Skip to main content
ပခန္းကိုႀကီးေက်ာ္ ေရႊကူနီနတ္ပြဲမွအျပန္ လူတစ္ဦး ႐ုတ္တရက္ေသဆံုး
Ads Block

ပခန္းကိုႀကီးေက်ာ္ ေရႊကူနီနတ္ပြဲမွအျပန္ လူတစ္ဦး ႐ုတ္တရက္ေသဆံုး

မေကြးတိုင္းေဒသႀကီး ေရစႀကိဳၿမိဳ႕နယ္ နန္းဦးအုပ္စု ထန္းေတာ ေရႊကူနီ ပခန္းကိုႀကီးေက်ာ္နတ္ပြဲမွအျပန္ ခ်င္းတြင္းျမစ္အေ႐ွ႕ဘက္ ကတို႔ဆိပ္၌ လူတစ္ဦး႐ုတ္တရက္ ေသဆံုးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မတ္လ ၁၀ ရက္ ေန႔လယ္ ၁၂ နာရီခြဲ အခ်ိန္ခန္႔က ေရစႀကိဳၿမိဳ႕နယ္ ပခန္းကိုႀကီးေက်ာ္ ေရႊကူနီနတ္ပြဲ သို႔ လာေရာက္ခဲ့သည့္ ဒဂံုၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕နယ္၊ ေလးေဒါင့္ကန္ ရဲစခန္း၀င္းအတြင္းေနထိုင္သူ ဦးေပ်ာ့ အသက္ ၇၅ ႏွစ္ခန္႔ (ဘ) ဦးထြန္းရင္ မွီခိုသည္ ပဲခူးတိုင္းအတြင္းမွ ၄င္း၏ အသိမိတ္ေဆြမ်ားႏွင့္အတူ ပခန္း ကိုႀကီးေက်ာ္နတ္ပြဲမွအျပန္ ခ်င္းတြင္းျမစ္အေ႐ွ႕ဘက္ ကူးတို႔ဆိပ္တြင္႐ုတ္တရက္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။
ေသဆံုးသူ ဦးေပ်ာ့အား ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ ေရစႀကိဳၿမိဳ႕နယ္ေဆးရံုသို႔ပို႔ေဆာင္၍ ပခန္းႀကီးနယ္ေျမရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္ ၁/၂၀၁၉ ျဖင့္ အမႈဖြင့္ ဆက္လ်က္စစ္ေဆး ေဆာက္ရြက္လ်က္႐ွိေၾကာင္း သိရသည္။

ပခန္းကိုႀကီးေက်ာ္ ေရႊကူနီနတ္ပြဲမွအျပန္ လူတစ္ဦး ႐ုတ္တရက္ေသဆံုး

အဆိုပါေသဆံုးသူအား ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း ေရစႀကိဳၿမိဳ႕နယ္ၾကက္ေျခနီအသင္းခြဲမွ ဦးေက်ာ္ေက်ာ္ခိုင္ ဦးေဆာင္ေသာ ၾကက္ေျခနီတပ္ဖြဲ႔၀င္မ်ား၊ ရဲတပ္ဖြဲ႔၀င္မ်ား၊ ေရစႀကိဳၿမိဳ႕နယ္ ျဖဴစင္လူမႈကူညီေရးကားျဖင့္ ရန္ကုန္ သို႔ ကူညီပို႔ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

 - ထိန္လင္း - ေရစႀကိဳ(အကုန္သိသတင္းဌာန)

Unicode version

ပခန်းကိုကြီးကျော် ရွှေကူနီနတ်ပွဲမှအပြန် လူတစ်ဦး ရုတ်တရက်သေဆုံး

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် နန်းဦးအုပ်စု ထန်းတော ရွှေကူနီ ပခန်းကိုကြီးကျော်နတ်ပွဲမှအပြန် ချင်းတွင်းမြစ်အရှေ့ဘက် ကတို့ဆိပ်၌ လူတစ်ဦးရုတ်တရက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က ရေစကြိုမြို့နယ် ပခန်းကိုကြီးကျော် ရွှေကူနီနတ်ပွဲ သို့ လာရောက်ခဲ့သည့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ လေးဒေါင့်ကန် ရဲစခန်းဝင်းအတွင်းနေထိုင်သူ ဦးပျော့ အသက် ၇၅ နှစ်ခန့် (ဘ) ဦးထွန်းရင် မှီခိုသည် ပဲခူးတိုင်းအတွင်းမှ ၎င်း၏ အသိမိတ်ဆွေများနှင့်အတူ ပခန်း ကိုကြီးကျော်နတ်ပွဲမှအပြန် ချင်းတွင်းမြစ်အရှေ့ဘက် ကူးတို့ဆိပ်တွင်ရုတ်တရက် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဦးပျော့အား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ရေစကြိုမြို့နယ်ဆေးရုံသို့ပို့ဆောင်၍ ပခန်းကြီးနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၉ ဖြင့် အမှုဖွင့် ဆက်လျက်စစ်ဆေး ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါသေဆုံးသူအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေစကြိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးကျော်ကျော်ခိုင် ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရေစကြိုမြို့နယ် ဖြူစင်လူမှုကူညီရေးကားဖြင့် ရန်ကုန် သို့ ကူညီပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 - ထိန်လင်း - ရေစကြို(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။