Skip to main content
ျမဝတီၿမိဳ႕တြင္ အသက္မျပည့္ေသးသည့္ မိန္းကေလးငယ္ကို ခိုးယူေပါင္းသင္းသည့္ တရားမဝင္ တ႐ုတ္ႏိုင္ငံသားကို ဖမ္းဆီးအေရးယူ
Ads Block

ျမဝတီၿမိဳ႕တြင္ အသက္မျပည့္ေသးသည့္ မိန္းကေလးငယ္ကို ခိုးယူေပါင္းသင္းသည့္ တရားမဝင္ တ႐ုတ္ႏိုင္ငံသားကို ဖမ္းဆီးအေရးယူ

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ရွိ တရားမဝင္ ဂိမ္းဆိုင္တဆိုင္တြင္ တရားမဝင္လာေရာက္ ေနထိုင္ေနသည့္ တ႐ုတ္လူမ်ိဳးတစ္ဦးက အ႐ြယ္မေရာက္ေသးသည့္ ျမန္မာမိန္းကေလးငယ္တစ္ဦးကို သားမယား အျဖစ္ခိုးယူ ေပါင္းသင္းခဲ့မႈေၾကာင့္ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မတ္လ ၈ ရက္က မိခင္ျဖစ္သူ ေဒၚမာလာသည္ ဂိမ္းဆိုင္တြင္ အလုပ္လုပ္ေနသည့္ သမီးျဖစ္သူမွာ သူငယ္ခ်င္းျဖစ္သူ၊ ဂိမ္းဆိုင္မန္ေနဂ်ာႏွင့္ တ႐ုတ္လူမ်ိဳး Wang Weiwei (၂၈)ႏွစ္၊ ေဟာ္ကြီခိုက္၊ ဖာေခ်းရပ္ ကြက္၊ က်ဳံးထန္ဆစ္ၿမိဳ႕၊ ကြမ္တုံျပည္နယ္  တ႐ုတ္ႏိုင္ငံတြင္ ေနထိုင္သူတို႔ႏွင့္အတူ အျပင္သို႔ လိုက္သြားေၾကာင္း သိရ ၿပီး ေနအိမ္သို႔ျပန္လည္ေရာက္ရွိမလာသည့္အတြက္ သမီးျဖစ္သူအလုပ္လုပ္ကိုင္ေနသည့္ ဂိမ္းဆိုင္သို႔ သြား ေရာက္ရွာေဖြခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ လိုက္လံရွာေဖြခဲ့ရာ မေတြ႕သျဖင့္ ေနအိမ္သို႔ ျပန္လာစဥ္ ဂိမ္းဆိုင္မန္ေနဂ်ာျဖစိသူ သန႔္ဇင္ဝင္းမွ ဖုန္းျဖင့္ ဆက္သြယ္ကာ သမီးျဖစ္သူကို တ႐ုတ္ႏိုင္ငံသားမွ ေခၚသြားၿပီး မတ္လ ၉ ရက္ နံနက္ပိုင္းတြင္ လာေရာက္ အပ္မည္ျဖစ္ေၾကာင္း ေျပာဆိုကာ ဖုန္းခ်သြားခဲ့ေၾကာင္း သိရသည္။
မတ္လ ၉ ရက္ နံနက္ (၈) နာရီအခ်ိန္တြင္ ဂိမ္းဆိုင္မန္ေနဂ်ာ သန႔္ဇင္ဝင္း ႏွင့္ တ႐ုတ္ႏိုင္ငံသားတို႔မွ ေနအိမ္သို႔ လာေရာက္ကာ လပ္ထပ္ေပးရန္ ေျပာဆိုခဲ့ရာ မိခင္ျဖစ္သူမွ မေက်နပ္သည့္အတြက္ မိဘအုပ္ထိမ္းမႈ ေအာက္တြင္ရွိသည့္ သမီးျဖစ္သူအား မိဘခြင့္ျပဳခ်က္မရဘဲ ခိုးယူေပါင္းသင္းခဲ့သူ တ႐ုတ္ႏိုင္ငံသား Wang Weiwei (၂၈) ႏွစ္ႏွင့္ အားေပးကူညီခဲ့သည့္ သန္ဇင္ဝင္း ၄၀ ႏွစ္  ျမဝတီၿမိဳ႕ ေနထိုင္သူတို႔အား ျမဝတီၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားခဲ့သည့္အတြက္ (ပ)၃၇၇/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၆၃၊ ၃၇၆၊ ၁၁၄ တို႔ျဖင့္  အမူ႔ဖြင့္ အေရး ယူထားေၾကာင္း သိရသည္။

- ကိုကိုႀကီး - ျမဝတီ(အကုန္သိ သတင္းဌာန)

Unicode version

မြဝတီမြို့တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းသည့် တရားမဝင် တရုတ်နိုင်ငံသားကို ဖမ်းဆီးအရေးယူ
ကရင်ပြည်နယ် မြဝတီမြို့ရှိ တရားမဝင် ဂိမ်းဆိုင်တဆိုင်တွင် တရားမဝင်လာရောက် နေထိုင်နေသည့် တရုတ်လူမျိုးတဦးက အရွယ်မရောက်သေးသည့် မြန်မာမိန်းကလေးငယ်တစ်ဦးကို သားမယား အဖြစ်ခိုးယူ ပေါင်းသင်းခဲ့မှုကြောင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၈ ရက်က မိခင်ဖြစ်သူ ဒေါ်မာလာသည် ဂိမ်းဆိုင်တွင် အလုပ်လုပ်နေသည့် သမီးဖြစ်သူမှာ သူငယ်ချင်းဖြစ်သူ၊ ဂိမ်းဆိုင်မန်နေဂျာနှင့် တရုတ်လူမျိုး Wang Weiwei (၂၈)နှစ်၊ ဟော်ကွီခိုက်၊ ဖာချေးရပ် ကွက်၊ ကျုံးထန်ဆစ်မြို့၊ ကွမ်တုံပြည်နယ်  တရုတ်နိုင်ငံတွင် နေထိုင်သူတို့နှင့်အတူ အပြင်သို့ လိုက်သွားကြောင်း သိရ ပြီး နေအိမ်သို့ပြန်လည်ရောက်ရှိမလာသည့်အတွက် သမီးဖြစ်သူအလုပ်လုပ်ကိုင်နေသည့် ဂိမ်းဆိုင်သို့ သွား ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းသို့ လိုက်လံရှာဖွေခဲ့ရာ မတွေ့သဖြင့် နေအိမ်သို့ ပြန်လာစဉ် ဂိမ်းဆိုင်မန်နေဂျာဖြစိသူ သန့်ဇင်ဝင်းမှ ဖုန်းဖြင့် ဆက်သွယ်ကာ သမီးဖြစ်သူကို တရုတ်နိုင်ငံသားမှ ခေါ်သွားပြီး မတ်လ ၉ ရက် နံနက်ပိုင်းတွင် လာရောက် အပ်မည်ဖြစ်ကြောင်း ပြောဆိုကာ ဖုန်းချသွားခဲ့ကြောင်း သိရသည်။
မတ်လ ၉ ရက် နံနက် (၈) နာရီအချိန်တွင် ဂိမ်းဆိုင်မန်နေဂျာ သန့်ဇင်ဝင်း နှင့် တရုတ်နိုင်ငံသားတို့မှ နေအိမ်သို့ လာရောက်ကာ လပ်ထပ်ပေးရန် ပြောဆိုခဲ့ရာ မိခင်ဖြစ်သူမှ မကျေနပ်သည့်အတွက် မိဘအုပ်ထိမ်းမှု အောက်တွင်ရှိသည့် သမီးဖြစ်သူအား မိဘခွင့်ပြုချက်မရဘဲ ခိုးယူပေါင်းသင်းခဲ့သူ တရုတ်နိုင်ငံသား Wang Weiwei (၂၈) နှစ်နှင့် အားပေးကူညီခဲ့သည့် သန်ဇင်ဝင်း ၄၀ နှစ်  မြဝတီမြို့ နေထိုင်သူတို့အား မြဝတီမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည့်အတွက် (ပ)၃၇၇/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၆၃၊ ၃၇၆၊ ၁၁၄ တို့ဖြင့်  အမူ့ဖွင့် အရေး ယူထားကြောင်း သိရသည်။

- ကိုကိုကြီး - မြဝတီ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။