Skip to main content
အလှူငွေကိစ္စနှင့်ပတ်သက်ပြီး စကားများကြရာမှ လူသတ်မှုဖြစ်ပွား 
Ads Block

အလှူငွေကိစ္စနှင့်ပတ်သက်ပြီး စကားများကြရာမှ လူသတ်မှုဖြစ်ပွား 

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်တွင် ၂၁ နှစ်အရွယ်အမျိုးသားက ၅၈ နှစ်အရွယ်အမျိုးသားကို တုတ်ဖြင့်ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ မတ်လ ၁၀ ရက်၊ နေ့လယ် ၁ နာရီခန့်က အင်းတကော်မြို့နယ်၊ နိုင်သာယာကျေးရွာတွင် နေထိုင်သော ဦးလှဦး၊ (၅၈)နှစ်(ရှင်းဟန်ငွေချေးလုပ်ငန်း ကိုယ်စားလှယ်)သည် အမှတ်(၅)ရပ်ကွက်ရှိ ဒေါ်သင်းသင်းခိုင်၏ဈေးဆိုင်သို့ ချေးငွေးများကိုပြန်လည်ကောက်ခံရန်ရောက်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ငွေလက်ခံပြီး ဆိုင်မှပြန်အထွက် ဇင်မင်းကို၊ (၂၁) နှစ်နှင့်ဆုံခဲ့ကြရာ၌ “ငါ့ကို ကရင်ကုန်းရွာသို့ လိုက်ပို့ဦး”ဟူသည့်စကားသံကိုကြားလိုက်ရပြီး ခဏအကြာတွင် ရန်ဖြစ်ကြရာမှ ဦးလှဦးမှာ အရှည် ၂ ပေခွဲခန့်ရှိ တုတ်ဖြင့် အရိုက်ခံရပြီး နောက်စေ့ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ 
ထို့ကြောင့် တုတ်ဖြင့်ရိုက်သူ ဇင်မင်းကိုအားစစ်ဆေးရာ ၄င်းသည် ရန်ကင်းဘုန်းကြီးကျောင်း၏ကပ္ပိယဖြစ်ပြီး သေဆုံးသူ ဦးလှဦးသည် ယခင်က ရန်ရှင်းကျောင်းသို့ဘုန်းကြီးဝတ်ခဲ့စဉ် ရင်နှီးခင်မင်ခဲ့ကြကြောင်း ဆိုသည်။
ယင်းကဲ့သို့ ခင်မင်ချိန်၌ ဦးလှဦးသည် ရန်ရှင်းဘုန်းကြီးကျောင်း တရားပွဲအလှူငွေထည့်ဝင်မည်ဟု ပြောခဲ့သဖြင့် အခင်းဖြစ်ချိန်၌ ဇင်မင်းကိုက ဦးလှဦးအား အလှူငွေမထည့်သေးသည့်ကိစ္စပြောဆိုခဲ့ကြောင်း သိရသည်။ 
ထို့ကြောင့် ဦးလှဦးက ဇင်မင်းကိုအားဆဲဆိုသဖြင့် ဇင်မင်းကိုက ဒေါသထွက်ပြီး ထင်းခွဲရာ၌ အောက်ခံတုံးအဖြစ် သုံးသော သစ်သားချောင်းဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 
ထို့ကြောင့် ဇင်မင်းကိုအား အင်းတကော်နယ်မြေရဲစခန်း၌ (ပ)၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

- ဒါးဇ(အကုန်သိ သတင်းဌာန)

Unicode version

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။