Skip to main content
အိႏၵိယႏိုင္ငံတြင္ ပဲလိုအပ္ခ်က္ မ်ားလာသျဖင့္ ျမန္မာ့ပဲမ်ား၀ယ္ယူမႈ မ်ားျပားလာျခင္းျဖစ္ႏုိင္ဟု ဆို 
Ads Block

အိႏၵိယႏိုင္ငံတြင္ ပဲလိုအပ္ခ်က္ မ်ားလာသျဖင့္ ျမန္မာ့ပဲမ်ား၀ယ္ယူမႈ မ်ားျပားလာျခင္းျဖစ္ႏုိင္ဟု ဆို 

အိႏိၵယႏိုင္ငံမွ ယခုႏွစ္အတြင္း ပဲလိုအပ္ခ်က္မ်ားျပားလာသျဖင့္ ျမန္မာ့ပဲမ်ား၀ယ္ယူမႈ မ်ားျပားလာျခင္း ျဖစ္ႏုိင္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးတုိးေအာင္ျမင့္က သံုးသပ္ေျပာၾကားသည္။ 
လြန္ခဲ့သည့္ ေလး၊ ငါးႏွစ္အတြင္း အိႏၵိယႏိုင္ငံသို႔ ျမန္မာႏိုင္ငံမွမတ္ပဲတင္ပို႔မႈသည္ စုစုေပါင္းတန္ခ်ိန္ ၆၄၀၀၀၀ ဝန္းက်င္ရွိခဲ့ေသာ္လည္း လက္ရွိဘ႑ာႏွစ္ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၁ ရက္မွ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလလယ္အထိ မတ္ပဲဝယ္ယူမႈမွာ တန္ခ်ိန္ ၆၇၀၀၀၀ ဝန္းက်င္အထိရွိလာသည့္အေပၚ သံုးသပ္ျခင္း ျဖစ္သည္။ 
“ အရင္ ၅ ႏွစ္ေလာက္ကို ျပန္တြက္ၾကည့္တဲ့အခါ စုစုေပါင္းတင္ပို႔မႈက ေျခာက္သိန္းေလးေသာင္းေလာက္ပဲ ရွိတယ္။ ဒီႏွစ္မွာေတာ့ တင္ပို႔ၿပီးတာ ေျခာက္သိန္းခုႏွစ္ေသာင္းရွိပါတယ္။ ၅ ႏွစ္ထက္ေတာင္ ၁ ႏွစ္ပို႔တာ မ်ားေနတယ္။ အိႏၵိယကအရင္တစ္ႏွစ္၊ ႏွစ္ႏွစ္မွာ ပဲလိုအပ္ခ်က္ေတြနည္းသြားေပမဲ့ အခုႏွစ္မွာေတာ့ ပဲလိုအပ္ခ်က္ေတြ ပိုရွိလာတယ္လို႔ ယူဆပါတယ္” ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးတုိးေအာင္ျမင့္က ေျပာသည္။ 
အိႏိၵယႏိုင္ငံသည္ ၄င္းျပည္တြင္း၌ ပဲပိုလွ်ံေနသည္ဟုဆိုကာဘ႑ာႏွစ္တစ္ခုမကုန္မီပဲဝယ္ယူမႈသည္ ဘ႑ာႏွစ္ ေလး၊ ငါးခုထက္ပင္ ဝယ္ယူမႈမ်ားေနၿပီးေစ်းႏႈန္းမွာယခင္ကာလမ်ားျဖင့္ ႏိႈင္းယွဥ္ပါကထက္ဝက္ခန္႔ က်ဆင္းေနျခင္းမွာ သံသယျဖစ္ဖြယ္ရွိေၾကာင္း ၄င္းက ဆက္ေျပာသည္။
အိႏၵိယႏိုင္ငံဗဟိုအစိုးရအေနျဖင့္ ၂၀၁၈ ခုႏွစ္၊ ေမလမွ ၾသဂုတ္လကုန္အတြင္းမတ္ပဲတန္ခ်ိန္ တစ္သိန္းခြဲ၊ ပဲစဥ္းငံုတန္ခ်ိန္ ႏွစ္သိန္းႏွင့္ ပဲတီစိမ္းတန္ခ်ိန္ တစ္သိန္းခြဲခန္႔ ဝယ္ယူသြားမည္ျဖစ္ကာျမန္မာႏိုင္ငံကိုပဲတန္ခ်ိန္ ၁ သိန္းခြဲကိုယ္တာခြင့္ျပဳခဲ့သည္။ 
ယင္းကာလတြင္ ျမန္မာႏိုင္ငံအပါအဝင္ အျခားႏုိင္ငံမ်ားမွလည္းပဲကိုယ္တာျပည့္မီေရး အၿပိဳင္တင္သြင္းၾကသည့္ အတြက္ ပဲေစ်းႏႈန္းမ်ားက်ဆင္းခဲ့ေသာ္လည္း ၾသဂုတ္လေနာက္ပိုင္းတြင္ အိႏိၵယႏိုင္ငံျပည္နယ္အစိုးရ ခြင့္ျပဳမိန္႔ျဖင့္ ပဲမ်ိဳးစံုဆက္လက္ဝယ္ယူခဲ့ၿပီး၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလကုန္အထိ ငါးလအတြင္းမတ္ပဲႏွင့္ ပဲစဥ္းငံု တန္ခ်ိန္ ငါးသိန္းနီးပါးဆက္လက္ဝယ္ယူခဲ့ကာ ယင္းအနက္ ျမန္မာႏိုင္ငံမွ မတ္ပဲတန္ခ်ိန္ ၃၆၀၀၀၀ ႏွင့္ ပဲစဥ္းငံုတန္ခ်ိန္ ၄၀၀၀၀ ၊ စုစုေပါင္းပဲတန္ခ်ိန္ ၄ သိန္းေက်ာ္တင္ပုိ႔ႏိုင္ခဲ့သည္။ 
ထိုသို႔ ပဲဝယ္လိုအားရွိေနသျဖင့္ ျမန္မာႏိုင္ငံ၌ ပဲစိုက္ပ်ိဳးသည့္ရာသီျဖစ္ေသာေအာက္တုိဘာလႏွင့္ ႏိုဝင္ဘာလတို႔တြင္ မတ္ပဲတစ္တန္လွ်င္ က်ပ္ ၉၀၀၀၀၀ အထိ ျမင့္တက္လာခဲ့ေသာ္လည္း ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၂၈ ရက္အထိတင္သြင္းရန္ ဝယ္ယူထားသည့္ ပဲမ်ားမွလြဲ၍ ထပ္မံ၍ ပဲမ်ိဳးစံုတင္သြင္းခြင့္ျပဳမည္ မဟုတ္ေၾကာင္းအိႏိၵယႏုိင္ငံျပည္နယ္အစိုးရမွ ဇန္နဝါရီလ ၃၀ ရက္တြင္ေၾကညာစာတစ္ေစာင္ ထုတ္ျပန္ခဲ့သည္။ 
ယင္းသို႔ အိႏၵိယႏိုင္ငံမွ ပဲတင္သြင္းခြင့္ရပ္ဆိုင္းလိုက္သည့္အျပင္ ျပည္တြင္း၌ မၾကာမီမတ္ပဲလိႈင္လႈိင္ ထြက္ေပၚလာမည္ျဖစ္ရာ ပဲေစ်းႏႈန္းမ်ားက်ဆင္းေနေၾကာင္း ပဲေစ်းကြက္မွ သိရသည္။ 

- သင္းသင္းလိႈင္(အကုန္သိ သတင္းဌာန)

Unicode version

အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက် များလာသဖြင့် မြန်မာ့ပဲများဝယ်ယူမှု များပြားလာခြင်းဖြစ်နိုင်ဟု ဆို 
အိန္ဒိယနိုင်ငံမှ ယခုနှစ်အတွင်း ပဲလိုအပ်ချက်များပြားလာသဖြင့် မြန်မာ့ပဲများဝယ်ယူမှု များပြားလာခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က သုံးသပ်ပြောကြားသည်။ 
လွန်ခဲ့သည့် လေး၊ ငါးနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှမတ်ပဲတင်ပို့မှုသည် စုစုပေါင်းတန်ချိန် ၆၄၀၀၀၀ ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလလယ်အထိ မတ်ပဲဝယ်ယူမှုမှာ တန်ချိန် ၆၇၀၀၀၀ ဝန်းကျင်အထိရှိလာသည့်အပေါ် သုံးသပ်ခြင်း ဖြစ်သည်။ 
“ အရင် ၅ နှစ်လောက်ကို ပြန်တွက်ကြည့်တဲ့အခါ စုစုပေါင်းတင်ပို့မှုက ခြောက်သိန်းလေးသောင်းလောက်ပဲ ရှိတယ်။ ဒီနှစ်မှာတော့ တင်ပို့ပြီးတာ ခြောက်သိန်းခုနှစ်သောင်းရှိပါတယ်။ ၅ နှစ်ထက်တောင် ၁ နှစ်ပို့တာ များနေတယ်။ အိန္ဒိယကအရင်တစ်နှစ်၊ နှစ်နှစ်မှာ ပဲလိုအပ်ချက်တွေနည်းသွားပေမဲ့ အခုနှစ်မှာတော့ ပဲလိုအပ်ချက်တွေ ပိုရှိလာတယ်လို့ ယူဆပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။ 
အိန္ဒိယနိုင်ငံသည် ၎င်းပြည်တွင်း၌ ပဲပိုလျှံနေသည်ဟုဆိုကာဘဏ္ဍာနှစ်တစ်ခုမကုန်မီပဲဝယ်ယူမှုသည် ဘဏ္ဍာနှစ် လေး၊ ငါးခုထက်ပင် ဝယ်ယူမှုများနေပြီးဈေးနှုန်းမှာယခင်ကာလများဖြင့် နှိုင်းယှဉ်ပါကထက်ဝက်ခန့် ကျဆင်းနေခြင်းမှာ သံသယဖြစ်ဖွယ်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
အိန္ဒိယနိုင်ငံဗဟိုအစိုးရအနေဖြင့် ၂၀၁၈ ခုနှစ်၊ မေလမှ သြဂုတ်လကုန်အတွင်းမတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲစဉ်းငုံတန်ချိန် နှစ်သိန်းနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲခန့် ဝယ်ယူသွားမည်ဖြစ်ကာမြန်မာနိုင်ငံကိုပဲတန်ချိန် ၁ သိန်းခွဲကိုယ်တာခွင့်ပြုခဲ့သည်။ 
ယင်းကာလတွင် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှလည်းပဲကိုယ်တာပြည့်မီရေး အပြိုင်တင်သွင်းကြသည့် အတွက် ပဲဈေးနှုန်းများကျဆင်းခဲ့သော်လည်း သြဂုတ်လနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံပြည်နယ်အစိုးရ ခွင့်ပြုမိန့်ဖြင့် ပဲမျိုးစုံဆက်လက်ဝယ်ယူခဲ့ပြီး၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ငါးလအတွင်းမတ်ပဲနှင့် ပဲစဉ်းငုံ တန်ချိန် ငါးသိန်းနီးပါးဆက်လက်ဝယ်ယူခဲ့ကာ ယင်းအနက် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၃၆၀၀၀၀ နှင့် ပဲစဉ်းငုံတန်ချိန် ၄၀၀၀၀ ၊ စုစုပေါင်းပဲတန်ချိန် ၄ သိန်းကျော်တင်ပို့နိုင်ခဲ့သည်။ 
ထိုသို့ ပဲဝယ်လိုအားရှိနေသဖြင့် မြန်မာနိုင်ငံ၌ ပဲစိုက်ပျိုးသည့်ရာသီဖြစ်သောအောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် မတ်ပဲတစ်တန်လျှင် ကျပ် ၉၀၀၀၀၀ အထိ မြင့်တက်လာခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်အထိတင်သွင်းရန် ဝယ်ယူထားသည့် ပဲများမှလွဲ၍ ထပ်မံ၍ ပဲမျိုးစုံတင်သွင်းခွင့်ပြုမည် မဟုတ်ကြောင်းအိန္ဒိယနိုင်ငံပြည်နယ်အစိုးရမှ ဇန်နဝါရီလ ၃၀ ရက်တွင်ကြေညာစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ 
ယင်းသို့ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းခွင့်ရပ်ဆိုင်းလိုက်သည့်အပြင် ပြည်တွင်း၌ မကြာမီမတ်ပဲလှိုင်လှိုင် ထွက်ပေါ်လာမည်ဖြစ်ရာ ပဲဈေးနှုန်းများကျဆင်းနေကြောင်း ပဲဈေးကွက်မှ သိရသည်။ 

- သင်းသင်းလှိုင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။