Skip to main content
ကြဲေနသည့္ ေယာက်္ားျဖစ္သူက သားအဖခ်င္း ျပန္ေပးစား ဆဲဆိုသည့္အတြက္ ေယာကၡမျဖစ္သူက ဓားျဖင့္ခုတ္သတ္
Ads Block

ကြဲေနသည့္ ေယာက်္ားျဖစ္သူက သားအဖခ်င္း ျပန္ေပးစား ဆဲဆိုသည့္အတြက္ ေယာကၡမျဖစ္သူက ဓားျဖင့္ခုတ္သတ္

ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ေတာကြၽဲအင္း(ခ)ေအာင္ျမင္နယ္ေျမရဲစခန္းအပိုင္ ေအာင္ျမင္ေက်း ႐ြာအုပ္စု ကေမာၻဇရပ္ကြက္၌ မတ္လ ၉ ရက္ ညေန ၆ နာရီခန႔္တြင္ သမီးျဖစ္သူႏွင့္ ကြဲေနသည့္ ေယာက်္ားျဖစ္ သူကို ဖခင္ျဖစ္သူက ဓားျဖင့္ခုတ္သတ္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေတာကြၽဲအင္း(ခ)ေအာင္ျမင္ေက်း႐ြာအုပ္စု ကေမာၻဇရပ္ကြက္ေန ေဒၚခင္သီမာ(၄၁)ႏွစ္သည္ ဖခင္ျဖစ္သူ ဦးလွေအာင္၏ ေနအိမ္တြင္ရွိေနစဥ္ လင္မယားခ်င္း ကြဲေနသည္မွာ တစ္ႏွစ္ ေက်ာ္ခန႔္ရွိၿပီျဖစ္သည့္ ခင္ပြန္း ျဖစ္သူ ၿငိမ္းခ်မ္းမင္း(၄၀)ႏွစ္ ေရတြင္းကုန္း (၃)လမ္း ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ေနသူသည္ အရက္ေသစာ ေသာက္စားမူးယစ္ၿပီး ေနအိမ္အတြင္းသို႔ ဝင္ေရာက္ကာ ဇနီးျဖစ္သူ ေဒၚခင္သီမာႏွင့္ ျပန္ေပါင္းလိုေၾကာင္း ေျပာၾကားၿပီး ဇနီးျဖစ္သူအား ဖခင္ႏွင့္ ေပးစားဆဲဆိုကာ ျပန္လည္ထြက္ခြားသြားေၾကာင္း သိရသည္။
ယင္းသို႔ ထြက္ခြာသြားၿပီးေနာက္ နာရီဝက္ခန႔္အၾကာတြင္ ျပန္လည္ေရာက္ရွိလာၿပီး ေနအိမ္ေရွ႕၌ ထပ္မံဆဲဆိုရာ မခင္သီမာ၏ ဖခင္ျဖစ္သူ ဦးလွေအာင္(၇၃)ႏွစ္ ကေမာၻဇရပ္ကြက္ ေအာင္ျမင္ေက်း႐ြာအုပ္စု ေနသူမွ ေနအိမ္မီးဖို ေခ်ာင္ရွိ အသြား ၁၂ လက္မ၊ အ႐ိုး ၁၀ လက္မ၊ ဗ်က္ ၂ လက္မရွိ ဓါးမျဖင့္ ခုတ္လိုက္ရာ ဝဲမ်က္ခုံးမွ ေနာက္ေစ့ အထိ ျပတ္ရွဒဏ္ရာ တစ္ခ်က္လည္ဂုတ္တြင္ ျပတ္ရွဒဏ္ရာတစ္ခ်က္ရရွိကာ ေနရာတြင္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး စခန္းမႉး ရဲအုပ္သန္းေဌးမွ စစ္ေဆးေဆာင္႐ြက္ကာ ေက်ာက္တံခါးၿမိဳ႕နယ္ ေအာင္ျမင္ နယ္ေျမ ရဲစခန္းမွ(ပ)၂၇/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္ ၃၀၂ ျဖင့္ ျပစ္မႈက်ဳးလြန္သူ ဦးလွေအာင္အား ဖမ္းဆီး အေရး ယူထားေၾကာင္း သိရသည္။

 - နိုင္မင္းလြင္/ ၿဖိဳးကိုလင္း - ေညာင္ဝိုင္း (အကုန္သိ သတင္းဌာန)


Unicode version

ကွဲနေသည့် ယောကျ်ားဖြစ်သူက သားအဖချင်း ပြန်ပေးစား ဆဲဆိုသည့်အတွက် ယောက္ခမဖြစ်သူက ဓားဖြင့်ခုတ်သတ်
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်း(ခ)အောင်မြင်နယ်မြေရဲစခန်းအပိုင် အောင်မြင်ကျေး ရွာအုပ်စု ကမ္ဘောဇရပ်ကွက်၌ မတ်လ ၉ ရက် ညနေ ၆ နာရီခန့်တွင် သမီးဖြစ်သူနှင့် ကွဲနေသည့် ယောကျ်ားဖြစ် သူကို ဖခင်ဖြစ်သူက ဓားဖြင့်ခုတ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောကျွဲအင်း(ခ)အောင်မြင်ကျေးရွာအုပ်စု ကမ္ဘောဇရပ်ကွက်နေ ဒေါ်ခင်သီမာ(၄၁)နှစ်သည် ဖခင်ဖြစ်သူ ဦးလှအောင်၏ နေအိမ်တွင်ရှိနေစဉ် လင်မယားချင်း ကွဲနေသည်မှာ တစ်နှစ် ကျော်ခန့်ရှိပြီဖြစ်သည့် ခင်ပွန်း ဖြစ်သူ ငြိမ်းချမ်းမင်း(၄၀)နှစ် ရေတွင်းကုန်း (၃)လမ်း ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့နေသူသည် အရက်သေစာ သောက်စားမူးယစ်ပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဇနီးဖြစ်သူ ဒေါ်ခင်သီမာနှင့် ပြန်ပေါင်းလိုကြောင်း ပြောကြားပြီး ဇနီးဖြစ်သူအား ဖခင်နှင့် ပေးစားဆဲဆိုကာ ပြန်လည်ထွက်ခွားသွားကြောင်း သိရသည်။
ယင်းသို့ ထွက်ခွာသွားပြီးနောက် နာရီဝက်ခန့်အကြာတွင် ပြန်လည်ရောက်ရှိလာပြီး နေအိမ်ရှေ့၌ ထပ်မံဆဲဆိုရာ မခင်သီမာ၏ ဖခင်ဖြစ်သူ ဦးလှအောင်(၇၃)နှစ် ကမ္ဘောဇရပ်ကွက် အောင်မြင်ကျေးရွာအုပ်စု နေသူမှ နေအိမ်မီးဖို ချောင်ရှိ အသွား ၁၂ လက်မ၊ အရိုး ၁၀ လက်မ၊ ဗျက် ၂ လက်မရှိ ဓါးမဖြင့် ခုတ်လိုက်ရာ ဝဲမျက်ခုံးမှ နောက်စေ့ အထိ ပြတ်ရှဒဏ်ရာ တစ်ချက်လည်ဂုတ်တွင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိကာ နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး စခန်းမှူး ရဲအုပ်သန်းဌေးမှ စစ်ဆေးဆောင်ရွက်ကာ ကျောက်တံခါးမြို့နယ် အောင်မြင် နယ်မြေ ရဲစခန်းမှ(ပ)၂၇/၂၀၁၉ ရာဇသတ်ကြီး ပုဒ် ၃၀၂ ဖြင့် ပြစ်မှုကျုးလွန်သူ ဦးလှအောင်အား ဖမ်းဆီး အရေး ယူထားကြောင်း သိရသည်။

- နိုင်မင်းလွင်/ ဖြိုးကိုလင်း - ညောင်ဝိုင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။