Skip to main content
Ads Block





Unicode version

အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်အပေါ်ထပ်၌ ကြိုးဆွဲချသေဆုံး 
စလင်းမြို့နယ်တွင် အသက် ၅၀ ကျော် အမျိုးသားတစ်ဦးသည် နေအိမ်အပေါ်ထပ်၌ ကြိုးဆွဲချသေဆုံးနေသည်ကို ယနေ့ (မတ် လ ၁၀ ရက်) နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လက်ပံကန်ကျေးရွာနေ ဦးအောင်ဌေး (၅၅)နှစ်သည် နေအိမ်အပေါ်ထပ်ရှိ ထုတ်တန်းတွင် ကြိုးဆွဲချသေဆုံးနေသည်ကို မတ်လ ၁၀ ရက်၊ နံနက် ၆ နာရီခွဲခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စလင်းမြို့မ ရဲစ ခန်းမှ သိရသည်။
“သူ့မိသားစုကတော့ မရှိကြဘူး။ အလုပ်လုပ်ဖို့ သွားနေကြတယ်။ ဘာတွေဘယ်လိုဖြစ်လို့ အခုလိုလုပ်ရသလဲဆိုတာ ကျွန်တော် လည်း စစ်ဆေးနေတုန်းပါပဲ” ဟု စလင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန်းဇော်က အကုန်သိ သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် အဆိုပါ ကြိုးဆွဲချသေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စလင်းမြို့မရဲစခန်း၌ သေမှုသေခင်း အမှတ် စဉ် ၁/၂၀၁၉ ဖြင့် စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။