Skip to main content
၂၀၂၀ ခုႏွစ္အေရာက္တြင္ ျမန္မာႏုိင္ငံသို႔ ကိုရီးယားခရီးသြားဦးေရ တစ္သိန္းအထိလာေရာက္မည္ဟု ခန္႔မွန္း 
Ads Block

၂၀၂၀ ခုႏွစ္အေရာက္တြင္ ျမန္မာႏုိင္ငံသို႔ ကိုရီးယားခရီးသြားဦးေရ တစ္သိန္းအထိလာေရာက္မည္ဟု ခန္႔မွန္း 

လာမည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ကိုရီးယားခရီးသြားဧည့္သည္ တစ္သိန္းအထိဝင္ေရာက္မည္ဟု ခန္႔မွန္းထားေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးသက္လြင္တိုးက ေျပာသည္။
ရန္ကုန္ၿမိဳ႕၊ Lotte ဟိုတယ္၌ ယေန႔(မတ္လ ၉ ရက္) နံနက္ ၈ နာရီက က်င္းပသည့္ 2019 Korea Day အခမ္းအနားတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

၂၀၂၀ ခုႏွစ္အေရာက္တြင္ ျမန္မာႏုိင္ငံသို႔ ကိုရီးယားခရီးသြားဦးေရ တစ္သိန္းအထိလာေရာက္မည္ဟု ခန္႔မွန္း 


“ 2019 Korea Day ကိုရန္ကုန္မွာ ပထမဦးဆံုးအႀကိမ္ က်င္းပရတဲ့ ရည္ရြယ္ခ်က္က ကိုရီးယား-ျမန္မာ ခ်စ္ၾကည္ေရးကို အေျခခံၿပီးေတာ့ ခရီးသြားျမွင့္တင္ေရးကိုလုပ္ျခင္းျဖစ္ပါတယ္။ ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာလည္း ႀကီးက်ယ္ခမ္းနားစြာက်င္းပသြားဖို႔ရွိပါတယ္။ ရရွိတဲ့ ဘတ္ဂ်က္အကန္႔အသတ္နဲ႔ အခ်ိန္နည္းမႈေတြၾကားက စိန္ေခၚမႈေတြမ်ားစြာရွိပါတယ္။ အဲဒီအေျခအေနေတြၾကားထဲက ျဖစ္ေျမာက္ေအာင္ လုပ္ထားတာပါ။ ဒီႏွစ္ရဲ႕အစမွာပဲ ကိုရီးယားခရီးသြားဧည့္သည္က ၆၈ ရာခိုင္ႏႈန္းေလာက္ တိုးတက္လာတယ္။ ၂၀၂၀ က်ရင္ေတာ့ တစ္သိန္းေလာက္ထိ တိုးတက္လာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္” ဟု ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးသက္လြင္တိုးက ေျပာသည္။
လက္ရွိတြင္ zero ေဒၚလာျဖင့္လည္ပတ္သည့္ တရုတ္ခရီးသြားဧည့္သည္မ်ားေၾကာင့္ ကိုရီးယားဧည့္သည္မ်ားကို ယင္းျဖစ္စဥ္မ်ိဳး မျဖစ္ေစရန္ ထိေရာက္စြာ ကိုင္တြယ္ထိန္းခ်ဳပ္သြားမည္ျဖစ္ကာ ခရီးသြားက႑ ပိုမိုတိုးတက္လာေစရန္ႏွင့္ ျမန္မာကို ကမာၻကသိေစရန္ ရည္ရြယ္ၿပီး အေနာက္ႏိုင္ငံအခ်ိဳ႕ကို ဗီဇာကင္းလြတ္ခြင့္ေပးရန္ စီစဥ္ထားေၾကာင္း သိရသည္။
ရခုိင္ျဖစ္စဥ္ေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္း၌ ျပည္ပခရီးသြား၀င္ေရာက္မႈက်ဆင္းခဲ့ၿပီး အထူးသျဖင့္ ဥေရာပႏုိင္ငံမ်ားမွ ခရီးသြားဦးေရက်ဆင္းသြားခဲ့ကာ အာရွႏုိင္ငံမ်ားမွခရီးသြားဦးေရမွာမူ က်ဆင္းမႈမရွိဘဲ ပုံမွန္ရွိေနေၾကာင္း ဟုိတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာနမွ သိရသည္။ 

- စုသက္ႏွင္း(အကုန္သိ သတင္းဌာန)


Unicode version

၂၀၂၀ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံသို့ ကိုရီးယားခရီးသွားဦးရေ တစ်သိန်းအထိလာရောက်မည်ဟု ခန့်မှန်း 
လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကိုရီးယားခရီးသွားဧည့်သည် တစ်သိန်းအထိဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။
ရန်ကုန်မြို့၊ Lotte ဟိုတယ်၌ ယနေ့(မတ်လ ၉ ရက်) နံနက် ၈ နာရီက ကျင်းပသည့် 2019 Korea Day အခမ်းအနားတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ 2019 Korea Day ကိုရန်ကုန်မှာ ပထမဦးဆုံးအကြိမ် ကျင်းပရတဲ့ ရည်ရွယ်ချက်က ကိုရီးယား-မြန်မာ ချစ်ကြည်ရေးကို အခြေခံပြီးတော့ ခရီးသွားမြှင့်တင်ရေးကိုလုပ်ခြင်းဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာလည်း ကြီးကျယ်ခမ်းနားစွာကျင်းပသွားဖို့ရှိပါတယ်။ ရရှိတဲ့ ဘတ်ဂျက်အကန့်အသတ်နဲ့ အချိန်နည်းမှုတွေကြားက စိန်ခေါ်မှုတွေများစွာရှိပါတယ်။ အဲဒီအခြေအနေတွေကြားထဲက ဖြစ်မြောက်အောင် လုပ်ထားတာပါ။ ဒီနှစ်ရဲ့အစမှာပဲ ကိုရီးယားခရီးသွားဧည့်သည်က ၆၈ ရာခိုင်နှုန်းလောက် တိုးတက်လာတယ်။ ၂၀၂၀ ကျရင်တော့ တစ်သိန်းလောက်ထိ တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။
လက်ရှိတွင် zero ဒေါ်လာဖြင့်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည်များကြောင့် ကိုရီးယားဧည့်သည်များကို ယင်းဖြစ်စဉ်မျိုး မဖြစ်စေရန် ထိရောက်စွာ ကိုင်တွယ်ထိန်းချုပ်သွားမည်ဖြစ်ကာ ခရီးသွားကဏ္ဍ ပိုမိုတိုးတက်လာစေရန်နှင့် မြန်မာကို ကမ္ဘာကသိစေရန် ရည်ရွယ်ပြီး အနောက်နိုင်ငံအချို့ကို ဗီဇာကင်းလွတ်ခွင့်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
ရခိုင်ဖြစ်စဉ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း၌ ပြည်ပခရီးသွားဝင်ရောက်မှုကျဆင်းခဲ့ပြီး အထူးသဖြင့် ဥရောပနိုင်ငံများမှ ခရီးသွားဦးရေကျဆင်းသွားခဲ့ကာ အာရှနိုင်ငံများမှခရီးသွားဦးရေမှာမူ ကျဆင်းမှုမရှိဘဲ ပုံမှန်ရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ 

- စုသက်နှင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။