္ (၄၈) ဦး၊ ရဲတပ္ဖြဲ႔ဝင္(၂၁)ဦးတို႔ႏွင့္အတူ မီးၿငိမ္းသတ္ယာဥ္(၅)စီး၊ ေရသယ္ယာဥ္(၅)စီးျဖင့္ ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၾကသျဖင့္ ည ၁၀ နာရီခြဲ အခ်ိန္တြင္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။
"မီးကူးစက္ေလာင္ကြၽမ္းမႈေၾကာင့္ ေနအိမ္(၁၃)လံုး ဆံုး႐ံႈးခဲ့ရပါတယ္။ စုစုေပါင္း ဆံုးရံႈးမႈတန္ဖိုး(၄)သိန္း(၉)ေသာင္းဖိုး႐ွိ ပါတယ္" ဟု ဦးစိုးၫြန္႔က ေျပာသည္။
မီးေလာင္ကြၽမ္းမႈေၾကာင့္ မီးေဘးသင့္ အိမ္ေထာင္စု(၁၃)စုတြင္ လူဦးေရ က်ား (၂၃)၊ မ (၂၇) ဦး စုစုေပါင္း (၅၀) ဦးကို ထိန္ကန္အုပ္စု ဆင္ကေက်းရြာ အေ႐ွ႕ဘက္႐ွိ စူဌာမဏိ ေစတီဝန္းအတြင္း ေနရာခ်ထားေပးေရးကို ဆင္ကေက်းရြာအုပ္မွဴး ဦးဘိုႀကီးမွ စီစဥ္ေဆာင္ရြက္ေပးလွ်က္႐ွိေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဆင္ကေက်းရြာမွ ဦးရန္ႀကီးေအာင္ (၆၇) ႏွစ္အား (ပ)၄၂၀/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၂၈၅ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

- သက္ေနာင္ - မင္းလွ(အကုန္သိ သတင္းဌာန)

Unicode version

ချောက်မြို့နယ်တွင် ဘုရားမီး ပူဇော်ရာမှ နေအိမ် ၁၃ လုံး မီးလောင်ကျွမ်း
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ထိန်ကန်အုပ်စု ဆင်ကကျေးရွာတွင် ဘုရားမီးပူဇော်ရာမှ နေအိမ် (၁၃)လုံ မီးလောင်ကျွမ်းခဲ့မှု မတ်လ ၁၀ ရက် ည ၉ နာရီ ၄၀ မိနစ် အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ဆင်ကကျေးရွာ အနောက်ပိုင်းက ဦးရန်ကြီးအောင်ရဲ့ နေအိမ်မှာ ဘုရားမီးပူဇော်ပြီး ညဉ့်နက်တော့ အိပ်ပျော်သွားကြတယ်ထင်တယ်။ သူတို့ရဲ့နေအိမ်ကလည်း ထန်းလက်မိုး ထန်းလက်ကာ အိမ်ဖြစ်တယ်။ မီးပူဇော်ထားတဲ့ ဖယောင်းတိုင်မီးက ထန်းလက်ကိုကူးစက်လောင်ကျွမ်းခဲ့တာပါ"ဟု ချောက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးညွန့်က ပြောသည်။
မီးလောင်ကျွမ်းရာသို့ ချောက်မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးစိုးညွန့်အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် (၄၈) ဦး၊ ရဲတပ်ဖွဲ့ဝင်(၂၁)ဦးတို့နှင့်အတူ မီးငြိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၅)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် ည ၁၀ နာရီခွဲ အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
"မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ်(၁၃)လုံး ဆုံးရှုံးခဲ့ရပါတယ်။ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး(၄)သိန်း(၉)သောင်းဖိုးရှိ ပါတယ်" ဟု ဦးစိုးညွန့်က ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့် အိမ်ထောင်စု(၁၃)စုတွင် လူဦးရေ ကျား (၂၃)၊ မ (၂၇) ဦး စုစုပေါင်း (၅၀) ဦးကို ထိန်ကန်အုပ်စု ဆင်ကကျေးရွာ အရှေ့ဘက်ရှိ စူဌာမဏိ စေတီဝန်းအတွင်း နေရာချထားပေးရေးကို ဆင်ကကျေးရွာအုပ်မှူး ဦးဘိုကြီးမှ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆင်ကကျေးရွာမှ ဦးရန်ကြီးအောင် (၆၇) နှစ်အား (ပ)၄၂၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

- သက်နောင် - မင်းလှ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။