Skip to main content
စိတ္​က်န္​းမား​ေရးမ​ေကာင္​းသူ အမ်ိဳးသားတစ္​ဦး ႀကိဳးဆြဲခ်​ေသဆံုး
Ads Block

စိတ္​က်န္​းမား​ေရးမ​ေကာင္​းသူ အမ်ိဳးသားတစ္​ဦး ႀကိဳးဆြဲခ်​ေသဆံုး

မ​ေကြးတိုင္​း​​ေဒသႀကီး ၊ ​ေတာင္​တြင္​းႀကီးၿမိဳ႕နယ္​ ၊ ကုကၠိဳကုန္​း​ေက်း႐ြာအုပ္​စု ၊ ၾကက္​ရိုးစမ္​း​ေက်း႐ြာတြင္​ စိတ္​က်န္​းမာ​ေရး ခ်ိဳ႕တဲ့​ေနသည္​့ လူတစ္​ဦး ႀကိဳးဆြဲခ်​ ​ေသဆံုးမႈတစ္​ခုျဖစ္​ပြားခဲ့​ေၾကာင္​း ကုကၠိဳကုန္​းနယ္​​ေျမရဲစခန္​းတာဝန္​ရွိသူတစ္​ဦးထံမွ သိရသည္​။
ျဖစ္​စဥ္​မွာ ယ​ေန႔ ၂၀၁၉ ခု မတ္​လ (၁၀)ရက္​​ နံနက္​ ၅ နာရီခြဲ အခ်ိန္​ခန္​႔က ကုကၠိဳကုန္​း​ေက်း႐ြာအုပ္​စု အုပ္​ခ်ဳပ္​​ေရးမွဴး ဦးခင္​​ေမာင္​ရီမွ ၾကက္​ရိုးစမ္​း​ေက်း႐ြာတြင္​ လူတစ္​ဦးႀကိဳးဆြဲခ်​ေသဆံုး​ေန​ေၾကာင္​း ကုကၠိဳကုန္​းနယ္​​ေျမရဲစခန္​းသို႔ ဖုန္​းဆက္​အ​ေၾကာင္​း
ၾကားသျဖင္​့ နယ္​​ေျမစခန္​းမွဴး ရဲအုပ္​မင္​း​ေဇာ္​နွင္​့အဖြဲ႔မွ သက္​​ေသမ်ားနွင္​့အတူ အခင္​းျဖစ္​​ေနရာသို႔ သြား​ေရာက္​စစ္​​ေဆးခဲ့​ေၾကာင္​း သိရသည္​။
ယင္​းသို႔ ၾကည္​့ရႈခဲ့ရာ ၾကက္​ရိုးစမ္​း​ေက်း႐ြာ​ေနသူ ဝင္​းဆင္​့ (သ)၄၈နွစ္​ (ဘ)ဦးခင္​ ၊ ​ေတာင္​သူလုပ္​ကိုင္​သူသည္​ ၎​ေနအိမ္​​ေတာင္​ဘက္​ ​ေက်ာက္​မိ​ေက်ာင္​း​ေခ်ာင္​း ကမ္​းပါးစပ္​ရွိ ကုကၠိဳပင္​တြင္​ အရွည္​(၇)​ေပ ျဖဴ၊ ျပာ​ေရာင္​ ​ေလးလြန္​းတင္​ ပလပ္​စတစ္​ႀကိဳးအား လည္​ပင္​းတြင္​ ကြင္​းစြပ္​လွ်က္​ ဦး​ေခါင္​းယာဘက္​​ေစာင္​း ၊ လည္​ပင္​းႀကိဳးပြန္​းဒဏ္​ရာ ၊ မ်က္​လံုးျပဴး ၊လွ်ာထြက္​ ၊ သုတ္​ထြက္​ ၊ ဝဲ/ယာလက္​သီးဆုပ္​လွ်က္​ ျပင္​ပဒဏ္​ရာတစ္​စံုတစ္​ရာမ​ေတြ႕ရွိရဘဲ ​ေျမျပင္​နွင္​့​ေျခ​ေထာက္​ ၃​ ေပခန္​႔အကြာတြင္​ ႀကိဳးဆြဲခ်​ေသဆံုး​ေနသည္​ကို​ စစ္​​ေဆး​ေတြ႕ရွိခဲ့​ေၾကာင္​း သိရသည္​။
ၾကိဳးဆြဲခ်​ေသဆံုး​ေနသူ ဝင္​းဆင္​့သည္​ စိတ္​က်န္​းမာ​ေရးမ​ေကာင္​းသူတစ္​ဦးျဖစ္​​ေၾကာင္​း ​ေသဆံုးသူ​ေဆြမ်ိဳးသားခ်င္​းမိသားစုမ်ား​ေျပာျပခ်က္​အရ သိရသည္​။
အဆိုပါ ႀကိဳးဆြဲခ်​ေသဆံုးမႈျဖစ္​စဥ္​နွင္​့ ပတ္​သတ္​၍ ကုကၠိဳကုန္​းနယ္​​ေျမ ရဲစခန္​းမွဴး ရဲအုပ္​မင္​း​ေဇာ္​မွ ဓမၼတာအတိုင္​း​ေသဆံုးျခင္​း ဟုတ္​/မဟုတ္​ စစ္​​ေဆး​ေဆာင္​႐ြက္​နိုင္​ရန္​ ​ေတာင္​တြင္​းႀကီးၿမိဳ႕နယ္​ ျပည္​သူ႔​ေဆးရံု ရင္​ခြဲရံုသို႔ပို႔​ေဆာင္​စစ္​​ေဆးခဲ့ၿပီး တရားလိုျပဳလုပ္​တိုင္​တန္​းခဲ့သျဖင္​့ ကုကၠိဳကုန္​းနယ္​​ေျမရဲစခန္​း ​ေသမႈ​ေသခင္​းအမွတ္​စဥ္​(၁/၂၀၁၉)ျဖင္​့ အမႈ​ေရးဖြင္​့​ေဆာင္​႐ြက္​လွ်က္​ရွိ​ေၾကာင္​း သိရသည္​။

 - ထက္​သူရ - ​ေတာင္​တြင္​းႀကီး(အကုန္​သိသတင္​းဌာန)

Unicode version

စိတ်ကျန်းမားရေးမကောင်းသူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့နယ် ၊ ကုက္ကိုကုန်းကျေးရွာအုပ်စု ၊ ကြက်ရိုးစမ်းကျေးရွာတွင် စိတ်ကျန်းမာရေး ချို့တဲ့နေသည့် လူတစ်ဦး ကြိုးဆွဲချ သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကုက္ကိုကုန်းနယ်မြေရဲစခန်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ၂၀၁၉ ခု မတ်လ (၁၀)ရက် နံနက် ၅ နာရီခွဲ အချိန်ခန့်က ကုက္ကိုကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရီမှ ကြက်ရိုးစမ်းကျေးရွာတွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း ကုက္ကိုကုန်းနယ်မြေရဲစခန်းသို့ ဖုန်းဆက်အကြောင်း
ကြားသဖြင့် နယ်မြေစခန်းမှူး ရဲအုပ်မင်းဇော်နှင့်အဖွဲ့မှ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကြည့်ရှုခဲ့ရာ ကြက်ရိုးစမ်းကျေးရွာနေသူ ဝင်းဆင့် (သ)၄၈နှစ် (ဘ)ဦးခင် ၊ တောင်သူလုပ်ကိုင်သူသည် ၎င်းနေအိမ်တောင်ဘက် ကျောက်မိကျောင်းချောင်း ကမ်းပါးစပ်ရှိ ကုက္ကိုပင်တွင် အရှည်(၇)ပေ ဖြူ၊ ပြာရောင် လေးလွန်းတင် ပလပ်စတစ်ကြိုးအား လည်ပင်းတွင် ကွင်းစွပ်လျှက် ဦးခေါင်းယာဘက်စောင်း ၊ လည်ပင်းကြိုးပွန်းဒဏ်ရာ ၊ မျက်လုံးပြူး ၊လျှာထွက် ၊ သုတ်ထွက် ၊ ဝဲ/ယာလက်သီးဆုပ်လျှက် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ မြေပြင်နှင့်ခြေထောက် ၃ ပေခန့်အကွာတွင် ကြိုးဆွဲချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကြိုးဆွဲချသေဆုံးနေသူ ဝင်းဆင့်သည် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ကြောင်း သေဆုံးသူဆွေမျိုးသားချင်းမိသားစုများပြောပြချက်အရ သိရသည်။
အဆိုပါ ကြိုးဆွဲချသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သတ်၍ ကုက္ကိုကုန်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်မင်းဇော်မှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ရန် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်စစ်ဆေးခဲ့ပြီး တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ကုက္ကိုကုန်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၉)ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 - ထက်သူရ - တောင်တွင်းကြီး(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။