Skip to main content
ေက်ာက္မဲၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးကို အမည္မသိ လူ ၃ ဦးက ေသနတ္ျဖင့္ ပစ္သတ္မႈျဖစ္ပြား
Ads Block

ေက်ာက္မဲၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးကို အမည္မသိ လူ ၃ ဦးက ေသနတ္ျဖင့္ ပစ္သတ္မႈျဖစ္ပြား

ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕၌ ဆက္ေၾကးမေပးသည့္ အမ်ိဳးသားတစ္ေယာက္ကို အမည္မသိလူ ၃ ဦးက ဆိုင္ကယ္တစ္စီးျဖင့္ စီးနင္းလာကာ ေသနတ္ျဖင့္ ပစ္သတ္သြားသည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မတ္လ ၁၀ ရက္၊ ည ၈ နာရီခန္႔တြင္ ေက်ာက္မဲၿမိဳ႕၊ ေနာင္ပိန္ေက်းရြာတြင္ လူတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ျခင္းခံရ ေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႔၀င္မ်ားက သြားေရာက္စစ္ေဆးခဲ့ၾကရာ ေသဆံုးသူမွာ အသက္ ၃၅ ႏွစ္ရွိ သန္းေဇာ္ေထြး (ခ) အိုက္ပီးျဖစ္ေၾကာင္း သိရသည္။
ေသဆံုးသူမွာ ညာရင္အံု က်ည္ေဖာက္ထြက္ဒဏ္ရာ၊ ၀မ္းဗိုက္ေအာက္ ေဖာက္ထြက္ဒဏ္ရာတို႔ျဖင့္ ေသဆံုးေနျခင္းျဖစ္ေၾကာင္း ရဲတပ္ဖဲြ႔ထံမွ သိရသည္။
စစ္ေဆးေမးျမန္းခ်က္အရ အမည္မသိ ရွမ္းေဘာင္းဘီ၀တ္ဆင္ထားသည့္ လူ ၃ ဦးမွာ ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာၿပီး ေသ နတ္ျဖင့္ ပစ္သတ္သြားကာ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္းသိရွိရသျဖင့္ အေလာင္းကို ရင္ခြဲရံုသို႔ တင္ပို႔ေပးခဲ့ေၾကာင္း သိရသည္။
ေသဆံုးသူမွာ ယခင္က ကြ်ဲ/ႏြားမ်ား ေမွာင္ခိုေရာင္း၀ယ္သည့္ စီးပြားေရးျပဳလုပ္သူျဖစ္ၿပီး SSA (ရြက္ဆစ္) လက္နက္ကိုင္အဖဲြ႔ကို ဆက္ေၾကးမ်ား ေပးရန္ရွိသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ မွတ္တမ္းအရ သိရၿပီး လက္ရိွတြင္ အမႈႏွင့္ပတ္သက္၍ ေနာင္ပိန္နယ္ ေျမရဲ စခန္း၌ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

- ဒါးဇ(အကုန္သိ သတင္းဌာန)


Unicode version

ကျောက်မဲမြို့နယ်တွင် အမျိုးသားတစ်ဦးကို အမည်မသိ လူ ၃ ဦးက သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ ဆက်ကြေးမပေးသည့် အမျိုးသားတစ်ယောက်ကို အမည်မသိလူ ၃ ဦးက ဆိုင်ကယ်တစ်စီးဖြင့် စီးနင်းလာကာ သေနတ်ဖြင့် ပစ်သတ်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၀ ရက်၊ ည ၈ နာရီခန့်တွင် ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာတွင် လူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခြင်းခံရ ကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြရာ သေဆုံးသူမှာ အသက် ၃၅ နှစ်ရှိ သန်းဇော်ထွေး (ခ) အိုက်ပီးဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ ညာရင်အုံ ကျည်ဖောက်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်အောက် ဖောက်ထွက်ဒဏ်ရာတို့ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
စစ်ဆေးမေးမြန်းချက်အရ အမည်မသိ ရှမ်းဘောင်းဘီဝတ်ဆင်ထားသည့် လူ ၃ ဦးမှာ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေ နတ်ဖြင့် ပစ်သတ်သွားကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် အလောင်းကို ရင်ခွဲရုံသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ယခင်က ကျွဲ/နွားများ မှောင်ခိုရောင်းဝယ်သည့် စီးပွားရေးပြုလုပ်သူဖြစ်ပြီး SSA (ရွက်ဆစ်) လက်နက်ကိုင်အဖွဲ့ကို ဆက်ကြေးများ ပေးရန်ရှိသူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရပြီး လက်ရှိတွင် အမှုနှင့်ပတ်သက်၍ နောင်ပိန်နယ် မြေရဲ စခန်း၌ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။