Skip to main content
ယခုမတ္လအတြင္း စပါးအေျခခံၾကမ္းခင္းေစ်းသတ္မွတ္မႈထုတ္ျပန္မည္
Ads Block

ယခုမတ္လအတြင္း စပါးအေျခခံၾကမ္းခင္းေစ်းသတ္မွတ္မႈထုတ္ျပန္မည္

လာမည့္စပါးရာသီအတြက္စပါးအေျခခံၾကမ္းခင္းေစ်းႏႈန္းကို ယခုရက္ပိုင္းအတြင္း ထုတ္ျပန္သြားမည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဥကၠၠ႒ ဦးရဲမင္းေအာင္ေျပာၾကားခ်က္အရ သိရသည္။ 
အဆိုပါ စပါးၾကမ္းခင္းေစ်းႏႈန္းသည္ လာမည့္ ၂၀၁၉ ခုႏွစ္မိုးစပါးႏွင့္ ၂၀၂၀ ခုႏွစ္ ေႏြစပါးအတြက္ သတ္မွတ္မည္ျဖစ္ၿပီး ယခုမတ္လအတြင္း မျဖစ္မေနထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း သိရသည္။ 
“ အေျခခံေစ်းႏႈန္းက မတ္လထဲမွာ ထုတ္ႏိုင္ေအာင္ လုပ္ပါမယ္။ အခုေၾကညာရမွာက ၂၀၁၉ မိုးစပါးနဲ႔ ၂၀၂၀ ေႏြစပါးအတြက္ ေၾကညာရမွာ ျဖစ္တယ္။ ၁၉ -၂၀ စပါး ရာသီျဖစ္တဲ႔အတြက္ အခ်ိန္ရွိပါေသးတယ္။ မတ္လထဲမွာေတာ့ ထုတ္ပါမယ္။ မႏွစ္ကထုတ္တဲ့အေျခခံေစ်းႏႈန္းက ၂၀၁၈ မိုးစပါးနဲ႔ ၂၀၁၉ ေႏြစပါးအတြက္ ျဖစ္တယ္။ အခုေပၚေနတဲ႔အခ်ိန္အထိ အက်ံဳးဝင္ေသးတယ္” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဥကၠၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။ 
သို႔ရာတြင္ စပါးေပၚခ်ိန္၌ စပါးေစ်းႏႈန္းမ်ားက်ဆင္းေလ့ရွိသျဖင့္ ေတာင္သူအက်ိဳးစီးပြားကာကြယ္သည့္ အေနျဖင့္ စပါးေစ်းမက်ေစရန္ ရည္ရြယ္၍ ျပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ မတ္လ ၆ ရက္၌ ေနျပည္ေတာ္တြင္ က်င္းပသည့္ အခမ္းအနားတြင္ ၂၀၁၈ မိုးစပါးႏွင့္ ၂၀၁၉ ေႏြစပါးအတြက္ စပါးတင္း ၁၀၀ လွ်င္ အေျခခံၾကမ္းခင္းေစ်းႏႈန္း က်ပ္ ၅ သိန္းအျဖစ္ သတ္မွတ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ေၾကညာခဲ႔သည္။
ထို႔အျပင္ ၂၀၁၈ ခုႏွစ္၊ ေမလ ၆ ရက္က ေနျပည္ေတာ္၌က်င္းပသည့္ ျမန္မာ့ဆန္စပါးက႑ဖြံ႔ၿဖိဳးေရး ႏွီးေႏွာဖလွယ္ပြဲတြင္လည္း ၄၆ ေပါင္ကိုက္ စပါးတင္း ၁၀၀ လွ်င္ အေျခခံေဈးႏႈန္း က်ပ္ငါးသိန္းျဖင့္ဝယ္ယူရန္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ခဲ့သည္။ 
လက္ရွိတြင္ စပါး တင္း ၁၀၀ လွ်င္ က်ပ္ ၅ သိန္း ၇ ေသာင္းမွ က်ပ္ ၆ သိန္းဝန္းက်င္အထိ ေစ်းကြက္ေပါက္ေစ်း ရွိေၾကာင္း ေတာင္သူမ်ားထံမွ သိရသည္။

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

ယခုမတ်လအတွင်း စပါးအခြေခံကြမ်းခင်းဈေးသတ်မှတ်မှုထုတ်ပြန်မည်

လာမည့်စပါးရာသီအတွက်စပါးအခြေခံကြမ်းခင်းဈေးနှုန်းကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္က္ကဋ္ဌ ဦးရဲမင်းအောင်ပြောကြားချက်အရ သိရသည်။ 
အဆိုပါ စပါးကြမ်းခင်းဈေးနှုန်းသည် လာမည့် ၂၀၁၉ ခုနှစ်မိုးစပါးနှင့် ၂၀၂၀ ခုနှစ် နွေစပါးအတွက် သတ်မှတ်မည်ဖြစ်ပြီး ယခုမတ်လအတွင်း မဖြစ်မနေထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ 
“ အခြေခံဈေးနှုန်းက မတ်လထဲမှာ ထုတ်နိုင်အောင် လုပ်ပါမယ်။ အခုကြေညာရမှာက ၂၀၁၉ မိုးစပါးနဲ့ ၂၀၂၀ နွေစပါးအတွက် ကြေညာရမှာ ဖြစ်တယ်။ ၁၉ -၂၀ စပါး ရာသီဖြစ်တဲ့အတွက် အချိန်ရှိပါသေးတယ်။ မတ်လထဲမှာတော့ ထုတ်ပါမယ်။ မနှစ်ကထုတ်တဲ့အခြေခံဈေးနှုန်းက ၂၀၁၈ မိုးစပါးနဲ့ ၂၀၁၉ နွေစပါးအတွက် ဖြစ်တယ်။ အခုပေါ်နေတဲ့အချိန်အထိ အကျုံးဝင်သေးတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္က္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ 
သို့ရာတွင် စပါးပေါ်ချိန်၌ စပါးဈေးနှုန်းများကျဆင်းလေ့ရှိသဖြင့် တောင်သူအကျိုးစီးပွားကာကွယ်သည့် အနေဖြင့် စပါးဈေးမကျစေရန် ရည်ရွယ်၍ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်၌ နေပြည်တော်တွင် ကျင်းပသည့် အခမ်းအနားတွင် ၂၀၁၈ မိုးစပါးနှင့် ၂၀၁၉ နွေစပါးအတွက် စပါးတင်း ၁၀၀ လျှင် အခြေခံကြမ်းခင်းဈေးနှုန်း ကျပ် ၅ သိန်းအဖြစ် သတ်မှတ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် ၂၀၁၈ ခုနှစ်၊ မေလ ၆ ရက်က နေပြည်တော်၌ကျင်းပသည့် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲတွင်လည်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင် အခြေခံဈေးနှုန်း ကျပ်ငါးသိန်းဖြင့်ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ခဲ့သည်။ 
လက်ရှိတွင် စပါး တင်း ၁၀၀ လျှင် ကျပ် ၅ သိန်း ၇ သောင်းမှ ကျပ် ၆ သိန်းဝန်းကျင်အထိ ဈေးကွက်ပေါက်ဈေး ရှိကြောင်း တောင်သူများထံမှ သိရသည်။

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။