Skip to main content
အာဆင္နယ္အသင္းမန္ေနဂ်ာေဟာင္း အာဆင္၀င္းဂါးအား ဖီဖာမွ ေခၚယူတာ၀န္ေပးအပ္သြားရန္ ဆႏၵရွိေန 
Ads Block

အာဆင္နယ္အသင္းမန္ေနဂ်ာေဟာင္း အာဆင္၀င္းဂါးအား ဖီဖာမွ ေခၚယူတာ၀န္ေပးအပ္သြားရန္ ဆႏၵရွိေန 

ကမၻာ့ေဘာလံုးအဖြဲ႕ခ်ဳပ္ (ဖီဖာ) သည္ အာဆင္နယ္အသင္းမန္ေနဂ်ာေဟာင္း အာဆင္၀င္းဂါးအား ဖီဖာ၏ နည္းစနစ္ပိုင္း ဆုိင္ရာအဖြဲ႕အႀကီးအကဲအျဖစ္ ခန္႔အပ္သြားရန္ ဆႏၵရွိေနေၾကာင္း၊ ဖီဖာဥကၠ႒ အင္ဖန္တီႏိုအေနျဖင့္ အာဆင္၀င္းဂါးႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ရန္ ေစာင့္ဆုိင္းေနေၾကာင္း ျပင္သစ္အားကစားမီဒီယာမ်ားတြင္ ေရးသားေဖာ္ျပထားသည္။ ျပင္သစ္လူမ်ိဳး မန္ေနဂ်ာ အာဆင္၀င္းဂါး (၆၉ ႏွစ္) သည္ ၂၀၁၇-၂၀၁၈ ခုႏွစ္ ေဘာလံုးရာသီအကုန္တြင္ အာဆင္နယ္ အသင္းမန္ေနဂ်ာရာထူးမွ ႏုတ္ထြက္ခဲ့ၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနသူျဖစ္သည္။ အာဆင္နယ္အသင္းအား ၂၂ ႏွစ္ ၾကာ တာ၀န္ယူခဲ့သူ မန္ေနဂ်ာ အာဆင္၀င္းဂါးအား ျပင္သစ္ထိပ္တန္းကလပ္ ပီအက္စ္ဂ်ီအသင္းအပါအ၀င္ ကလပ္ အသင္းအခ်ိဳ႕ ေခၚယူရန္ စိတ္၀င္စားမႈရွိေနေသာ္လည္း ဖီဖာတာ၀န္ရွိသူမ်ားက ကလပ္အသင္းမ်ားႏွင့္အၿပိဳင္ မန္ေနဂ်ာ အာဆင္၀င္းဂါးအား ဖီဖာ၏ တာ၀န္ရွိသူတစ္ဦးအျဖစ္ ခန္႔အပ္ရန္ ရည္ရြယ္ထားျခင္းျဖစ္သည္။ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းသည္ ယခုႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ၁၆ သင္း႐ံႈးထြက္အဆင့္ပြဲစဥ္တြင္ မန္ယူအသင္းအား အေရးနိမ့္ကာ ၿပိဳင္ပြဲမွ ထြက္ခဲ့ရၿပီးေနာက္ အသင္း၏ လက္ရွိနည္းျပ တုိမက္စ္တူခ်ယ္၏ေနရာတြင္ အာဆင္၀င္းဂါးအား အစားထုိး ခန္႔ အပ္သြားရန္ စဥ္းစားေနျခင္းျဖစ္သည္။ ဖီဖာဥကၠ႒ အင္ဖန္တီႏိုက မန္ေနဂ်ာ အာဆင္၀င္းဂါးအား ေဘာလံုးအားကစား၏ ဥပေဒသစ္မ်ား ဖန္တီးမိတ္ဆက္ျခင္း၊ ဒိုင္လူႀကီးမ်ားႏွင့္ပတ္သက္သည့္ စည္းကမ္းဥပေဒသမ်ား ျပင္ဆင္ေျပာင္းလဲျခင္းစသည့္ လုပ္ငန္းတာ၀န္မ်ားအား ထမ္း ေဆာင္ေစရန္ လိုလားေနျခင္းျဖစ္သည္။

အာဆင္နယ္အသင္းမန္ေနဂ်ာေဟာင္း အာဆင္၀င္းဂါးအား ဖီဖာမွ ေခၚယူတာ၀န္ေပးအပ္သြားရန္ ဆႏၵရွိေန 

မန္ေနဂ်ာ ဘ၀မွ အနားယူမည္မဟုတ္ေသးေၾကာင္း ေျပာဆုိထားသူ အာဆင္၀င္းဂါးအေနျဖင့္ ဖီဖာ၏ ကမ္းလွမ္းခ်က္အား လက္ခံခဲ့မည္ဆုိပါက လာမည့္ သီတင္းပတ္အနည္းငယ္အတြင္း၌ပင္ ခန္႔အပ္ျဖစ္ႏုိင္ေၾကာင္း၊ သုိ႔ေသာ္လည္း အာဆင္၀င္းဂါးအေနျဖင့္ ဖီဖာ၏ ကမ္းလွမ္းမႈအေပၚ အခ်ိန္ယူစဥ္းစားဖြယ္ရွိေနေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ ေရးသားထားသည္။ နန္စီ၊ မိုနာကိုစသည့္ ျပင္သစ္ကလပ္မ်ားႏွင့္ ဂ်ပန္ကလပ္ နာဂိုယာဂရမ္းပတ္အသင္းအား တာ၀န္ယူခဲ့ဖူးသူ အာဆင္၀င္း ဂါးသည္ အာဆင္နယ္အသင္းအား ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလား သံုးႀကိမ္၊ အက္ဖ္ေအခ်န္ပီယံဖလား ၇ ႀကိမ္၊ ကြန္ ျမဴနတီဒိုင္း ၇ ႀကိမ္ ရယူႏုိင္ရန္ ဦးေဆာင္မႈ ေပးႏုိင္ခဲ့သူျဖစ္သည္။

Unicode version

အာဆင်နယ်အသင်းမန်နေဂျာဟောင်း အာဆင်ဝင်းဂါးအား ဖီဖာမှ ခေါ်ယူတာဝန်ပေးအပ်သွားရန် ဆန္ဒရှိနေ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် အာဆင်နယ်အသင်းမန်နေဂျာဟောင်း အာဆင်ဝင်းဂါးအား ဖီဖာ၏ နည်းစနစ်ပိုင်း ဆိုင်ရာအဖွဲ့အကြီးအကဲအဖြစ် ခန့်အပ်သွားရန် ဆန္ဒရှိနေကြောင်း၊ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုအနေဖြင့် အာဆင်ဝင်းဂါးနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် စောင့်ဆိုင်းနေကြောင်း ပြင်သစ်အားကစားမီဒီယာများတွင် ရေးသားဖော်ပြထားသည်။ ပြင်သစ်လူမျိုး မန်နေဂျာ အာဆင်ဝင်းဂါး (၆၉ နှစ်) သည် ၂၀၁၇-၂၀၁၈ ခုနှစ် ဘောလုံးရာသီအကုန်တွင် အာဆင်နယ် အသင်းမန်နေဂျာရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ အာဆင်နယ်အသင်းအား ၂၂ နှစ် ကြာ တာဝန်ယူခဲ့သူ မန်နေဂျာ အာဆင်ဝင်းဂါးအား ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းအပါအဝင် ကလပ် အသင်းအချို့ ခေါ်ယူရန် စိတ်ဝင်စားမှုရှိနေသော်လည်း ဖီဖာတာဝန်ရှိသူများက ကလပ်အသင်းများနှင့်အပြိုင် မန်နေဂျာ အာဆင်ဝင်းဂါးအား ဖီဖာ၏ တာဝန်ရှိသူတစ်ဦးအဖြစ် ခန့်အပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းသည် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် မန်ယူအသင်းအား အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် အသင်း၏ လက်ရှိနည်းပြ တိုမက်စ်တူချယ်၏နေရာတွင် အာဆင်ဝင်းဂါးအား အစားထိုး ခန့် အပ်သွားရန် စဉ်းစားနေခြင်းဖြစ်သည်။ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက မန်နေဂျာ အာဆင်ဝင်းဂါးအား ဘောလုံးအားကစား၏ ဥပဒေသစ်များ ဖန်တီးမိတ်ဆက်ခြင်း၊ ဒိုင်လူကြီးများနှင့်ပတ်သက်သည့် စည်းကမ်းဥပဒေသများ ပြင်ဆင်ပြောင်းလဲခြင်းစသည့် လုပ်ငန်းတာဝန်များအား ထမ်း ဆောင်စေရန် လိုလားနေခြင်းဖြစ်သည်။ မန်နေဂျာ ဘဝမှ အနားယူမည်မဟုတ်သေးကြောင်း ပြောဆိုထားသူ အာဆင်ဝင်းဂါးအနေဖြင့် ဖီဖာ၏ ကမ်းလှမ်းချက်အား လက်ခံခဲ့မည်ဆိုပါက လာမည့် သီတင်းပတ်အနည်းငယ်အတွင်း၌ပင် ခန့်အပ်ဖြစ်နိုင်ကြောင်း၊ သို့သော်လည်း အာဆင်ဝင်းဂါးအနေဖြင့် ဖီဖာ၏ ကမ်းလှမ်းမှုအပေါ် အချိန်ယူစဉ်းစားဖွယ်ရှိနေကြောင်း သတင်းများတွင် ဆက်လက် ရေးသားထားသည်။ နန်စီ၊ မိုနာကိုစသည့် ပြင်သစ်ကလပ်များနှင့် ဂျပန်ကလပ် နာဂိုယာဂရမ်းပတ်အသင်းအား တာဝန်ယူခဲ့ဖူးသူ အာဆင်ဝင်း ဂါးသည် အာဆင်နယ်အသင်းအား ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား သုံးကြိမ်၊ အက်ဖ်အေချန်ပီယံဖလား ၇ ကြိမ်၊ ကွန် မြူနတီဒိုင်း ၇ ကြိမ် ရယူနိုင်ရန် ဦးဆောင်မှု ပေးနိုင်ခဲ့သူဖြစ်သည်။

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။