Skip to main content
ဦးေဇာ္ေဇာ္ရဲ ့ဧရာ၀တီဘဏ္ ၊ ဦးျဖိဳးမင္းသိန္းရဲ ့တုိင္းအစုိးရနဲ ့ဦးေန၀င္း ေျမး ဦးေက်ာ္ေန၀င္းတုိ ့ၾကားက YBS ကား၀ယ္ယူမႈ အရႈပ္အေထြး ေနာက္ကြယ္
Ads Block

ဦးေဇာ္ေဇာ္ရဲ ့ဧရာ၀တီဘဏ္ ၊ ဦးျဖိဳးမင္းသိန္းရဲ ့တုိင္းအစုိးရနဲ ့ဦးေန၀င္း ေျမး ဦးေက်ာ္ေန၀င္းတုိ ့ၾကားက YBS ကား၀ယ္ယူမႈ အရႈပ္အေထြး ေနာက္ကြယ္

" သူတုိ ့အစုိးရတက္တက္ခ်င္းမွာ မေထာ္မကမ္းၾကီးေတြျဖစ္ေနလုိ ့၊ ၀ုိင္းလုပ္ေပးပါဆုိလုိ ့၊ ကူေပးတဲ့သေဘာပဲ။ ကူေပးတာမွာ ဘယ္ကေန အဲဒီေကာင္ေတြပါလာမွန္းမသိဘူး။ သူတုိ ့မိတ္ဆက္ေပးလုိ ့သာ သိရတာ " လုိ ့ဧရာ၀တီဘဏ္ပုိင္ရွင္ ဦးေဇာ္ေဇာ္က ေျပာပါတယ္။ 
လတ္တေလာျဖစ္ေပၚေနတဲ့ YBS ယာဥ္အသစ္ေတြ ၀ယ္ယူဖုိ ့အတြက္ ဧရာ၀တီဘဏ္ကေန ဦးေန၀င္းရဲ ့ေျမးမ်ားအုပ္စုနဲ ့အျခားကုမၸဏီအခ်ဳိ ့က ရန္ကုန္အစုိးရရဲ ့ၾကား၀င္ေပးမႈနဲ ့ေငြက်ပ္ဘီလ်ံခ်ီ ေခ်းယူခဲ့ျပီး ျပန္မဆပ္တဲ့ျပႆနာနဲ ့ပတ္သက္ျပီး ရည္ညႊန္းခဲ့တာပါ။ လူမႈကြန္ရက္တစ္ခြင္မွာ မတ္လ(၇)ရက္ညပုိင္းက ပ်ံ ့ႏွံ ့လာတဲ့ YBS ယာဥ္အသစ္ေတြအတြက္ အေၾကြးကိစၥဆုိင္ရာ စာရြက္စာတမ္းေတြအရဆုိရင္ နစ္နာရသူဟာ ဧရာ၀တီဘဏ္ျဖစ္ေနတယ္လုိ ့ဆုိရမလုိပါ။ 

YBS ယာဥ္လုိင္းေတြရဲ ့အစ
၂၀၁၆ ခုႏွစ္ ဧျပီလမွာ အစုိးရသစ္တက္လာျပီးတဲ့ေနာက္ ရန္ကုန္တုိင္းေဒသၾကီးအစုိးရအဖြဲ ့၀င္ ၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းက ၂၀၁၇ ဇန္န၀ါရီလလယ္မွာ မီဒီယာေတြကုိ ေခၚယူေတြ ့ဆုံျပီး မထသအစား YBS စနစ္နဲ ့ေနာက္ထပ္ (၇၂) နာရီၾကာရင္ စတင္အစားထုိးေတာ့မယ့္အေၾကာင္း အသိေပးခဲ့ပါတယ္။ တစ္နည္းအားျဖင့္ ျပင္ဆင္ခ်ိန္ သုံးရက္သာရရွိခဲ့တာမ်ဳိးပါ။

ဦးေဇာ္ေဇာ္ရဲ ့ဧရာ၀တီဘဏ္ ၊ ဦးျဖိဳးမင္းသိန္းရဲ ့တုိင္းအစုိးရနဲ ့ဦးေန၀င္း ေျမး ဦးေက်ာ္ေန၀င္းတုိ ့ၾကားက YBS ကား၀ယ္ယူမႈ အရႈပ္အေထြး ေနာက္ကြယ္

ဒီလုိေျပာတဲ့ေနရာမွာ ကားအသစ္ေတြ ေထာင္ခ်ီျပီး၀ယ္မယ့္အေၾကာင္းလည္း ပါ၀င္ခဲ့သလုိ ကားသစ္ေတြအတြက္ တရုတ္ႏုိင္ငံဆီကေန အေၾကြးနဲ ့၀ယ္ခြင့္ရတဲ့အေၾကာင္းလည္း ပါ၀င္ခဲ့ပါတယ္။ ဇန္န၀ါရီ ၁၆ ရက္ကေနစတင္ျပီး YBS စနစ္ေျပာင္းလဲေျပးဆြဲတဲ့ေနာက္ တစ္ပတ္ေက်ာ္အၾကာ ဇန္န၀ါရီ ၂၄ ရက္မွာေတာ့ ဧရာ၀တီဘဏ္ဆီကုိ စာတစ္ေစာင္ပုိ ့လုိက္ပါတယ္။ ၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းကုိယ္စား အတြင္းေရးမွဴး ဦးမ်ဳိးေအာင္ေဌးဆုိသူရဲ ့လက္မွတ္နဲ ့ေခ်းေငြေတာင္းခံစာတစ္ေစာင္ပါ။ ဒီစာထဲမွာေတာ့ ေခ်းေငြက်ပ္သန္းတစ္ေသာင္းကုိ ဘ႑ာေရးဆုိင္ရာအကူအညီလုိအပ္ခ်က္ျဖစ္ေပၚေနလုိ ့ေခ်းေပးဖုိ ့ေဖာ္ျပထားပါတယ္။ ဒီေငြပမာဏကုိလည္း သုံးလသက္တမ္းအျဖစ္နဲ ့ဘဏ္လုပ္ထုံးလုပ္နည္းအတုိင္း ေခ်းေပးဖုိ ့အေၾကာင္းၾကားတာမ်ဳိးလည္း ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ YBS ကားသစ္ၾကီးေတြဟာ လမ္းေပၚမွာခန္ ့ညားစြာသြားလာ အသုံးေတာ္ခံေနပါတယ္။ ဒီကားေတြကုိ ဘယ္ကုမၸဏီေတြက တာ၀န္ယူထားလဲဆုိတဲ့ေနရာမွာေတာ့ ဧရာ၀တီဘဏ္က တုိင္းအစုိးရအဖြဲ ့၀င္ ၀န္ၾကီး ေဒၚနီလာေက်ာ္ဆီကုိ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ(၃)ရက္မွာ ျပန္ပုိ ့တဲ့စာေတြအရ ေၾကြးျပန္မဆပ္တဲ့ကုမၸဏီသုံးခုကုိ သြားေတြ ့ပါတယ္။ ဒီအထဲမွာေတာ့ အာဏာရွင္ေဟာင္း ဦးေန၀င္းရဲ ့ေျမးျဖစ္သူ ေက်ာ္ေန၀င္း ဦးေဆာင္တဲ့ Omni Focus ကုမၸဏီအပါအ၀င္ Central Yangon Network နဲ ့Keen Support တုိ ့ျဖစ္ပါတယ္။ ဒီကုမၸဏီသုံးခုလုံးဟာ တုိင္းအစုိးရအဖြဲ ့ရဲ ့Yangon Region Transport Authority (YRTA)ေအာက္မွာဖြဲ ့စည္းထားတဲ့ ကုမၸဏီေတြျဖစ္ေနပါတယ္။ ဒီကုမၸဏီေတြကေန တရုတ္ကုမၸဏီေတြဆီမွာ တရုတ္ထုတ္ကားေတြကုိ တင္သြင္းခဲ့တာမ်ဳိးျဖစ္သလုိ စုစုေပါင္းကားစီးေရ ၅၀၀ အတြက္ က်ပ္ ၅၆ ဒသမ ၇၄ ဘီလ်ံေက်ာ္ကုိ ဧရာ၀တီဘဏ္ဆီကေန တုိင္းအစုိးရအဖြဲ ့ရဲ ့အေၾကာင္းၾကားနဲ ့အညီ ေခ်းေပးခဲ့တာမ်ဳိး ျဖစ္ပါတယ္။ YBS အစပုိင္းမွာေတာ့ ေခ်းေငြကိစၥေတြနဲ ့လုပ္ထုံးလုပ္နည္းေတြ၊ YBS မွာ ထည့္သုံးမယ့္ YPS ကတ္စနစ္အတြက္ Settlement Bank ကိစၥေတြအပါအ၀င္ ဧရာ၀တီဘဏ္ဟာ တုိင္းအစုိးရအဖြဲ ့ရဲ ့ပစားေပးမႈ ခံခဲ့ရပါတယ္။ အျခားေသာဘဏ္ေတြနဲ ့မီဒီယာေတြကပါ ၀ုိင္း၀န္းအျမင္မၾကည္တဲ့အထိ ျဖစ္သြားတာမ်ဳိးပါပဲ။ YBS စနစ္ဟာ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီ ၁၆ ရက္ကေန စတင္ခဲ့တာမွာ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီ ေက်ာ္သြားခ်ိန္ စုစုေပါင္း လေပါင္း၂၆ လ ေက်ာ္သြားခ်ိန္မွာေတာ့ အရႈပ္အေထြးေတြ စတင္ေပၚလာတာမ်ဳိးလည္း ျဖစ္သြားပါတယ္။ ၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းကေတာ့ ၂၀၁၇ ဇန္န၀ါရီ ၁၆ ကေန ၂၀၁၈ ဇန္န၀ါရီ ၁၆ ကုိ ေရာက္ခ်ိန္မွာ စင္ကာပူအဆင့္နီးပါး ဘတ္စ္ကားစနစ္ျဖစ္ေစရမယ္လုိ ့အာမခံခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ ေနာက္ထပ္တစ္ႏွစ္သာ ေက်ာ္သြားသည့္တုိင္ YPS ကတ္စနစ္ကုိေတာင္ စတင္ႏုိင္ျခင္းမရွိေသးတာက မ်က္ျမင္ပဲ ျဖစ္ပါတယ္။ ကားအသစ္ေတြ ၀ယ္လုိက္လုိ ့၊ ကားအသစ္ေတြကို အဲကြန္းဖြင့္ေမာင္းခုိင္းလုိက္လုိ ့အစီးေရ ၁၀၀၀ ေတာင္မျပည့္ေသးတဲ့ကားအသစ္ေတြထဲမွာေတာ့ ခရီးသည္ေတြအဆင္ေျပေနေသးေပမယ့္ ကားအသစ္ေတြ ေဟာင္းသြားခ်ိန္၊ တစ္နည္းအားျဖင့္ သုံးႏွစ္ေက်ာ္လာခ်ိန္ေရာက္ရင္ ဘာဆက္ျဖစ္မလဲဆုိတာကေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ 

ဦးေဇာ္ေဇာ္ရဲ ့ဧရာ၀တီဘဏ္ ၊ ဦးျဖိဳးမင္းသိန္းရဲ ့တုိင္းအစုိးရနဲ ့ဦးေန၀င္း ေျမး ဦးေက်ာ္ေန၀င္းတုိ ့ၾကားက YBS ကား၀ယ္ယူမႈ အရႈပ္အေထြး ေနာက္ကြယ္

ရန္ကုန္တုိင္းအစုိးရအဖြဲ ့၊ YRTA နဲ ့ဧရာ၀တီဘဏ္တုိ ့အၾကား ေငြေၾကးအရႈပ္ေတာ္ပုံ
YBS ရဲ ့အစမွာေတာ့ အစုိးရအဖြဲ ့က က်ပ္သန္းတစ္ေသာင္းထုတ္ေခ်းေပးဖုိ ့ဧရာ၀တီဘဏ္ကုိ စာပုိ ့တယ္။ ေခ်းယူတဲ့က်ပ္သန္းတစ္ေသာင္းကုိ သုံးလသက္တမ္းမ်ဳိးနဲ ့သတ္မွတ္ေစတယ္။ ဧရာ၀တီဘဏ္ဘက္ကလည္း တုိင္းအစုိးရအဖြဲ ့ရဲ ့စာေၾကာင့္ ထုတ္ေခ်းတယ္ေပ့ါ။ တုိင္းအစုိးရအဖြဲ ့က ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီ ၂၀ ရက္မွာ ပထမဆုံးလုိ ့ဆုိရမယ့္စာတစ္ေစာင္ကုိ ႏုိင္ငံေတာ္ဗဟုိဘဏ္ဆီ ပုိ ့ခဲ့ပါတယ္။ ဒီစာထဲမွာေတာ့ ကားအေဟာင္းစီးေရ ၅၀၀၀ အထိ လဲလွယ္သြားဖုိ ့ရွိေနတာမွာ ျပည္တြင္းဘဏ္နဲ ့ျပည္ပဘဏ္တုိ ့အၾကား စုေပါင္းေခ်းေငြ( Syndicated Loan) သုိ ့မဟုတ္ Jiont Loan ေခ်းေငြအျဖစ္ ငါးႏွစ္ကေန ခုႏွစ္ႏွစ္အတြင္း ေခ်းယူၾကဖုိ ့အတြက္ ဧရာ၀တီဘဏ္က Lead Aranger အျဖစ္ ေဆာင္ရြက္သြားမယ္လုိ ့ေဖာ္ျပထားပါတယ္။ ဒီစာကုိလည္း ၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းကုိယ္စား အတြင္းေရးမွဴး ဦးမ်ဳိးေအာင္ေဌးက လက္မွတ္ထုိးထားပါတယ္။ ဒီစာအျပီး ေလးရက္အၾကာ ဇန္န၀ါရီ ၂၄ ရက္မွာပဲ ဧရာ၀တီဘဏ္ဆီကုိ က်ပ္သန္းတစ္ေသာင္းေခ်းေပးဖုိ ့စာထပ္ပုိ ့ခဲ့တာမ်ဳိးပါ။ ဒီျဖစ္စဥ္ေတြနဲ ့ပတ္သက္ျပီး ဦးေဇာ္ေဇာ္ကေတာ့ အခုလုိေျပာပါတယ္။ " သူတုိ ့အစုိးရတက္တက္ခ်င္းမွာ ဒါၾကီးက မေထာ္မကမ္းၾကီးေတြျဖစ္ေနလုိ ့၊ ၀ုိင္းလုပ္ေပးပါဆုိလုိ ့၊ ကူေပးတဲ့သေဘာပဲ။ ကူေပးတာမွာ ဘယ္ကေန အဲဒီေကာင္ေတြပါလာမွန္းမသိဘူး။ သူတုိ ့မိတ္ဆက္ေပးလုိ ့ပါလာတယ္။ ငါလည္း တစ္ခါမွမေတြ ့ဘူး။ သူတုိ ့ကုိ ျမင္ေတာင္ မျမင္ဖူးဘူး။ ေတြ ့ေတာင္ မေတြ ့ဖူးဘူး။ သူတုိ ့မိတ္ဆက္ေပးေတာ့မွ ၊ ဟာ ဒီေကာင္ေတြ ဘယ္လုိပါလာတာတုန္းဆုိျပီး ေခ်းေငြေတြကုိ အတင္းလုိက္ျပီး ျပန္ေလ်ာ့ရတာ " လုိ ့ဦးေဇာ္ေဇာ္က ၂၀၁၉ ခုႏွစ္မတ္လ ၈ ရက္ေန ့လယ္ပုိင္းမွာ အကုန္သိသတင္းဌာနကုိ ေျပာပါတယ္။ စုစုေပါင္း ေခ်းေငြပမာဏဟာ က်ပ္ ၅၆ ဒသမ ၇၄၄ ဘီလ်ံေက်ာ္ျဖစ္ျပီး ဒီေငြေတြကုိ YRTA ေအာက္က Omni Focus ၊ Central Yangon Network နဲ ့Keen Support ကုမၸဏီသုံးခုက ၀ုိင္း၀န္းရယူခဲ့ၾကတာပါ။ ဧရာ၀တီဘဏ္အေနနဲ ့က လစဥ္အတုိးေပးသြင္းမႈကုိ ရယူခဲ့ၾကေပမယ့္ ၂၀၁၈ ခုႏွစ္ မတ္လ ၁၅ ရက္ေန ့အထိ ဆုိရင္ စုစုေပါင္း(၅) လၾကာေအာင္ အတုိးေတြထပ္မရေတာ့ဘူးလုိ ့လည္း Omni Focus ဆီကုိ အေၾကြးေတာင္းတဲ့စာထဲမွာလည္း ေဖာ္ျပထားပါတယ္။ အဲဒီစာထဲမွာေတာ့ Omni Focus ကုမၸဏီက ၀ယ္ယူခဲ့တဲ့ကားစီးေရ ၁၀၀ အတြက္ ပုိင္ဆုိင္မႈစာခ်ဳပ္မွာ အတုိးေငြအသြင္းဘဲ သုံးလေက်ာ္ၾကာလာရင္ ၀ယ္ယူသုံးစြဲေနတဲ့ယာဥ္ေတြကုိ ဘဏ္လက္ထဲ ထုိးအပ္ရမယ္ဆုိတဲ့ ႏွစ္ဖက္သေဘာတူညီမႈ ရွိထားတယ္လုိ ့ဆုိပါတယ္။ အတုိးလည္း မေပး ၊ ကားလည္း မအပ္ဘူးဆုိရင္ေတာ့ ဘဏ္လုပ္ထုံးလုပ္နည္းအတုိင္းသြားမယ္လုိ ့ထည့္ေရးထားပါတယ္။ ဒီစာကုိေတာ့ Omni Focus ကုမၸဏီဆီကုိ ၂၀၁၈ ခုႏွစ္ မတ္လ(၇) ရက္မွာ ဧရာ၀တီဘဏ္ဘက္က ပုိ ့ခဲ့တာပါ။ ဒီလုိပုိ ့ခဲ့ေပမယ့္ အေၾကာင္းမထူးေတာ့တာေၾကာင့္လုိ ့ယူဆစရာရွိတဲ့ စာတစ္ေစာင္လည္း ထပ္ထြက္လာျပန္ပါတယ္။ ဒါကေတာ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ(၃)ရက္မွာပဲ တုိင္းအစုိးရအဖြဲ ့လွ်ပ္စစ္၊ စက္မႈနဲ ့လမ္းပန္းဆက္သြယ္ေရး၀န္ၾကီး ေဒၚနီလာေက်ာ္ဆီကုိ စာပုိ ့ခဲ့တာမ်ဳိးပါ။ ဒီစာထဲမွာလည္း YRTA ေအာက္က ကုမၸဏီေတြဆီကုိ တုိင္းအစုိးရအဖြဲ ့ေၾကာင့္ ေငြေၾကးကူညီေပးခဲ့ေၾကာင္း ၊ အဲဒီထဲကမွ  Omni Focus ၊ Central Yangon Network နဲ ့Keen Support တုိ ့ကုမၸဏီသုံးခုဟာ ကားစီးေရ ၅၀၀ အတြက္ က်ပ္ ၅၆ ဘီလ်ံေက်ာ္ကုိ ထုတ္ေခ်းေပးထားသည့္တုိင္ အတုိးကုိပုံမွန္မဆပ္ခဲ့ဘူးလုိ ့ေဖာ္ျပထားပါတယ္။ အျခားေသာ ကုမၸဏီေတြက အတုိးဆပ္ေနေပမယ့္ ဒီကုမၸဏီသုံးခုက မဆပ္တာလုိ ့ေရးထားတာပါ။ ၂၀၁၇ ခုႏွစ္ ႏုိ၀င္ဘာလကေန ၂၀၁၈ ခုႏွစ္ ႏုိ၀င္ဘာအထိ(လက္ရွိကာလအပါအ၀င္) သတ္မွတ္သေဘာတူစာခ်ဳပ္အတုိင္း မဆပ္တာမ်ဳိးလုိ ့ဆုိပါတယ္။ " အဲဒီကားေတြအကုန္လုံးက ရန္ကုန္တုိင္းအစုိးရက ဦးေဆာင္မႈေအာက္မွာရွိတာေလ။ သူတုိ ့က မစီစဥ္ေပးရင္ . . ။ အမွန္ေတာ့ HP (Hire Purchase)နဲ ့၀ယ္လုိ ့လစဥ္ျပန္သြင္းေငြ ပုံမွန္မဆပ္လုိ ့ရက္(၉၀)ေက်ာ္လာရင္ သိမ္းလုိ ့ရျပီေလ။ ဒါေပမဲ့ ဒီကားေတြက အမ်ားသူငါအတြက္ သုံးေနတာကုိ သြားသိမ္းမယ္ဆုိရင္ ျပည္သူေတြ ဒုကၡေရာက္ဦးမယ္ေလ။ အဲဒီေတာ့ ကၽြန္ေတာ္တုိ ့က ၾကားကေန ညပ္တာေပ့ါ။ အဓိကက သူတို ့က ျပန္ထိမ္းျပီးေတာ့ ဘဏ္ကုိျပန္ေပးလုိက္ရင္ ျပီးသြားတာပဲ။ သူတုိ ့အစုိးရမွာေတာ့ တာ၀န္ရွိတာေပ့ါေလ " လုိ ့ဦးေဇာ္ေဇာ္က ေျပာပါတယ္။ လက္ရွိ ဒီအရႈပ္အေထြးဟာ ၾကားထဲမွာ ဘယ္လုိသေဘာတူညီခ်က္ေတြ ရွိေနလဲဆုိတာ မသိရေသးေပမယ့္ ရွင္းလင္းစြာျမင္ထားရမယ့္အခ်က္ကေတာ့ တစ္စုံတစ္ဦး၊ ကုမၸဏီတစ္ခုခုက ဘဏ္မွာ ေငြေခ်းမယ္ဆုိရင္ အငွား၀ယ္စနစ္ေခၚ HP နဲ ့ေခ်းရင္ေတာင္ လစဥ္ျပန္သြင္းေငြဆုိတာ ရွိပါတယ္။ ဒီလုိျပန္သြင္းေငြကုိ မသြင္းႏုိင္ရင္ သုိ ့မဟုတ္ သတ္မွတ္ကာလေတြထက္ ေက်ာ္လြန္ျပီး ျပန္မဆပ္ႏုိင္ရင္ အေပါင္ထားတဲ့ပစၥည္းတစ္ခုခုဟာ ဘဏ္ကုိထုိးအပ္ေပးရမွာ ဆုံးရႈံးခံရမွာက အတိအက်ပါပဲ။ သုိ ့ေသာ္လည္း အစုိးရေတြက ၾကားကေန ကုမၸဏီတစ္ခုခုကုိ ေထာက္ခံေပးတာမ်ဳိး၊ ကုိယ္တုိင္လည္း ပါ၀င္ပတ္သက္ေနတာမ်ဳိးဆုိရင္ ဘဏ္ေတြအတြက္ လုပ္ရကုိင္ရခက္ခဲသြားျပီး နစ္နာမႈေတြ ျဖစ္ႏုိင္တာမ်ဳိးပါ။ ဒီျဖစ္စဥ္မွာေတာ့ ဘဏ္ ၊ ေခ်းယူသူ၊ အာမခံသူၾကားမွာ ထားရွိတဲ့ကတိက၀တ္နဲ ့မလိ့မ္တပတ္လုပ္မႈေတြကသာ အရႈပ္အေထြးေတြျဖစ္ေပၚတာမ်ဳိးပါ။ ၂၀၁၉ ခုႏွစ္ မတ္လ ၇ ရက္ညပုိင္းမွာ စတင္ပ်ံ ့ႏွံ ့လာတဲ့ သတင္းနဲ ့စာရြက္စာတမ္းေတြအရ အာဏာရွင္ေဟာင္း ဦးေန၀င္းရဲ ့ေျမးေတြျဖစ္တဲ့ ဦးေက်ာ္ေန၀င္းတုိ ့ကုိ ေခ်းေငြျပန္မဆပ္ႏုိင္လုိ ့ဧရာ၀တီဘဏ္က တရားစြဲမယ္ဆုိတာ ရွင္းရွင္းလင္းလင္း ထြက္ေပၚလာပါတယ္။ ဒါကုိလည္း ဦးေက်ာ္ေန၀င္းက မီဒီယာတစ္ခုတည္းကုိပဲ သီးသန္ ့ေတြ ့ဆုံခြင့္ေပးျပီး အခုလုိေျဖရွင္းျပန္ပါတယ္။ အထူးသျဖင့္ ဧရာ၀တီဘဏ္ကေန ေခ်းေငြရယူထားတယ္ဆုိတာကုိေတာ့ ၀န္ခံထားပါတယ္။ " ပ်ံ ့ႏွံ ့ေနတဲ့စာနဲ ့ကၽြန္ေတာ္တုိ ့ကုမၸဏီနဲ ့ေခ်းေငြကိစၥ သက္ဆုိင္ျခင္းမရွိပါဘူး။ ဧရာ၀တီဘဏ္ဥကၠ႒ ဦးေဇာ္ေဇာ္နဲ ့ေခ်းေငြကိစၥေတြ ေျပာတုန္းက ကၽြန္ေတာ္တုိ ့ေျပာခဲ့တဲ့အသံဖုိင္ေတြ(၆)နာရီစာေလာက္ ကၽြန္ေတာ္တုိ ့ဆီမွာ ရွိပါတယ္။ ဦးေဇာ္ေဇာ္ဆီမွာလည္း ရွိပါတယ္။ ေဆြးေႏြးခဲ့တဲ့အေၾကာင္းအရာထဲမွာ ဒီစာရြက္ႏွစ္ရြက္မပါပါဘူး။ တကယ္လုိ ့မ်ား တရားရုံးအထိ သြားရမယ္ဆုိရင္ ကၽြန္ေတာ္ ခ်ျပဖုိ ့ရွိတယ္။ ကၽြန္ေတာ္တုိ ့ဘက္က မွားယြင္းဆုံးျဖတ္ထားတာ မရွိပါဘူး။ ဦးေဇာ္ေဇာ္ကုိယ္၌က ကၽြန္ေတာ္တုိ ့ေတြ မွားယြင္းထားတာ မရွိဘူး။ သူ ့ရဲ ့ဘဏ္က အမွားဆုိတာကုိ သူကုိယ္တုိင္ ၀န္ခံထားတဲ့အသံဖုိင္ကုိ ကၽြန္ေတာ္ခ်ျပသြားမွာ ျဖစ္ပါတယ္ " လုိ ့ဦးေက်ာ္ေန၀င္းက ေျဖထားတာပါ။ သူေျဖထားတဲ့အထဲမွာေတာ့ ဧရာ၀တီဘဏ္မွာ ပုံမွန္ေငြသြင္းထားသလုိ ဒီလုိေငြသြင္းေနရင္းနဲ ့အျခားေသာ YBS ကုမၸဏီတစ္ခုရဲ ့ေငြေတြပါ ထည့္ေပါင္းျခင္းခံရတယ္လုိ ့ဆုိပါတယ္။ ဒီလုိမ်ဳိး ထည့္ေပါင္းခံရျခင္းကုိလည္း ဘဏ္ဘက္က သူတုိ ့ကုိ အသိမေပးခဲ့ဘူးလုိ ့ေျပာခဲ့သလုိ ဒီအတြက္လည္း ဧရာ၀တီဘဏ္ကုိ တရားျပန္စြဲဦးမယ္လုိ ့ဆုိျပန္ပါတယ္။ ဒါ့အျပင္ ဧရာ၀တီဘဏ္ကုိ ေဒၚလာ ၁၀ သန္းေလာက္လည္း ျပန္သြင္းခဲ့တယ္လုိ ့ဦးေက်ာ္ေန၀င္းက ေျပာပါတယ္။ ဒီအရႈပ္အေထြးဟာ သာမန္ေငြေၾကးအရႈပ္အေထြးတင္မဟုတ္ဘဲ အျခားေသာ ျပည္သူမသိႏုိင္တဲ့ အေၾကာင္းတရားေတြမ်ားစြာ ရွိေနေသးလားဆုိတာက စိတ္၀င္စားစရာပါပဲ။ 

ဦးေဇာ္ေဇာ္ရဲ ့ဧရာ၀တီဘဏ္ ၊ ဦးျဖိဳးမင္းသိန္းရဲ ့တုိင္းအစုိးရနဲ ့ဦးေန၀င္း ေျမး ဦးေက်ာ္ေန၀င္းတုိ ့ၾကားက YBS ကား၀ယ္ယူမႈ အရႈပ္အေထြး ေနာက္ကြယ္

င့ါစေကာမွ ငစေကာတပ္ၾကီးဆီသုိ ့
တစ္ခ်ိန္တုန္းက ၾကားဖူးတဲ့စကားလုိမ်ဳိး။ င့ါစေကာလြင့္သြားျပီဆုိတာကုိ လူေတြက အသံၾကားရာေနာက္ လုိက္ျဖန္ ့ၾကရင္းကေန ငစေကာတပ္ၾကီး လာျပီလုိ ့ဆုိရင္းနဲ ့ေၾကာက္လန္ ့တၾကားထြက္ေျပးၾကတဲ့ အုတ္ေအာ္ေသာင္းနင္းျဖစ္စဥ္လုိပါပဲ။ ဘဏ္ကိစၥျဖစ္လာတုိင္းမွာ လူေတြဆီကေန ထြက္လာတဲ့အသံနဲ ့ထုိးႏွက္ခ်င္သူေတြရဲ ့အသံဆုိျပီး ရွိပါတယ္။ ဒါကေတာ့ ဘဏ္ ျပိဳေတာ့မလား၊ လဲေတာ့မလား၊ ေဒ၀ါလီခံရေတာ့မလားဆုိတာမ်ဳိးပါ။ " ဒီေငြပမာဏကေတာ့ ဘဏ္တစ္ခုလုံး လည္ပတ္မႈရဲ ့(၁)ရာခုိင္ႏႈန္းေအာက္ေတာင္ မရွိပါဘူး။ ေတာ္ေတာ္ေလး နည္းပါတယ္။ ထုိးႏွက္ခ်င္တဲ့သူေတြအတြက္ကေတာ့ ဘဏ္ကုိ ေငြျပန္ထုတ္တာေတြဘာေတြ ေလွ်ာက္ျဖစ္ႏုိင္တာေပ့ါ။ တကယ္တန္းက်ေတာ့ ေတာ္ေတာ္ေလး နည္းပါတယ္။ အခုဟာ ဟုိးေလးတေက်ာ္ေက်ာ္ျဖစ္သြားတာက သူတုိ ့ေတြက တကယ့္ဒိတ္ဒိတ္က်ဲေတြ ျဖစ္ေနတာကုိး။ ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ ျပည္သူ အဆင္ေျပမႈကုိ ဦးတည္ေရွးရႈပါတယ္ " လုိ ့ဦးေဇာ္ေဇာ္က ဘဏ္အေပၚ ထုိးႏွက္ၾကတဲ့ျဖစ္စဥ္နဲ ့ပတ္သက္ျပီး ေျပာပါတယ္။ လူမႈကြန္ရက္တစ္ခြင္မွာေတာ့ ဧရာ၀တီဘဏ္ကုိ ျပိဳလဲသြားေတာ့မယ့္အတုိင္း ေရးသားေနၾကပါေသးတယ္။ ဘဏ္တစ္ခုရဲ ့လည္ပတ္မႈပုံစံအရ ဦးေက်ာ္ေန၀င္းတုိ ့ဆီမွာ တင္ရွိေနတဲ့ေၾကြးဟာ သာမန္အေသးသုံးသာသာပဲ ရွိေနပါတယ္။ ဘဏ္တစ္ခုလည္ပတ္ဖုိ ့အတြက္ က်ပ္ဘီလ်ံရာခ်ီျပီး စတင္ခဲ့ရတာမ်ဳိးျဖစ္တဲ့အတြက္ ျပည္သူေတြရဲ ့အပ္ႏွံေငြနဲ ့ေပါင္းစပ္ရင္ က်ပ္ဘီလ်ံ ၅၀ ေက်ာ္ဆုိတာဟာ သိပ္ျပီး စိတ္ပူစရာမရွိေသးပါဘူး။ အထူးသျဖင့္ ျမန္မာႏုိင္ငံမွာ အဓိကဘဏ္ၾကီးသုံးခုရွိထားပါတယ္။ ဒါကေတာ့ ကေမၻာဇ၊ ဧရာ၀တီနဲ ့CB ဘဏ္ပဲ ျဖစ္ပါတယ္။ သူတုိ ့ဘဏ္သုံးခုရဲ ့လည္ပတ္ေငြဟာ တုိင္းျပည္လည္ပတ္ေငြရဲ ့၇၀ ရာခုိင္ႏႈန္းနီးပါး ရွိေနပါတယ္။ ဒီေလာက္အင္အားၾကီးတဲ့ဘဏ္ေတြ ျပိဳလဲသြားဖုိ ့ဆုိတဲ့ကိစၥဟာ ဘယ္လုိမွစဥ္းစားစရာမလုိတဲ့အေနအထားလုိ ့ဆုိရမွာပါ။ 

ဦးေဇာ္ေဇာ္ရဲ ့ဧရာ၀တီဘဏ္ ၊ ဦးျဖိဳးမင္းသိန္းရဲ ့တုိင္းအစုိးရနဲ ့ဦးေန၀င္း ေျမး ဦးေက်ာ္ေန၀င္းတုိ ့ၾကားက YBS ကား၀ယ္ယူမႈ အရႈပ္အေထြး ေနာက္ကြယ္

ေပ်ာက္ေနတဲ့အသံ
ဦးေက်ာ္ေန၀င္း၊ ဧရာ၀တီဘဏ္နဲ ့တုိင္းအစုိးရအဖြဲ ့တုိ ့အၾကားမွာ အသံႏွစ္သံကေတာ့ တစ္ေနရာစီကေန ထြက္လာျပီးပါျပီ။ တစ္သံကေတာ့ ေပ်ာက္ေနဆဲပါပဲ။ YBS စနစ္ေတြ စတင္ျဖစ္ေပၚလာတာဟာ ရန္ကုန္တုိင္းအစုိးရအဖြဲ ့ဆီကေနပါ။ အထူးသျဖင့္ ၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းဦးေဆာင္တဲ့ တုိင္းအစုိးရအဖြဲ ့ဆီကေနျဖစ္ျပီးေတာ့ ဘဏ္နဲ ့ကုမၸဏီေတြဟာ အစုိးရရဲ ့ဦးေဆာင္မႈေအာက္ကေန ကုိယ္ပုိင္အခြင့္အလမ္းေတြအတြက္ လမ္းခင္းၾကတာမ်ဳိးပါပဲ။ ကားေတြကုိ တရုတ္ဆီကေန အေၾကြးနဲ ့၀ယ္မယ္ဆုိတဲ့ ဦးျဖိဳးမင္းသိန္းရဲ ့စကားဟာ တစ္လေတာင္မခံဘဲ ေအာက္က YRTA အတြင္းေရးမွဴးတစ္ေယာက္ရဲ ့စကားနဲ ့ေသြဖီသြားတာကုိ ေတြ ့ရျပန္ပါတယ္။ ဦးျဖိဳးမင္းသိန္းက အေၾကြးနဲ ့၀ယ္မယ္ဆုိေပမယ့္ ေဒါက္တာေမာင္ေအာင္က တစ္စီးကုိ ေဒၚလာ ၅၆၀၀၀ နဲ ့လက္ငင္းေခ်းတာပါလုိ ့ဆုိခဲ့တာမ်ဳိးပါ။ ဒီလုိပဲ ပုံစံမ်ဳိးစုံေသာစကားေတြကလည္း လက္ေတြ ့ေျမျပင္နဲ ့ကင္းကြာသြားတာေတြ အမ်ားအျပားရွိခဲ့ပါတယ္။ ကားသမား လီဗာဘယ္ႏွစ္ခ်က္နင္းလဲဆုိတာကုိ သိတယ္ဆုိတဲ့ ၀န္ၾကီးခ်ဳပ္ရဲ ့စကားဟာ လမ္းေပၚမွာ ထင္တုိင္းက်ဲေမာင္းႏွင္ေနတဲ့ကားသမားေတြအတြက္ ပ်က္ရယ္ျပဳစရာ ျဖစ္ခဲ့ပါတယ္။ ကားအသစ္ေတြ၀ယ္ဖုိ ့အတြက္ ပုိက္ဆံေတြလုိတဲ့အခ်ိန္မွာလည္း ဘဏ္တစ္ခုတည္းဆီကုိသာ အခြင့္အေရးေပးသလုိမ်ဳိး လုပ္ေဆာင္ခဲ့ျပီးေတာ့ အခုေခ်းေငြကိစၥ ျပႆနာတက္လာခ်ိန္မွာ တုိင္းအစုိးရအဖြဲ ့ဘက္က အသံျငိမ္ေနခဲ့ျပန္ပါတယ္။ ၾကားကာလ တစ္ႏွစ္ေက်ာ္အတြင္းမွာ ဘယ္လုိအသံမွမထြက္ေအာင္ ၾကိတ္ရွင္းခဲ့ၾကတာကေန ေနာက္ဆုံး မေထြးႏုိင္မအန္ႏုိင္ျဖစ္ျပီး လူမႈကြန္ရက္တစ္ခြင္မွာ ပြင့္ထြက္လာခ်ိန္မွာေတာ့ ျပည္သူေတြၾကားမွာ သုိ ့ေလာ သုိ ့ေလာ ျဖစ္လာပါတယ္။ ဒီအခ်ိန္အထိလည္း အသံတစ္သံက ေပ်ာက္ေနဆဲျဖစ္ပါတယ္။ ဒီအသံက ဘယ္သူ ့အသံျဖစ္မယ္ထင္ပါသလဲ။ ထြက္လာသင့္ျပီ၊ ရွင္းေပးသင့္ျပီလုိ ့ေရာ ယူဆမိပါသလား။ " သူတုိ ့ကုိလည္း ကူညီရေသးတယ္။ သူတုိ ့က လွည့္မၾကည့္ဘူးျဖစ္ေနတယ္ " လုိ ့ဦးေဇာ္ေဇာ္ကေတာ့ တစ္စုံတစ္ဖြဲ ့၊ တစ္ဦးတစ္ေယာက္ကုိ သြယ္၀ုိက္ျပီး ထုတ္ေျပာလာပါတယ္။ 

ဦးေဇာ္ေဇာ္ရဲ ့ဧရာ၀တီဘဏ္ ၊ ဦးျဖိဳးမင္းသိန္းရဲ ့တုိင္းအစုိးရနဲ ့ဦးေန၀င္း ေျမး ဦးေက်ာ္ေန၀င္းတုိ ့ၾကားက YBS ကား၀ယ္ယူမႈ အရႈပ္အေထြး ေနာက္ကြယ္

သုံးပြင့္ဆုိင္ အရႈပ္အေထြးရဲ ့အဓိကအခ်က္မ်ား
အဓိက အခ်က္ကေတာ့အမ်ားၾကီးမရွိပါဘူး။ စိတ္၀င္စားစရာအခ်က္ ()ခ်က္ေလာက္ပဲ သြားေတြပါတယ္။ ဒါေတြကေတာ့ 
(၁) တုိင္းအစုိးရအဖြဲ ့ဘက္က ဦးျဖိဳးမင္းသိန္း ကုိယ္စားလက္မွတ္နဲ ့ဧရာ၀တီဘဏ္ဆီကုိ ေခ်းေငြလွမ္းပုိ ့တယ္။
(၂) ဧရာ၀တီဘဏ္ဘက္က တုိင္းအစုိးရအဖြဲ ့ဘက္က အေၾကာင္းၾကားစာကုိ အတည္ျပဳျပီး ေခ်းေငြကုိ ေပးဖုိ ့သေဘာတူေပးခဲ့တယ္။ 
(၃) ရရွိလာတဲ့ေခ်းေငြကုိ ဦးေက်ာ္ေန၀င္းရဲ ့ကုမၸဏီအပါအ၀င္ ကုမၸဏီအမ်ားစုက ၀ုိင္းယူၾကတယ္။
(၄) ဦးေက်ာ္ေန၀င္းနဲ ့ကုမၸဏီႏွစ္ခုက ေခ်းေငြေတြကုိ လစဥ္ျပန္မဆပ္လုိ ့ဧရာ၀တီဘဏ္ဘက္က ေၾကြးဆပ္ဖုိ ့ေတာင္းတယ္။
(၅) ဦးေက်ာ္ေန၀င္းဘက္က ေၾကြးေတြပုံမွန္ဆပ္တယ္၊ ဒါေပမဲ့ ဘဏ္ဘက္က လုပ္ထုံးလုပ္နည္းမမွန္ဘူးလုိ ့ျပန္ျငင္းတယ္။
(၆) ေၾကြးမဆပ္တာ တစ္ႏွစ္ေက်ာ္လာတဲ့အဆုံးမွာ ဘဏ္ဘက္က ဘဏ္လုပ္ထုံးလုပ္နည္းအတုိင္းသြားဖို ့ထုတ္ျပန္လုိက္တယ္။
(၇) ဘဏ္လုပ္ထုံးလုပ္နည္းထဲမွာ ေၾကြးမဆပ္တာ ရက္(၉၀)ေက်ာ္လာရင္ ပစၥည္းသိမ္းတယ္။
(၈) ပစၥည္းသိမ္းရင္လည္း လက္ရွိသုံးေနတဲ့ကားေတြ အခက္အခဲျဖစ္မွာစုိးလုိ ့ဘဏ္ဘက္က ျပည္သူ ့မ်က္ႏွာၾကည့္တယ္လုိ ့ဆုိတယ္။
(၉) ဦးေက်ာ္ေန၀င္းဘက္က တရားရုံးအထိ တက္ရရင္ လုိအပ္တာေတြ ခ်ျပမယ္ေျပာတယ္။ 
(၁၀) အသံတစ္သံက ေပ်ာက္ေနဆဲ ျဖစ္တယ္။ 
" ကၽြန္ေတာ္ကေတာ့ ဘဏ္လုပ္ထုံးလုပ္နည္းအတုိင္း သြားဖုိ ့ေျပာထားတယ္။ က်န္တာ ကၽြန္ေတာ္ မပါေတာ့ဘူး " လုိ ့ဦးေဇာ္ေဇာ္က စိတ္ပ်က္လက္ပ်က္ေျပာပါတယ္။ ဒီျဖစ္စဥ္ရဲ ့အဆုံးသတ္ဟာ သာမန္ထက္ပုိျပီး ထူးထူးျခားျခား ထိေတြ ့မႈေတြ ျပင္းထန္လာမလား၊ ဒါမွမဟုတ္ လူမသိသူမသိ ရွင္းလင္းၾကမလားဆုိတာဟာ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။ 

(ေဖာ္ျပပါ ေဆာင္းပါးသည္ ေဆာင္းပါးရွင္၏ ေရးသားခ်က္သာ ျဖစ္ျပီး အကုန္သိသတင္းဌာနဘက္က ရယူေဖာ္ျပေပးျခင္းသာ ျဖစ္ပါသည္ )

 -    မ်ဳိးမင္း(မက်ည္းလဟာ) | photo : Omni Focus - YBS

Unicode version

ဦးဇော်ဇော်ရဲ့ဧရာဝတီဘဏ် ၊ ဦးဖြိုးမင်းသိန်းရဲ့တိုင်းအစိုးရနဲ့ဦးနေဝင်း မြေး ဦးကျော်နေဝင်းတို့ကြားက YBS ကားဝယ်ယူမှု အရှုပ်အထွေး နောက်ကွယ်

" သူတို့အစိုးရတက်တက်ချင်းမှာ မထော်မကမ်းကြီးတွေဖြစ်နေလို့၊ ဝိုင်းလုပ်ပေးပါဆိုလို့၊ ကူပေးတဲ့သဘောပဲ။ ကူပေးတာမှာ ဘယ်ကနေ အဲဒီကောင်တွေပါလာမှန်းမသိဘူး။ သူတို့မိတ်ဆက်ပေးလို့သာ သိရတာ " လို့ဧရာဝတီဘဏ်ပိုင်ရှင် ဦးဇော်ဇော်က ပြောပါတယ်။ 
လတ်တလောဖြစ်ပေါ်နေတဲ့ YBS ယာဉ်အသစ်တွေ ဝယ်ယူဖို့အတွက် ဧရာဝတီဘဏ်ကနေ ဦးနေဝင်းရဲ့မြေးများအုပ်စုနဲ့အခြားကုမ္ပဏီအချို့က ရန်ကုန်အစိုးရရဲ့ကြားဝင်ပေးမှုနဲ့ငွေကျပ်ဘီလျံချီ ချေးယူခဲ့ပြီး ပြန်မဆပ်တဲ့ပြဿနာနဲ့ပတ်သက်ပြီး ရည်ညွှန်းခဲ့တာပါ။ လူမှုကွန်ရက်တစ်ခွင်မှာ မတ်လ(၇)ရက်ညပိုင်းက ပျံ့နှံ့လာတဲ့ YBS ယာဉ်အသစ်တွေအတွက် အကြွေးကိစ္စဆိုင်ရာ စာရွက်စာတမ်းတွေအရဆိုရင် နစ်နာရသူဟာ ဧရာဝတီဘဏ်ဖြစ်နေတယ်လို့ဆိုရမလိုပါ။ 

YBS ယာဉ်လိုင်းတွေရဲ့အစ
၂၀၁၆ ခုနှစ် ဧပြီလမှာ အစိုးရသစ်တက်လာပြီးတဲ့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၇ ဇန်နဝါရီလလယ်မှာ မီဒီယာတွေကို ခေါ်ယူတွေ့ဆုံပြီး မထသအစား YBS စနစ်နဲ့နောက်ထပ် (၇၂) နာရီကြာရင် စတင်အစားထိုးတော့မယ့်အကြောင်း အသိပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြင်ဆင်ချိန် သုံးရက်သာရရှိခဲ့တာမျိုးပါ။ ဒီလိုပြောတဲ့နေရာမှာ ကားအသစ်တွေ ထောင်ချီပြီးဝယ်မယ့်အကြောင်းလည်း ပါဝင်ခဲ့သလို ကားသစ်တွေအတွက် တရုတ်နိုင်ငံဆီကနေ အကြွေးနဲ့ဝယ်ခွင့်ရတဲ့အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ ရက်ကနေစတင်ပြီး YBS စနစ်ပြောင်းလဲပြေးဆွဲတဲ့နောက် တစ်ပတ်ကျော်အကြာ ဇန်နဝါရီ ၂၄ ရက်မှာတော့ ဧရာဝတီဘဏ်ဆီကို စာတစ်စောင်ပို့လိုက်ပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်စား အတွင်းရေးမှူး ဦးမျိုးအောင်ဌေးဆိုသူရဲ့လက်မှတ်နဲ့ချေးငွေတောင်းခံစာတစ်စောင်ပါ။ ဒီစာထဲမှာတော့ ချေးငွေကျပ်သန်းတစ်သောင်းကို ဘဏ္ဍာရေးဆိုင်ရာအကူအညီလိုအပ်ချက်ဖြစ်ပေါ်နေလို့ချေးပေးဖို့ဖော်ပြထားပါတယ်။ ဒီငွေပမာဏကိုလည်း သုံးလသက်တမ်းအဖြစ်နဲ့ဘဏ်လုပ်ထုံးလုပ်နည်းအတိုင်း ချေးပေးဖို့အကြောင်းကြားတာမျိုးလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ YBS ကားသစ်ကြီးတွေဟာ လမ်းပေါ်မှာခန့်ညားစွာသွားလာ အသုံးတော်ခံနေပါတယ်။ ဒီကားတွေကို ဘယ်ကုမ္ပဏီတွေက တာဝန်ယူထားလဲဆိုတဲ့နေရာမှာတော့ ဧရာဝတီဘဏ်က တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါ်နီလာကျော်ဆီကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၃)ရက်မှာ ပြန်ပို့တဲ့စာတွေအရ ကြွေးပြန်မဆပ်တဲ့ကုမ္ပဏီသုံးခုကို သွားတွေ့ပါတယ်။ ဒီအထဲမှာတော့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့မြေးဖြစ်သူ ကျော်နေဝင်း ဦးဆောင်တဲ့ Omni Focus ကုမ္ပဏီအပါအဝင် Central Yangon Network နဲ့Keen Support တို့ဖြစ်ပါတယ်။ ဒီကုမ္ပဏီသုံးခုလုံးဟာ တိုင်းအစိုးရအဖွဲ့ရဲ့Yangon Region Transport Authority (YRTA)အောက်မှာဖွဲ့စည်းထားတဲ့ ကုမ္ပဏီတွေဖြစ်နေပါတယ်။ ဒီကုမ္ပဏီတွေကနေ တရုတ်ကုမ္ပဏီတွေဆီမှာ တရုတ်ထုတ်ကားတွေကို တင်သွင်းခဲ့တာမျိုးဖြစ်သလို စုစုပေါင်းကားစီးရေ ၅၀၀ အတွက် ကျပ် ၅၆ ဒသမ ၇၄ ဘီလျံကျော်ကို ဧရာဝတီဘဏ်ဆီကနေ တိုင်းအစိုးရအဖွဲ့ရဲ့အကြောင်းကြားနဲ့အညီ ချေးပေးခဲ့တာမျိုး ဖြစ်ပါတယ်။ YBS အစပိုင်းမှာတော့ ချေးငွေကိစ္စတွေနဲ့လုပ်ထုံးလုပ်နည်းတွေ၊ YBS မှာ ထည့်သုံးမယ့် YPS ကတ်စနစ်အတွက် Settlement Bank ကိစ္စတွေအပါအဝင် ဧရာဝတီဘဏ်ဟာ တိုင်းအစိုးရအဖွဲ့ရဲ့ပစားပေးမှု ခံခဲ့ရပါတယ်။ အခြားသောဘဏ်တွေနဲ့မီဒီယာတွေကပါ ဝိုင်းဝန်းအမြင်မကြည်တဲ့အထိ ဖြစ်သွားတာမျိုးပါပဲ။ YBS စနစ်ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်ကနေ စတင်ခဲ့တာမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ကျော်သွားချိန် စုစုပေါင်း လပေါင်း၂၆ လ ကျော်သွားချိန်မှာတော့ အရှုပ်အထွေးတွေ စတင်ပေါ်လာတာမျိုးလည်း ဖြစ်သွားပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ၂၀၁၇ ဇန်နဝါရီ ၁၆ ကနေ ၂၀၁၈ ဇန်နဝါရီ ၁၆ ကို ရောက်ချိန်မှာ စင်ကာပူအဆင့်နီးပါး ဘတ်စ်ကားစနစ်ဖြစ်စေရမယ်လို့အာမခံခဲ့ဖူးပါတယ်။ လက်ရှိအချိန်အထိတော့ နောက်ထပ်တစ်နှစ်သာ ကျော်သွားသည့်တိုင် YPS ကတ်စနစ်ကိုတောင် စတင်နိုင်ခြင်းမရှိသေးတာက မျက်မြင်ပဲ ဖြစ်ပါတယ်။ ကားအသစ်တွေ ဝယ်လိုက်လို့၊ ကားအသစ်တွေကို အဲကွန်းဖွင့်မောင်းခိုင်းလိုက်လို့အစီးရေ ၁၀၀၀ တောင်မပြည့်သေးတဲ့ကားအသစ်တွေထဲမှာတော့ ခရီးသည်တွေအဆင်ပြေနေသေးပေမယ့် ကားအသစ်တွေ ဟောင်းသွားချိန်၊ တစ်နည်းအားဖြင့် သုံးနှစ်ကျော်လာချိန်ရောက်ရင် ဘာဆက်ဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ YRTA နဲ့ဧရာဝတီဘဏ်တို့အကြား ငွေကြေးအရှုပ်တော်ပုံ
YBS ရဲ့အစမှာတော့ အစိုးရအဖွဲ့က ကျပ်သန်းတစ်သောင်းထုတ်ချေးပေးဖို့ဧရာဝတီဘဏ်ကို စာပို့တယ်။ ချေးယူတဲ့ကျပ်သန်းတစ်သောင်းကို သုံးလသက်တမ်းမျိုးနဲ့သတ်မှတ်စေတယ်။ ဧရာဝတီဘဏ်ဘက်ကလည်း တိုင်းအစိုးရအဖွဲ့ရဲ့စာကြောင့် ထုတ်ချေးတယ်ပေ့ါ။ တိုင်းအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှာ ပထမဆုံးလို့ဆိုရမယ့်စာတစ်စောင်ကို နိုင်ငံတော်ဗဟိုဘဏ်ဆီ ပို့ခဲ့ပါတယ်။ ဒီစာထဲမှာတော့ ကားအဟောင်းစီးရေ ၅၀၀၀ အထိ လဲလှယ်သွားဖို့ရှိနေတာမှာ ပြည်တွင်းဘဏ်နဲ့ပြည်ပဘဏ်တို့အကြား စုပေါင်းချေးငွေ( Syndicated Loan) သို့မဟုတ် Jiont Loan ချေးငွေအဖြစ် ငါးနှစ်ကနေ ခုနှစ်နှစ်အတွင်း ချေးယူကြဖို့အတွက် ဧရာဝတီဘဏ်က Lead Aranger အဖြစ် ဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။ ဒီစာကိုလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်စား အတွင်းရေးမှူး ဦးမျိုးအောင်ဌေးက လက်မှတ်ထိုးထားပါတယ်။ ဒီစာအပြီး လေးရက်အကြာ ဇန်နဝါရီ ၂၄ ရက်မှာပဲ ဧရာဝတီဘဏ်ဆီကို ကျပ်သန်းတစ်သောင်းချေးပေးဖို့စာထပ်ပို့ခဲ့တာမျိုးပါ။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဦးဇော်ဇော်ကတော့ အခုလိုပြောပါတယ်။ " သူတို့အစိုးရတက်တက်ချင်းမှာ ဒါကြီးက မထော်မကမ်းကြီးတွေဖြစ်နေလို့၊ ဝိုင်းလုပ်ပေးပါဆိုလို့၊ ကူပေးတဲ့သဘောပဲ။ ကူပေးတာမှာ ဘယ်ကနေ အဲဒီကောင်တွေပါလာမှန်းမသိဘူး။ သူတို့မိတ်ဆက်ပေးလို့ပါလာတယ်။ ငါလည်း တစ်ခါမှမတွေ့ဘူး။ သူတို့ကို မြင်တောင် မမြင်ဖူးဘူး။ တွေ့တောင် မတွေ့ဖူးဘူး။ သူတို့မိတ်ဆက်ပေးတော့မှ ၊ ဟာ ဒီကောင်တွေ ဘယ်လိုပါလာတာတုန်းဆိုပြီး ချေးငွေတွေကို အတင်းလိုက်ပြီး ပြန်လျော့ရတာ " လို့ဦးဇော်ဇော်က ၂၀၁၉ ခုနှစ်မတ်လ ၈ ရက်နေ့လယ်ပိုင်းမှာ အကုန်သိသတင်းဌာနကို ပြောပါတယ်။ စုစုပေါင်း ချေးငွေပမာဏဟာ ကျပ် ၅၆ ဒသမ ၇၄၄ ဘီလျံကျော်ဖြစ်ပြီး ဒီငွေတွေကို YRTA အောက်က Omni Focus ၊ Central Yangon Network နဲ့Keen Support ကုမ္ပဏီသုံးခုက ဝိုင်းဝန်းရယူခဲ့ကြတာပါ။ ဧရာဝတီဘဏ်အနေနဲ့က လစဉ်အတိုးပေးသွင်းမှုကို ရယူခဲ့ကြပေမယ့် ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိ ဆိုရင် စုစုပေါင်း(၅) လကြာအောင် အတိုးတွေထပ်မရတော့ဘူးလို့လည်း Omni Focus ဆီကို အကြွေးတောင်းတဲ့စာထဲမှာလည်း ဖော်ပြထားပါတယ်။ အဲဒီစာထဲမှာတော့ Omni Focus ကုမ္ပဏီက ဝယ်ယူခဲ့တဲ့ကားစီးရေ ၁၀၀ အတွက် ပိုင်ဆိုင်မှုစာချုပ်မှာ အတိုးငွေအသွင်းဘဲ သုံးလကျော်ကြာလာရင် ဝယ်ယူသုံးစွဲနေတဲ့ယာဉ်တွေကို ဘဏ်လက်ထဲ ထိုးအပ်ရမယ်ဆိုတဲ့ နှစ်ဖက်သဘောတူညီမှု ရှိထားတယ်လို့ဆိုပါတယ်။ အတိုးလည်း မပေး ၊ ကားလည်း မအပ်ဘူးဆိုရင်တော့ ဘဏ်လုပ်ထုံးလုပ်နည်းအတိုင်းသွားမယ်လို့ထည့်ရေးထားပါတယ်။ ဒီစာကိုတော့ Omni Focus ကုမ္ပဏီဆီကို ၂၀၁၈ ခုနှစ် မတ်လ(၇) ရက်မှာ ဧရာဝတီဘဏ်ဘက်က ပို့ခဲ့တာပါ။ ဒီလိုပို့ခဲ့ပေမယ့် အကြောင်းမထူးတော့တာကြောင့်လို့ယူဆစရာရှိတဲ့ စာတစ်စောင်လည်း ထပ်ထွက်လာပြန်ပါတယ်။ ဒါကတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ(၃)ရက်မှာပဲ တိုင်းအစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ဆီကို စာပို့ခဲ့တာမျိုးပါ။ ဒီစာထဲမှာလည်း YRTA အောက်က ကုမ္ပဏီတွေဆီကို တိုင်းအစိုးရအဖွဲ့ကြောင့် ငွေကြေးကူညီပေးခဲ့ကြောင်း ၊ အဲဒီထဲကမှ  Omni Focus ၊ Central Yangon Network နဲ့Keen Support တို့ကုမ္ပဏီသုံးခုဟာ ကားစီးရေ ၅၀၀ အတွက် ကျပ် ၅၆ ဘီလျံကျော်ကို ထုတ်ချေးပေးထားသည့်တိုင် အတိုးကိုပုံမှန်မဆပ်ခဲ့ဘူးလို့ဖော်ပြထားပါတယ်။ အခြားသော ကုမ္ပဏီတွေက အတိုးဆပ်နေပေမယ့် ဒီကုမ္ပဏီသုံးခုက မဆပ်တာလို့ရေးထားတာပါ။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ(လက်ရှိကာလအပါအဝင်) သတ်မှတ်သဘောတူစာချုပ်အတိုင်း မဆပ်တာမျိုးလို့ဆိုပါတယ်။ " အဲဒီကားတွေအကုန်လုံးက ရန်ကုန်တိုင်းအစိုးရက ဦးဆောင်မှုအောက်မှာရှိတာလေ။ သူတို့က မစီစဉ်ပေးရင် . . ။ အမှန်တော့ HP (Hire Purchase)နဲ့ဝယ်လို့လစဉ်ပြန်သွင်းငွေ ပုံမှန်မဆပ်လို့ရက်(၉၀)ကျော်လာရင် သိမ်းလို့ရပြီလေ။ ဒါပေမဲ့ ဒီကားတွေက အများသူငါအတွက် သုံးနေတာကို သွားသိမ်းမယ်ဆိုရင် ပြည်သူတွေ ဒုက္ခရောက်ဦးမယ်လေ။ အဲဒီတော့ ကျွန်တော်တို့က ကြားကနေ ညပ်တာပေ့ါ။ အဓိကက သူတို့က ပြန်ထိမ်းပြီးတော့ ဘဏ်ကိုပြန်ပေးလိုက်ရင် ပြီးသွားတာပဲ။ သူတို့အစိုးရမှာတော့ တာဝန်ရှိတာပေ့ါလေ " လို့ဦးဇော်ဇော်က ပြောပါတယ်။ လက်ရှိ ဒီအရှုပ်အထွေးဟာ ကြားထဲမှာ ဘယ်လိုသဘောတူညီချက်တွေ ရှိနေလဲဆိုတာ မသိရသေးပေမယ့် ရှင်းလင်းစွာမြင်ထားရမယ့်အချက်ကတော့ တစ်စုံတစ်ဦး၊ ကုမ္ပဏီတစ်ခုခုက ဘဏ်မှာ ငွေချေးမယ်ဆိုရင် အငှားဝယ်စနစ်ခေါ် HP နဲ့ချေးရင်တောင် လစဉ်ပြန်သွင်းငွေဆိုတာ ရှိပါတယ်။ ဒီလိုပြန်သွင်းငွေကို မသွင်းနိုင်ရင် သို့မဟုတ် သတ်မှတ်ကာလတွေထက် ကျော်လွန်ပြီး ပြန်မဆပ်နိုင်ရင် အပေါင်ထားတဲ့ပစ္စည်းတစ်ခုခုဟာ ဘဏ်ကိုထိုးအပ်ပေးရမှာ ဆုံးရှုံးခံရမှာက အတိအကျပါပဲ။ သို့သော်လည်း အစိုးရတွေက ကြားကနေ ကုမ္ပဏီတစ်ခုခုကို ထောက်ခံပေးတာမျိုး၊ ကိုယ်တိုင်လည်း ပါဝင်ပတ်သက်နေတာမျိုးဆိုရင် ဘဏ်တွေအတွက် လုပ်ရကိုင်ရခက်ခဲသွားပြီး နစ်နာမှုတွေ ဖြစ်နိုင်တာမျိုးပါ။ ဒီဖြစ်စဉ်မှာတော့ ဘဏ် ၊ ချေးယူသူ၊ အာမခံသူကြားမှာ ထားရှိတဲ့ကတိကဝတ်နဲ့မလိ့မ်တပတ်လုပ်မှုတွေကသာ အရှုပ်အထွေးတွေဖြစ်ပေါ်တာမျိုးပါ။ ၂၀၁၉ ခုနှစ် မတ်လ ၇ ရက်ညပိုင်းမှာ စတင်ပျံ့နှံ့လာတဲ့ သတင်းနဲ့စာရွက်စာတမ်းတွေအရ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့မြေးတွေဖြစ်တဲ့ ဦးကျော်နေဝင်းတို့ကို ချေးငွေပြန်မဆပ်နိုင်လို့ဧရာဝတီဘဏ်က တရားစွဲမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပါတယ်။ ဒါကိုလည်း ဦးကျော်နေဝင်းက မီဒီယာတစ်ခုတည်းကိုပဲ သီးသန့်တွေ့ဆုံခွင့်ပေးပြီး အခုလိုဖြေရှင်းပြန်ပါတယ်။ အထူးသဖြင့် ဧရာဝတီဘဏ်ကနေ ချေးငွေရယူထားတယ်ဆိုတာကိုတော့ ဝန်ခံထားပါတယ်။ " ပျံ့နှံ့နေတဲ့စာနဲ့ကျွန်တော်တို့ကုမ္ပဏီနဲ့ချေးငွေကိစ္စ သက်ဆိုင်ခြင်းမရှိပါဘူး။ ဧရာဝတီဘဏ်ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ချေးငွေကိစ္စတွေ ပြောတုန်းက ကျွန်တော်တို့ပြောခဲ့တဲ့အသံဖိုင်တွေ(၆)နာရီစာလောက် ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဦးဇော်ဇော်ဆီမှာလည်း ရှိပါတယ်။ ဆွေးနွေးခဲ့တဲ့အကြောင်းအရာထဲမှာ ဒီစာရွက်နှစ်ရွက်မပါပါဘူး။ တကယ်လို့များ တရားရုံးအထိ သွားရမယ်ဆိုရင် ကျွန်တော် ချပြဖို့ရှိတယ်။ ကျွန်တော်တို့ဘက်က မှားယွင်းဆုံးဖြတ်ထားတာ မရှိပါဘူး။ ဦးဇော်ဇော်ကိုယ်၌က ကျွန်တော်တို့တွေ မှားယွင်းထားတာ မရှိဘူး။ သူ့ရဲ့ဘဏ်က အမှားဆိုတာကို သူကိုယ်တိုင် ဝန်ခံထားတဲ့အသံဖိုင်ကို ကျွန်တော်ချပြသွားမှာ ဖြစ်ပါတယ် " လို့ဦးကျော်နေဝင်းက ဖြေထားတာပါ။ သူဖြေထားတဲ့အထဲမှာတော့ ဧရာဝတီဘဏ်မှာ ပုံမှန်ငွေသွင်းထားသလို ဒီလိုငွေသွင်းနေရင်းနဲ့အခြားသော YBS ကုမ္ပဏီတစ်ခုရဲ့ငွေတွေပါ ထည့်ပေါင်းခြင်းခံရတယ်လို့ဆိုပါတယ်။ ဒီလိုမျိုး ထည့်ပေါင်းခံရခြင်းကိုလည်း ဘဏ်ဘက်က သူတို့ကို အသိမပေးခဲ့ဘူးလို့ပြောခဲ့သလို ဒီအတွက်လည်း ဧရာဝတီဘဏ်ကို တရားပြန်စွဲဦးမယ်လို့ဆိုပြန်ပါတယ်။ ဒါ့အပြင် ဧရာဝတီဘဏ်ကို ဒေါ်လာ ၁၀ သန်းလောက်လည်း ပြန်သွင်းခဲ့တယ်လို့ဦးကျော်နေဝင်းက ပြောပါတယ်။ ဒီအရှုပ်အထွေးဟာ သာမန်ငွေကြေးအရှုပ်အထွေးတင်မဟုတ်ဘဲ အခြားသော ပြည်သူမသိနိုင်တဲ့ အကြောင်းတရားတွေများစွာ ရှိနေသေးလားဆိုတာက စိတ်ဝင်စားစရာပါပဲ။ 

င့ါစကောမှ ငစကောတပ်ကြီးဆီသို့
တစ်ချိန်တုန်းက ကြားဖူးတဲ့စကားလိုမျိုး။ င့ါစကောလွင့်သွားပြီဆိုတာကို လူတွေက အသံကြားရာနောက် လိုက်ဖြန့်ကြရင်းကနေ ငစကောတပ်ကြီး လာပြီလို့ဆိုရင်းနဲ့ကြောက်လန့်တကြားထွက်ပြေးကြတဲ့ အုတ်အော်သောင်းနင်းဖြစ်စဉ်လိုပါပဲ။ ဘဏ်ကိစ္စဖြစ်လာတိုင်းမှာ လူတွေဆီကနေ ထွက်လာတဲ့အသံနဲ့ထိုးနှက်ချင်သူတွေရဲ့အသံဆိုပြီး ရှိပါတယ်။ ဒါကတော့ ဘဏ် ပြိုတော့မလား၊ လဲတော့မလား၊ ဒေဝါလီခံရတော့မလားဆိုတာမျိုးပါ။ " ဒီငွေပမာဏကတော့ ဘဏ်တစ်ခုလုံး လည်ပတ်မှုရဲ့(၁)ရာခိုင်နှုန်းအောက်တောင် မရှိပါဘူး။ တော်တော်လေး နည်းပါတယ်။ ထိုးနှက်ချင်တဲ့သူတွေအတွက်ကတော့ ဘဏ်ကို ငွေပြန်ထုတ်တာတွေဘာတွေ လျှောက်ဖြစ်နိုင်တာပေ့ါ။ တကယ်တန်းကျတော့ တော်တော်လေး နည်းပါတယ်။ အခုဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားတာက သူတို့တွေက တကယ့်ဒိတ်ဒိတ်ကျဲတွေ ဖြစ်နေတာကိုး။ ဒါပေမဲ့ ကျွန်တော်ကတော့ ပြည်သူ အဆင်ပြေမှုကို ဦးတည်ရှေးရှုပါတယ် " လို့ဦးဇော်ဇော်က ဘဏ်အပေါ် ထိုးနှက်ကြတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောပါတယ်။ လူမှုကွန်ရက်တစ်ခွင်မှာတော့ ဧရာဝတီဘဏ်ကို ပြိုလဲသွားတော့မယ့်အတိုင်း ရေးသားနေကြပါသေးတယ်။ ဘဏ်တစ်ခုရဲ့လည်ပတ်မှုပုံစံအရ ဦးကျော်နေဝင်းတို့ဆီမှာ တင်ရှိနေတဲ့ကြွေးဟာ သာမန်အသေးသုံးသာသာပဲ ရှိနေပါတယ်။ ဘဏ်တစ်ခုလည်ပတ်ဖို့အတွက် ကျပ်ဘီလျံရာချီပြီး စတင်ခဲ့ရတာမျိုးဖြစ်တဲ့အတွက် ပြည်သူတွေရဲ့အပ်နှံငွေနဲ့ပေါင်းစပ်ရင် ကျပ်ဘီလျံ ၅၀ ကျော်ဆိုတာဟာ သိပ်ပြီး စိတ်ပူစရာမရှိသေးပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အဓိကဘဏ်ကြီးသုံးခုရှိထားပါတယ်။ ဒါကတော့ ကမ္ဘောဇ၊ ဧရာဝတီနဲ့CB ဘဏ်ပဲ ဖြစ်ပါတယ်။ သူတို့ဘဏ်သုံးခုရဲ့လည်ပတ်ငွေဟာ တိုင်းပြည်လည်ပတ်ငွေရဲ့၇၀ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။ ဒီလောက်အင်အားကြီးတဲ့ဘဏ်တွေ ပြိုလဲသွားဖို့ဆိုတဲ့ကိစ္စဟာ ဘယ်လိုမှစဉ်းစားစရာမလိုတဲ့အနေအထားလို့ဆိုရမှာပါ။ 

ပျောက်နေတဲ့အသံ
ဦးကျော်နေဝင်း၊ ဧရာဝတီဘဏ်နဲ့တိုင်းအစိုးရအဖွဲ့တို့အကြားမှာ အသံနှစ်သံကတော့ တစ်နေရာစီကနေ ထွက်လာပြီးပါပြီ။ တစ်သံကတော့ ပျောက်နေဆဲပါပဲ။ YBS စနစ်တွေ စတင်ဖြစ်ပေါ်လာတာဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဆီကနေပါ။ အထူးသဖြင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ဆီကနေဖြစ်ပြီးတော့ ဘဏ်နဲ့ကုမ္ပဏီတွေဟာ အစိုးရရဲ့ဦးဆောင်မှုအောက်ကနေ ကိုယ်ပိုင်အခွင့်အလမ်းတွေအတွက် လမ်းခင်းကြတာမျိုးပါပဲ။ ကားတွေကို တရုတ်ဆီကနေ အကြွေးနဲ့ဝယ်မယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းရဲ့စကားဟာ တစ်လတောင်မခံဘဲ အောက်က YRTA အတွင်းရေးမှူးတစ်ယောက်ရဲ့စကားနဲ့သွေဖီသွားတာကို တွေ့ရပြန်ပါတယ်။ ဦးဖြိုးမင်းသိန်းက အကြွေးနဲ့ဝယ်မယ်ဆိုပေမယ့် ဒေါက်တာမောင်အောင်က တစ်စီးကို ဒေါ်လာ ၅၆၀၀၀ နဲ့လက်ငင်းချေးတာပါလို့ဆိုခဲ့တာမျိုးပါ။ ဒီလိုပဲ ပုံစံမျိုးစုံသောစကားတွေကလည်း လက်တွေ့မြေပြင်နဲ့ကင်းကွာသွားတာတွေ အများအပြားရှိခဲ့ပါတယ်။ ကားသမား လီဗာဘယ်နှစ်ချက်နင်းလဲဆိုတာကို သိတယ်ဆိုတဲ့ ဝန်ကြီးချုပ်ရဲ့စကားဟာ လမ်းပေါ်မှာ ထင်တိုင်းကျဲမောင်းနှင်နေတဲ့ကားသမားတွေအတွက် ပျက်ရယ်ပြုစရာ ဖြစ်ခဲ့ပါတယ်။ ကားအသစ်တွေဝယ်ဖို့အတွက် ပိုက်ဆံတွေလိုတဲ့အချိန်မှာလည်း ဘဏ်တစ်ခုတည်းဆီကိုသာ အခွင့်အရေးပေးသလိုမျိုး လုပ်ဆောင်ခဲ့ပြီးတော့ အခုချေးငွေကိစ္စ ပြဿနာတက်လာချိန်မှာ တိုင်းအစိုးရအဖွဲ့ဘက်က အသံငြိမ်နေခဲ့ပြန်ပါတယ်။ ကြားကာလ တစ်နှစ်ကျော်အတွင်းမှာ ဘယ်လိုအသံမှမထွက်အောင် ကြိတ်ရှင်းခဲ့ကြတာကနေ နောက်ဆုံး မထွေးနိုင်မအန်နိုင်ဖြစ်ပြီး လူမှုကွန်ရက်တစ်ခွင်မှာ ပွင့်ထွက်လာချိန်မှာတော့ ပြည်သူတွေကြားမှာ သို့လော သို့လော ဖြစ်လာပါတယ်။ ဒီအချိန်အထိလည်း အသံတစ်သံက ပျောက်နေဆဲဖြစ်ပါတယ်။ ဒီအသံက ဘယ်သူ့အသံဖြစ်မယ်ထင်ပါသလဲ။ ထွက်လာသင့်ပြီ၊ ရှင်းပေးသင့်ပြီလို့ရော ယူဆမိပါသလား။ " သူတို့ကိုလည်း ကူညီရသေးတယ်။ သူတို့က လှည့်မကြည့်ဘူးဖြစ်နေတယ် " လို့ဦးဇော်ဇော်ကတော့ တစ်စုံတစ်ဖွဲ့၊ တစ်ဦးတစ်ယောက်ကို သွယ်ဝိုက်ပြီး ထုတ်ပြောလာပါတယ်။ 

သုံးပွင့်ဆိုင် အရှုပ်အထွေးရဲ့အဓိကအချက်များ
အဓိက အချက်ကတော့အများကြီးမရှိပါဘူး။ စိတ်ဝင်စားစရာအချက် ()ချက်လောက်ပဲ သွားတွေပါတယ်။ ဒါတွေကတော့ 
(၁) တိုင်းအစိုးရအဖွဲ့ဘက်က ဦးဖြိုးမင်းသိန်း ကိုယ်စားလက်မှတ်နဲ့ဧရာဝတီဘဏ်ဆီကို ချေးငွေလှမ်းပို့တယ်။
(၂) ဧရာဝတီဘဏ်ဘက်က တိုင်းအစိုးရအဖွဲ့ဘက်က အကြောင်းကြားစာကို အတည်ပြုပြီး ချေးငွေကို ပေးဖို့သဘောတူပေးခဲ့တယ်။ 
(၃) ရရှိလာတဲ့ချေးငွေကို ဦးကျော်နေဝင်းရဲ့ကုမ္ပဏီအပါအဝင် ကုမ္ပဏီအများစုက ဝိုင်းယူကြတယ်။
(၄) ဦးကျော်နေဝင်းနဲ့ကုမ္ပဏီနှစ်ခုက ချေးငွေတွေကို လစဉ်ပြန်မဆပ်လို့ဧရာဝတီဘဏ်ဘက်က ကြွေးဆပ်ဖို့တောင်းတယ်။
(၅) ဦးကျော်နေဝင်းဘက်က ကြွေးတွေပုံမှန်ဆပ်တယ်၊ ဒါပေမဲ့ ဘဏ်ဘက်က လုပ်ထုံးလုပ်နည်းမမှန်ဘူးလို့ပြန်ငြင်းတယ်။
(၆) ကြွေးမဆပ်တာ တစ်နှစ်ကျော်လာတဲ့အဆုံးမှာ ဘဏ်ဘက်က ဘဏ်လုပ်ထုံးလုပ်နည်းအတိုင်းသွားဖို့ထုတ်ပြန်လိုက်တယ်။
(၇) ဘဏ်လုပ်ထုံးလုပ်နည်းထဲမှာ ကြွေးမဆပ်တာ ရက်(၉၀)ကျော်လာရင် ပစ္စည်းသိမ်းတယ်။
(၈) ပစ္စည်းသိမ်းရင်လည်း လက်ရှိသုံးနေတဲ့ကားတွေ အခက်အခဲဖြစ်မှာစိုးလို့ဘဏ်ဘက်က ပြည်သူ့မျက်နှာကြည့်တယ်လို့ဆိုတယ်။
(၉) ဦးကျော်နေဝင်းဘက်က တရားရုံးအထိ တက်ရရင် လိုအပ်တာတွေ ချပြမယ်ပြောတယ်။ 
(၁၀) အသံတစ်သံက ပျောက်နေဆဲ ဖြစ်တယ်။ 
" ကျွန်တော်ကတော့ ဘဏ်လုပ်ထုံးလုပ်နည်းအတိုင်း သွားဖို့ပြောထားတယ်။ ကျန်တာ ကျွန်တော် မပါတော့ဘူး " လို့ဦးဇော်ဇော်က စိတ်ပျက်လက်ပျက်ပြောပါတယ်။ ဒီဖြစ်စဉ်ရဲ့အဆုံးသတ်ဟာ သာမန်ထက်ပိုပြီး ထူးထူးခြားခြား ထိတွေ့မှုတွေ ပြင်းထန်လာမလား၊ ဒါမှမဟုတ် လူမသိသူမသိ ရှင်းလင်းကြမလားဆိုတာဟာ ဆက်လက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ 

(ဖော်ပြပါ ဆောင်းပါးသည် ဆောင်းပါးရှင်၏ ရေးသားချက်သာ ဖြစ်ပြီး အကုန်သိသတင်းဌာနဘက်က ရယူဖော်ပြပေးခြင်းသာ ဖြစ်ပါသည် )

 -    မျိုးမင်း(မကျည်းလဟာ)

photo : Omni Focus - YBS

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။