Skip to main content
တိုက္႐ိုက္ေရာင္းခ်ခြင့္ဥပေဒမထြက္ရွိမီ MLM စနစ္ျဖင့္ယာယီေရာင္းခ်ခြင့္ျပဳရန္ ေတာင္းဆို
Ads Block

တိုက္႐ိုက္ေရာင္းခ်ခြင့္ဥပေဒမထြက္ရွိမီ MLM စနစ္ျဖင့္ယာယီေရာင္းခ်ခြင့္ျပဳရန္ ေတာင္းဆို

တိုက္႐ိုက္ေရာင္းခ်ခြင့္ ဥပေဒမထြက္ရွိမီ MLM စနစ္ျဖင့္ ယာယီေရာင္းခ်ခြင့္ကို ဝန္ႀကီးဌာနမွခြင့္ျပဳေပးရန္ Gano Tarding ကုမၸဏီမွ မန္ေနဂ်င္းဒါ႐ိုက္တာေဒၚႏြယ္ႏြယ္စိုးက ေျပာသည္။ 
ယင္းကဲ့သို႔ခြင့္ျပဳေပးရန္ ေတာင္းဆိုမႈကို ရန္ကုန္ၿမိဳ႕ရွိ Orchid ဟိုတယ္တြင္ မတ္လ ၈ ရက္က က်င္းပခဲ့ျခင္း ျဖစ္သည္။ 
“လိမ္ညာတယ္ဆိုရင္ လိမ္ညာတဲ့သူေတြကို တစ္ခါတည္းအေရးယူေပါ့။ ဒါဆိုဥပေဒထြက္လာရင္ MLM စနစ္မွာလိမ္ညာတဲ့သူသန႔္သြားမယ္။ ေနာက္ၿပီး တစ္ခါတည္း အေရးယူတာထက္စာရင္ အဖြဲ႕နဲ႔အရင္ဆုံး ရွင္းေပါ့။ ရွင္းလို႔မရေတာ့မွ တကယ္လိမ္တယ္ဆိုရင္ ကုမၸဏီပါပိတ္သိမ္းေပါ့။ အခုလိုတိုက္႐ိုက္ေရာင္းခ်ခြင့္ ဥပေဒမထြက္မီ ယာယီေရာင္းခ်ခြင့္ေပးသင့္တယ္။ အခုလည္း တခ်ိဳ႕ကုမၸဏီေတြေရာင္းေနတာေတြ႕ရတယ္’’ ဟု Gano Tarding ကုမၸဏီမွ မန္ေနဂ်င္းဒါ႐ိုက္တာ ေဒၚႏြယ္ႏြယ္စိုးက ေျပာသည္။ 

တိုက္႐ိုက္ေရာင္းခ်ခြင့္ဥပေဒမထြက္ရွိမီ MLM စနစ္ျဖင့္ယာယီေရာင္းခ်ခြင့္ျပဳရန္ ေတာင္းဆို


Multilevel Marketing (MLM) ဆိုသည္မွာ အလွကုန္၊ လူသုံးကုန္ႏွင့္ အာဟာရျဖည့္စြက္စာမ်ားကို ဆင့္ပြားစနစ္ျဖင့္ ေရာင္းခ်ျခင္းကိုေခၚဆိုျခင္းျဖစ္ကာ စတင္ကာ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ အမိန႔္ေၾကာ္ျငာစာအမွတ္ ၄၆/၂၀၁၈ ဆင့္ပြား ေဈးကြက္ျဖန႔္ခ်ိေရးလုပ္ငန္းကို ပိတ္သိမ္းတားျမစ္ထားၿပီး ၎တားျမစ္ခ်က္ကို ေဖာက္ဖ်က္ပါက အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈဥပေဒ ပုဒ္မ- ၅ အရအေရးယူမည္ျဖစ္ေၾကာင္း ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ ၁၈ ရက္တြင္ ထုတ္ျပန္လိုက္သည္။ 
“သူတို႔ကဥပေဒမထြက္မီေရာင္းခ်င္တယ္ဆိုတာ ဘယ္လိုပုံစံနဲ႔ေရာင္းမွာလဲ။ ဘယ္လိုလူကိုေရာင္းမွာလဲ။ ဘာေတြကိုေရာင္းမွာလဲ။ ဒီေမးခြန္းေတြကိုသူတို႔အရင္ေျဖရလိမ့္မယ္။ မဟုတ္ရင္ ဒါကလိမ္တာပဲ။  ဥပေဒမထြက္မီ လက္တစ္လုံးျခားလုပ္ခ်င္တဲ့သေဘာပါ။ သူတို႔ကေတာ့ သူတို႔ ကုန္ပစၥည္းကိုေကာင္းတယ္ ေဖာ္ၫႊန္းေနမွာပဲ။ အဲဒီေတာ့ ဥပေဒမထြက္ခင္သူတို႔ေရာင္းရင္အစိုးရက အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒ ပုဒ္မ - ၅ အရအေရးယူမွာဘဲ။အဲဒီေတာ့ အဓိကသူတို႔ကိုပိတ္ထားတာ ကုမၸဏီကိုမပိတ္ဘူး။ ကုန္ပစၥည္းကိုမပိတ္ဘူး။ MLM စနစ္ကိုပိတ္ထားတာျဖစ္တယ္။ ဒါကို လက္တစ္လုံးျခားလုပ္ခ်င္ရင္ေတာ့ သူတို႔ေျပာသလိုလိမ္တဲ့သူဥပေဒအရအေရးယူခံရမွာပဲ˝  ဟု MLM စနစ္တိုက္ဖ်က္သူတစ္ဦးျဖစ္သည့္ ကိုရဲမ်ိဳးသန႔္က အကုန္သိသတင္းဌာနသို႔ေျပာသည္။
MLM စနစ္၏ ဆိုးက်ိဳးမ်ားသည္ ျဖည့္စြက္စာဟုဆိုကာအာဟာရမျဖစ္ေသာပစၥည္းမ်ားျဖစ္ေနျခင္း၊ ကင္ဆာေပ်ာက္သည္ဟုဆိုကာ မေပ်ာက္သည့္ပစၥည္းမ်ားျဖစ္ေနျခင္း၊ ဆီးခ်ိဳက်သည္ဟုဆိုကာ ၎ကုန္ပစၥည္းမ်ားကိုေရာင္းခ်ျခင္းပုံစံအမ်ိဳးမ်ိဳးရွိၿပီး ၎ကုန္ပစၥည္းမ်ားကို အဆင့္ဆင့္လူမ်ားသို႔ ေရာင္းခ်ခိုင္းကာ လူစုေပးသူအားဆုသည့္အေနျဖင့္ ျပည္ပခရီးစဥ္မ်ားစီစဥ္ေပးျခင္း၊ ပိုက္ဆံ အမ်ားအျပား ရသည္ဟုဆိုျခင္း၊ ကုန္ပစၥည္းအေျမာက္အမ်ားအားဝယ္ယူကာ ထပ္မံေရာင္းခ်ေပးရမည့္သူရွာေပးရျခင္း၊ အဆုံးသတ္တြင္ေငြေၾကးမ်ားကုန္ဆုံး၍ လူမႈဘဝပ်က္စီးျခင္းတို႔ျဖစ္ေပၚေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

တိုက်ရိုက်ရောင်းချခွင့်ဥပဒေမထွက်ရှိမီ MLM စနစ်ဖြင့်ယာယီရောင်းချခွင့်ပြုရန် တောင်းဆို

တိုက်ရိုက်ရောင်းချခွင့် ဥပဒေမထွက်ရှိမီ MLM စနစ်ဖြင့် ယာယီရောင်းချခွင့်ကို ဝန်ကြီးဌာနမှခွင့်ပြုပေးရန် Gano Tarding ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဒေါ်နွယ်နွယ်စိုးက ပြောသည်။ 
ယင်းကဲ့သို့ခွင့်ပြုပေးရန် တောင်းဆိုမှုကို ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် မတ်လ ၈ ရက်က ကျင်းပခဲ့ခြင်း ဖြစ်သည်။ 
“လိမ်ညာတယ်ဆိုရင် လိမ်ညာတဲ့သူတွေကို တစ်ခါတည်းအရေးယူပေါ့။ ဒါဆိုဥပဒေထွက်လာရင် MLM စနစ်မှာလိမ်ညာတဲ့သူသန့်သွားမယ်။ နောက်ပြီး တစ်ခါတည်း အရေးယူတာထက်စာရင် အဖွဲ့နဲ့အရင်ဆုံး ရှင်းပေါ့။ ရှင်းလို့မရတော့မှ တကယ်လိမ်တယ်ဆိုရင် ကုမ္ပဏီပါပိတ်သိမ်းပေါ့။ အခုလိုတိုက်ရိုက်ရောင်းချခွင့် ဥပဒေမထွက်မီ ယာယီရောင်းချခွင့်ပေးသင့်တယ်။ အခုလည်း တချို့ကုမ္ပဏီတွေရောင်းနေတာတွေ့ရတယ်’’ ဟု Gano Tarding ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နွယ်နွယ်စိုးက ပြောသည်။ 

တိုက္႐ိုက္ေရာင္းခ်ခြင့္ဥပေဒမထြက္ရွိမီ MLM စနစ္ျဖင့္ယာယီေရာင္းခ်ခြင့္ျပဳရန္ ေတာင္းဆို


Multilevel Marketing (MLM) ဆိုသည်မှာ အလှကုန်၊ လူသုံးကုန်နှင့် အာဟာရဖြည့်စွက်စာများကို ဆင့်ပွားစနစ်ဖြင့် ရောင်းချခြင်းကိုခေါ်ဆိုခြင်းဖြစ်ကာ စတင်ကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၄၆/၂၀၁၈ ဆင့်ပွား ဈေးကွက်ဖြန့်ချိရေးလုပ်ငန်းကို ပိတ်သိမ်းတားမြစ်ထားပြီး ၎င်းတားမြစ်ချက်ကို ဖောက်ဖျက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ- ၅ အရအရေးယူမည်ဖြစ်ကြောင်း ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။ 
“သူတို့ကဥပဒေမထွက်မီရောင်းချင်တယ်ဆိုတာ ဘယ်လိုပုံစံနဲ့ရောင်းမှာလဲ။ ဘယ်လိုလူကိုရောင်းမှာလဲ။ ဘာတွေကိုရောင်းမှာလဲ။ ဒီမေးခွန်းတွေကိုသူတို့အရင်ဖြေရလိမ့်မယ်။ မဟုတ်ရင် ဒါကလိမ်တာပဲ။  ဥပဒေမထွက်မီ လက်တစ်လုံးခြားလုပ်ချင်တဲ့သဘောပါ။ သူတို့ကတော့ သူတို့ ကုန်ပစ္စည်းကိုကောင်းတယ် ဖော်ညွှန်းနေမှာပဲ။ အဲဒီတော့ ဥပဒေမထွက်ခင်သူတို့ရောင်းရင်အစိုးရက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ - ၅ အရအရေးယူမှာဘဲ။အဲဒီတော့ အဓိကသူတို့ကိုပိတ်ထားတာ ကုမ္ပဏီကိုမပိတ်ဘူး။ ကုန်ပစ္စည်းကိုမပိတ်ဘူး။ MLM စနစ်ကိုပိတ်ထားတာဖြစ်တယ်။ ဒါကို လက်တစ်လုံးခြားလုပ်ချင်ရင်တော့ သူတို့ပြောသလိုလိမ်တဲ့သူဥပဒေအရအရေးယူခံရမှာပဲ˝  ဟု MLM စနစ်တိုက်ဖျက်သူတစ်ဦးဖြစ်သည့် ကိုရဲမျိုးသန့်က အကုန်သိသတင်းဌာနသို့ပြောသည်။
MLM စနစ်၏ ဆိုးကျိုးများသည် ဖြည့်စွက်စာဟုဆိုကာအာဟာရမဖြစ်သောပစ္စည်းများဖြစ်နေခြင်း၊ ကင်ဆာပျောက်သည်ဟုဆိုကာ မပျောက်သည့်ပစ္စည်းများဖြစ်နေခြင်း၊ ဆီးချိုကျသည်ဟုဆိုကာ ၎င်းကုန်ပစ္စည်းများကိုရောင်းချခြင်းပုံစံအမျိုးမျိုးရှိပြီး ၎င်းကုန်ပစ္စည်းများကို အဆင့်ဆင့်လူများသို့ ရောင်းချခိုင်းကာ လူစုပေးသူအားဆုသည့်အနေဖြင့် ပြည်ပခရီးစဉ်များစီစဉ်ပေးခြင်း၊ ပိုက်ဆံ အများအပြား ရသည်ဟုဆိုခြင်း၊ ကုန်ပစ္စည်းအမြောက်အများအားဝယ်ယူကာ ထပ်မံရောင်းချပေးရမည့်သူရှာပေးရခြင်း၊ အဆုံးသတ်တွင်ငွေကြေးများကုန်ဆုံး၍ လူမှုဘဝပျက်စီးခြင်းတို့ဖြစ်ပေါ်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။