Skip to main content
သမၼတက ဝန္ႀကီးခ်ဳပ္မ်ားကိုခန္႔အပ္ျခင္းမွာ ဗဟိုခ်ဳပ္ကိုင္မႈသေဘာသက္ေရာက္ေနဟု တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ေျပာ
Ads Block

သမၼတက ဝန္ႀကီးခ်ဳပ္မ်ားကိုခန္႔အပ္ျခင္းမွာ ဗဟိုခ်ဳပ္ကိုင္မႈသေဘာသက္ေရာက္ေနဟု တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ေျပာ

ႏုိင္ငံေတာ္သမၼတက တုိင္းေဒသႀကီးႏွင့္ျပည္နယ္တို႔မွ ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ဝန္ႀကီးမ်ားကိုခန္႔အပ္သည့္အတြက္ ဗဟိုခ်ဳပ္ကိုင္မႈသေဘာသက္ေရာက္ေနေၾကာင္း တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးႀကီး ခင္ေမာင္ႏုိင္က ေျပာသည္။
မတ္လ ၈ ရက္က က်င္းပသည့္ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ဥပေဒႏွင့္ပတ္သက္ၿပီး စိစစ္ေရးပူးေပါင္းေကာ္မတီ၏ ေတြ႔ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္ကိုေဆြးေႏြးရာတြင္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗုိလ္မွဴးႀကီးခင္ေမာင္ႏုိင္ကထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ဖြဲ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၂၆၁အရ ႏုိင္ငံေတာ္သမၼတကသက္ဆုိင္ရာတုိင္းေဒသႀကီးသို႔မဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားကိုခန္႔အပ္ရတဲ့အတြက္ ဗဟိုခ်ဳပ္ကိုင္မႈသေဘာသက္ေရာက္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ပုဒ္မ ၁၇(က)နဲ႔ ၂၆၁ ကိုေလ့လာၾကည့္ပါကတုိင္းေဒသႀကီး၊ ျပည္နယ္မ်ားဟာအုပ္ခ်ဳပ္မႈအာဏာတြင္ မ်ားစြာအခက္အခဲျဖစ္ေနတာကိုေတြ႔ရွိရမွာျဖစ္ပါတယ္။” ဟု တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗုိလ္မွဴးႀကီးခင္ေမာင္ႏုိင္က ေျပာသည္။
ဖြဲ႔စည္ပံုအေျခခံဥပေဒပုဒ္မ ၂၆၁ကို ျပင္ဆင္ဖြဲ႔စည္းပါကဖယ္ဒရယ္၏ အႏွစ္သာရကိုပိုမုိေပၚလြင္ေစၿပီး သက္ဆုိင္ရာတုိင္းေဒသႀကီးသို႔မဟုတ္ ျပည္နယ္မ်ားမွာ ျပည္သူမ်ားကိုေရြးခ်ယ္တင္ေျမွာက္ထားေသာ ကိုယ္စားလွယ္မ်ားမွ မိမိႀကိဳက္ႏွစ္သက္ရာလႊတ္ေတာ္ကိုယ္စားလွယ္ကိုဝန္ႀကီးခ်ဳပ္အျဖစ္ေရြးခ်ယ္ေပး ႏုိင္မည္ျဖစ္သျဖင့္ တုိင္းေဒသႀကီးျပည္နယ္မ်ား၏ ခံစားခြင့္၊စိတ္အားထက္သန္စြာေစာင့္စားေနရေသာ တုိင္းရင္းသားတစ္ရပ္လံုးအတြက္ ပြင့္လင္းျမင္သာစြာေဆြးေႏြးေပါင္းစပ္ႏုိင္မည္ျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။
ဖြဲ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၂၆၁ ျပင္ဆင္ရန္ ေက်ာင္းကုန္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းထြန္းႏွင့္အဖြဲ႔ကတင္ျပခဲ့ကာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၃ ဦးက လက္မွတ္ေရးထုိးၿပီး ဥပေဒမူၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္သြင္းခဲ့ျခင္းျဖစ္သည္။
အဆုိပါဥပေဒၾကမ္းကို ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီမွ ပုဒ္မတစ္ခုခ်င္းကို ျပင္ဆင္ရန္မသင့္ေၾကာင္းႏွင့္ ဖြဲ႔စည္းပံုအေျခခံဥပေဒတစ္ခုလံုးျပင္ဆင္ရာတြင္ လုပ္ငန္းစဥ္တစ္ခုအေနျဖင့္ ထည့္သြင္းရန္ သေဘာထားမွတ္ခ်က္ျပဳခဲ့သည္။

 - ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode version

သမ္မတက ဝန်ကြီးချုပ်များကိုခန့်အပ်ခြင်းမှာ ဗဟိုချုပ်ကိုင်မှုသဘောသက်ရောက်နေဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပြော

နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များနှင့်ဝန်ကြီးများကိုခန့်အပ်သည့်အတွက် ဗဟိုချုပ်ကိုင်မှုသဘောသက်ရောက်နေကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်နိုင်က ပြောသည်။
မတ်လ ၈ ရက်က ကျင်းပသည့်ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေနှင့်ပတ်သက်ပြီး စိစစ်ရေးပူးပေါင်းကော်မတီ၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကိုဆွေးနွေးရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်နိုင်ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁အရ နိုင်ငံတော်သမ္မတကသက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များကိုခန့်အပ်ရတဲ့အတွက် ဗဟိုချုပ်ကိုင်မှုသဘောသက်ရောက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၁၇(က)နဲ့ ၂၆၁ ကိုလေ့လာကြည့်ပါကတိုင်းဒေသကြီး၊ ပြည်နယ်များဟာအုပ်ချုပ်မှုအာဏာတွင် များစွာအခက်အခဲဖြစ်နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်နိုင်က ပြောသည်။
ဖွဲ့စည်ပုံအခြေခံဥပဒေပုဒ်မ ၂၆၁ကို ပြင်ဆင်ဖွဲ့စည်းပါကဖယ်ဒရယ်၏ အနှစ်သာရကိုပိုမိုပေါ်လွင်စေပြီး သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များမှာ ပြည်သူများကိုရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ မိမိကြိုက်နှစ်သက်ရာလွှတ်တော်ကိုယ်စားလှယ်ကိုဝန်ကြီးချုပ်အဖြစ်ရွေးချယ်ပေး နိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးပြည်နယ်များ၏ ခံစားခွင့်၊စိတ်အားထက်သန်စွာစောင့်စားနေရသော တိုင်းရင်းသားတစ်ရပ်လုံးအတွက် ပွင့်လင်းမြင်သာစွာဆွေးနွေးပေါင်းစပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရန် ကျောင်းကုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့်အဖွဲ့ကတင်ပြခဲ့ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုးပြီး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါဥပဒေကြမ်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ပုဒ်မတစ်ခုချင်းကို ပြင်ဆင်ရန်မသင့်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးပြင်ဆင်ရာတွင် လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ထည့်သွင်းရန် သဘောထားမှတ်ချက်ပြုခဲ့သည်။

 - ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။