Skip to main content
EU သို႔ ဆန္တင္ပို႔ရာတြင္ အခြန္သက္သာခြင့္ရရွိေသာဆန္အမ်ိဳးအစားကိုသာ ေျပာင္းလဲတင္ပို႔ေန
Ads Block

EU သို႔ ဆန္တင္ပို႔ရာတြင္ အခြန္သက္သာခြင့္ရရွိေသာဆန္အမ်ိဳးအစားကိုသာ ေျပာင္းလဲတင္ပို႔ေန

ျမန္မာႏုိင္ငံမွ EU ႏိုင္ငံမ်ားသို႔ ဆန္တင္ပို႔ရာတြင္ အခြန္သက္သာခြင့္ရရွိေသာဆန္အမ်ိဳးအစားကို ေျပာင္းလဲ တင္ပို႔ေနသျဖင့္ ျမန္မာ့ဆန္ EU သို႔တင္ပို႔မႈအေပၚထူးျခားစြာရိုက္ခတ္မႈမရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးေျပာျပခ်က္အရ သိရသည္။
ယခင္က ျမန္မာႏုိင္ငံမွ EU ႏိုင္ငံမ်ားသို႔ဆန္တင္ပို႔ရာတြင္ GSP (ကုန္သြယ္မႈအထူးအခြင့္အေရးအရ ကုန္သြယ္ခြန္ကင္းလြတ္ခြင့္) ေပးထားရာမွ ၿပီးခဲ့ေသာ ဇန္နဝါရီလ ၁၈ ရက္မွစတင္ကာ ျမန္မာႏွင့္ ကေမၻာဒီးယားႏိုင္ငံတို႔မွတင္ပို႔ေသာ ဆန္လံုးရွည္ (CN code ၄ မ်ိဳး)ကို အခြန္ေကာက္ယူမည္ျဖစ္ေၾကာင္း တရားဝင္စာထုတ္ျပန္ခဲ႔သည္။
“ EU ကိုေတာ့ ဆန္တင္ေနတုန္းပဲ။ ယခင္တင္ေနတဲ့ႏႈန္းကေတာ့ မေလ်ာ့ဘူး။ အမ်ိဳးအစားေျပာင္းသြားတာပဲ ရွိတယ္။ အရင္တင္သလိုပဲ တင္ေနတယ္။ အမ်ိဳးအစားေျပာင္းတယ္ဆိုတာကလည္း EU ဘက္က အခြန္ေကာက္တဲ့ဆန္မပို႔ဘူး။ အခြန္သက္သာခြင့္ရထားတဲ့ဆန္ကို ျပန္ပို႔တယ္” ဟု ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးက ေျပာသည္။ 
သို႔ရာတြင္ EU ႏိုင္ငံသည္ GSP အခြင့္အေရးကို ျမန္မာႏိုင္ငံမွ အခ်ိဳ႕ဆန္တင္ပို႔မႈကိုသာအခြန္ျပန္လည္ ေကာက္ခံေသာ္လည္း ကေမာၻဒီးယားႏိုင္ငံကိုစိစစ္ေနဆဲျဖစ္သည့္အတြက္ ျမန္မာ့ဆန္တင္ပို႔မႈအတြက္ အခြင့္အလမ္းမ်ားရွိေနဆဲျဖစ္ေၾကာင္း သိရသည္။ 
“ ကေမာၻဒီးယားနဲ႔ၿပိဳင္လုပ္တဲ႔ေနရာကေန အဓိကတစ္ႏိုင္ငံထဲျဖစ္တဲ့အေနအထားရွိသြားတယ္။ လတ္တေလာမွာ အခြန္ျပန္ေကာက္တဲ့အမ်ိဳးအစားကလြဲလို႔ က်န္တဲ့ဆန္အမ်ိဳးအစားေတြက ပို႔ႏိုင္တဲ့ အေနအထားရွိတဲ႔အတြက္ အခြန္ျပန္ေကာက္တယ္ဆိုတာကလည္း လံုးဝပိတ္လိုက္တာမဟုတ္ဘူး။ အခြန္ေဆာင္ၿပီး ဝယ္ရင္လည္းဝယ္ဦးမွာပဲ။ EU ေစ်းကြက္က အခက္အခဲရွိမယ့္ပံုသ႑န္ျပေပမဲ့လည္း လက္ေတြ႔မွာေတာ့ လုပ္လို႔ရေသးတဲ့အေနအထားေတြ႔ရတယ္” ဟု  ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။ 
လက္ရွိ ျမန္မာႏုိင္ငံမွ EU ႏုိင္ငံမ်ားသို႔ အလ်ား ၆ မီလီမီတာ၊ အနံ ၃ မီလီမီတာဝန္းက်င္အရြယ္အစားရွိေသာ ဆန္မ်ားအဓိကတင္ပို႔ေနေၾကာင္း သိရသည္။ 
လာမည့္စပါးရာသီတြင္ EU ႏိုင္ငံမ်ားသည္ ဝယ္ယူမည့္ စပါးအမ်ိဳးအစားမ်ားကိုတိုးခ်ဲ႕စိုက္ပ်ိဳးႏိုင္ရန္ ေတာင္သူမ်ားကို အသိပညာေပးျခင္းႏွင့္ သတင္းအခ်က္အလက္မ်ားမွ်ေဝႏိုင္ရန္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။

 - သင္းသင္းလိႈင္(အကုန္သိသတင္း႒ာန)

Unicode version

EU သို့ ဆန်တင်ပို့ရာတွင် အခွန်သက်သာခွင့်ရရှိသောဆန်အမျိုးအစားကိုသာ ပြောင်းလဲတင်ပို့နေ

မြန်မာနိုင်ငံမှ EU နိုင်ငံများသို့ ဆန်တင်ပို့ရာတွင် အခွန်သက်သာခွင့်ရရှိသောဆန်အမျိုးအစားကို ပြောင်းလဲ တင်ပို့နေသဖြင့် မြန်မာ့ဆန် EU သို့တင်ပို့မှုအပေါ်ထူးခြားစွာရိုက်ခတ်မှုမရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးပြောပြချက်အရ သိရသည်။
ယခင်က မြန်မာနိုင်ငံမှ EU နိုင်ငံများသို့ဆန်တင်ပို့ရာတွင် GSP (ကုန်သွယ်မှုအထူးအခွင့်အရေးအရ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်) ပေးထားရာမှ ပြီးခဲ့သော ဇန်နဝါရီလ ၁၈ ရက်မှစတင်ကာ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှတင်ပို့သော ဆန်လုံးရှည် (CN code ၄ မျိုး)ကို အခွန်ကောက်ယူမည်ဖြစ်ကြောင်း တရားဝင်စာထုတ်ပြန်ခဲ့သည်။
“ EU ကိုတော့ ဆန်တင်နေတုန်းပဲ။ ယခင်တင်နေတဲ့နှုန်းကတော့ မလျော့ဘူး။ အမျိုးအစားပြောင်းသွားတာပဲ ရှိတယ်။ အရင်တင်သလိုပဲ တင်နေတယ်။ အမျိုးအစားပြောင်းတယ်ဆိုတာကလည်း EU ဘက်က အခွန်ကောက်တဲ့ဆန်မပို့ဘူး။ အခွန်သက်သာခွင့်ရထားတဲ့ဆန်ကို ပြန်ပို့တယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။ 
သို့ရာတွင် EU နိုင်ငံသည် GSP အခွင့်အရေးကို မြန်မာနိုင်ငံမှ အချို့ဆန်တင်ပို့မှုကိုသာအခွန်ပြန်လည် ကောက်ခံသော်လည်း ကမ္ဘောဒီးယားနိုင်ငံကိုစိစစ်နေဆဲဖြစ်သည့်အတွက် မြန်မာ့ဆန်တင်ပို့မှုအတွက် အခွင့်အလမ်းများရှိနေဆဲဖြစ်ကြောင်း သိရသည်။ 
“ ကမ္ဘောဒီးယားနဲ့ပြိုင်လုပ်တဲ့နေရာကနေ အဓိကတစ်နိုင်ငံထဲဖြစ်တဲ့အနေအထားရှိသွားတယ်။ လတ်တလောမှာ အခွန်ပြန်ကောက်တဲ့အမျိုးအစားကလွဲလို့ ကျန်တဲ့ဆန်အမျိုးအစားတွေက ပို့နိုင်တဲ့ အနေအထားရှိတဲ့အတွက် အခွန်ပြန်ကောက်တယ်ဆိုတာကလည်း လုံးဝပိတ်လိုက်တာမဟုတ်ဘူး။ အခွန်ဆောင်ပြီး ဝယ်ရင်လည်းဝယ်ဦးမှာပဲ။ EU ဈေးကွက်က အခက်အခဲရှိမယ့်ပုံသဏ္ဍန်ပြပေမဲ့လည်း လက်တွေ့မှာတော့ လုပ်လို့ရသေးတဲ့အနေအထားတွေ့ရတယ်” ဟု  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ 
လက်ရှိ မြန်မာနိုင်ငံမှ EU နိုင်ငံများသို့ အလျား ၆ မီလီမီတာ၊ အနံ ၃ မီလီမီတာဝန်းကျင်အရွယ်အစားရှိသော ဆန်များအဓိကတင်ပို့နေကြောင်း သိရသည်။ 
လာမည့်စပါးရာသီတွင် EU နိုင်ငံများသည် ဝယ်ယူမည့် စပါးအမျိုးအစားများကိုတိုးချဲ့စိုက်ပျိုးနိုင်ရန် တောင်သူများကို အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များမျှဝေနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

 - သင်းသင်းလှိုင်(အကုန်သိသတင်းဋ္ဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။