Skip to main content
ျမန္မာ့လက္ေ႐ြးစင္ယာယီနည္းျပခ်ဳပ္ဦးမ်ိဳးမင္းထြန္းကို အၿမဲတမ္းလက္ေ႐ြးစင္အသင္းနည္းျပခ်ဳပ္ျဖစ္လာရန္ ေမွ်ာ္လင့္ဟု ဆို 
Ads Block

ျမန္မာ့လက္ေ႐ြးစင္ယာယီနည္းျပခ်ဳပ္ဦးမ်ိဳးမင္းထြန္းကို အၿမဲတမ္းလက္ေ႐ြးစင္အသင္းနည္းျပခ်ဳပ္ျဖစ္လာရန္ ေမွ်ာ္လင့္ဟု ဆို 

ယခုရက္ပိုင္းကခန႔္အပ္တာဝန္ေပးလိုက္ေသာ ျမန္မာ့လက္ေ႐ြးစင္ ယာယီနည္းျပခ်ဳပ္ ဦးမ်ိဳးမင္းထြန္းကို အမွန္တကယ္ လက္ေ႐ြးစင္အသင္းနည္းျပခ်ဳပ္ျဖစ္လာရန္ ေမွ်ာ္လင့္ထားေၾကာင္း ျမန္မာေနရွင္နယ္လိဂ္ CEO ဦးစိုးမိုးေက်ာ္က ေျပာလိုက္သည္။
ရန္ကုန္ၿမိဳ႕၊ သုဝဏၰေဘာလုံးကြင္းရွိ အစည္းအေဝးခန္းမတြင္ မတ္လ (၇) ရက္ကက်င္းပသည့္ ရွမ္းယူႏိုက္တက္ အသင္းႏွင့္ 100 Plus တို႔၏ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုေသာအခမ္းအနားၿပီးဆုံးခ်ိန္၌ အကုန္သိသတင္းဌာန၏ ေမးျမန္းမႈကို ယခုကဲ့သို႔ေျဖၾကားခဲ့ျခင္းျဖစ္သည္။ 
“ပထမဦးဆုံးညီေလးမ်ိဳးမင္းထြန္းအတြက္ ဂုဏ္ယူပါတယ္။ ရန္ကုန္အသင္းအတြက္ေကာေပါ့၊ သူတို႔အသင္းရဲ႕ နည္းျပကလက္ေ႐ြးစင္အသင္းရဲ႕ ယာယီနည္းျပခ်ဳပ္ျဖစ္သြားတဲ့အတြက္ သူအေနနဲ႔ ဒီထက္ေတာ့ ပိုႀကိဳးစားရပါမယ္။ သူ႔ကိုလည္းဒီလိုယာယီနည္းျပကေနတကယ့္ အတည္တက်နည္းျပခန႔္အပ္လာဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ တစ္ခ်ိန္ခ်ိန္မွာေတာ့ျဖစ္လာမွာပါ” ဟု ျမန္မာေနရွင္နယ္လိဂ္ CEO ဦးစိုးမိုးေက်ာ္က ေျပာသည္။ 
ရန္ကုန္ယူႏိုက္တက္နည္းျပခ်ဳပ္ ဦးမ်ိဳးမင္းထြန္းကို ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသားအသင္း၏ ယာယီနည္းျပခ်ဳပ္ အျဖစ္ ၿပီးခဲ့သည့္ မတ္လ (၇) ရက္က ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ခန႔္အပ္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။
ျမန္မာ့လက္ေ႐ြးစင္အသင္းသည္ ယခုမတ္လအတြင္း ႏိုင္ငံတကာေျခစမ္းပြဲ ႏွစ္ပြဲကစားရန္ရွိေနၿပီး ယင္းေျခစမ္းပြဲႏွစ္ပြဲအတြက္ ဦးမ်ိဳးမင္းထြန္းကိုနည္းျပခ်ဳပ္အျဖစ္ ယာယီတာဝန္ေပးရန္ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္နည္းစနစ္အစည္းအေဝးတြင္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္။
ျမန္မာ့လက္ေ႐ြးစင္အသင္းသည္ ၿပီးခဲ့သည့္ အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲ ၿပီးဆုံးခ်ိန္မွစတင္ကာ နည္းျပခ်ဳပ္ေနရာလစ္လပ္ေနၿပီး ဆူဇူကီးဖလားၿပိဳင္ပြဲတြင္ အုပ္စုအဆင့္မွထြက္ခဲ့ရေသာေၾကာင့္ ဂ်ာမနီႏိုင္ငံသားနည္းျပအန္တိုနီေဟးကိုထုတ္ပယ္ခဲ့ျခင္းျဖစ္သည္။
ယခုအခ်ိန္တြင္ ျမန္မာ့လက္ေ႐ြးစင္အသင္း၏ နည္းျပခ်ဳပ္ေနရာအတြက္ လာေရာက္ေလွ်ာက္ထားသူ ၆၀ ဦးအထိ ရွိၿပီး (၁၀) ဦးကိုလူခ်င္းေတြ႕ဆုံအင္တာဗ်ဴးေနကာ စိတ္တိုင္းက်သူ (၄) ဦးကိုေတြ႕ရွိထားၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ CEO ဦးဘုန္းႏိုင္ေဇာ္က ေျပာၾကားထားသည္။

- ထက္ေဝလင္း(အကုန္သိသတင္းဌာန)

Unicode version

မြန်မာ့လက်ရွေးစင်ယာယီနည်းပြချုပ်ဦးမျိုးမင်းထွန်းကို အမြဲတမ်းလက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်လာရန် မျှော်လင့်ဟု ဆို 

ယခုရက်ပိုင်းကခန့်အပ်တာဝန်ပေးလိုက်သော မြန်မာ့လက်ရွေးစင် ယာယီနည်းပြချုပ် ဦးမျိုးမင်းထွန်းကို အမှန်တကယ် လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်လာရန် မျှော်လင့်ထားကြောင်း မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်က ပြောလိုက်သည်။
ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းရှိ အစည်းအဝေးခန်းမတွင် မတ်လ (၇) ရက်ကကျင်းပသည့် ရှမ်းယူနိုက်တက် အသင်းနှင့် 100 Plus တို့၏ စပွန်ဆာစာချုပ်ချုပ်ဆိုသောအခမ်းအနားပြီးဆုံးချိန်၌ အကုန်သိသတင်းဌာန၏ မေးမြန်းမှုကို ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
“ပထမဦးဆုံးညီလေးမျိုးမင်းထွန်းအတွက် ဂုဏ်ယူပါတယ်။ ရန်ကုန်အသင်းအတွက်ကောပေါ့၊ သူတို့အသင်းရဲ့ နည်းပြကလက်ရွေးစင်အသင်းရဲ့ ယာယီနည်းပြချုပ်ဖြစ်သွားတဲ့အတွက် သူအနေနဲ့ ဒီထက်တော့ ပိုကြိုးစားရပါမယ်။ သူ့ကိုလည်းဒီလိုယာယီနည်းပြကနေတကယ့် အတည်တကျနည်းပြခန့်အပ်လာဖို့လည်း မျှော်လင့်ပါတယ်။ တစ်ချိန်ချိန်မှာတော့ဖြစ်လာမှာပါ” ဟု မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်က ပြောသည်။ 
ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးမျိုးမင်းထွန်းကို မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၏ ယာယီနည်းပြချုပ် အဖြစ် ပြီးခဲ့သည့် မတ်လ (၇) ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုမတ်လအတွင်း နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲကစားရန်ရှိနေပြီး ယင်းခြေစမ်းပွဲနှစ်ပွဲအတွက် ဦးမျိုးမင်းထွန်းကိုနည်းပြချုပ်အဖြစ် ယာယီတာဝန်ပေးရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နည်းစနစ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ပြီးဆုံးချိန်မှစတင်ကာ နည်းပြချုပ်နေရာလစ်လပ်နေပြီး ဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခဲ့ရသောကြောင့် ဂျာမနီနိုင်ငံသားနည်းပြအန်တိုနီဟေးကိုထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ်နေရာအတွက် လာရောက်လျှောက်ထားသူ ၆၀ ဦးအထိ ရှိပြီး (၁၀) ဦးကိုလူချင်းတွေ့ဆုံအင်တာဗျူးနေကာ စိတ်တိုင်းကျသူ (၄) ဦးကိုတွေ့ရှိထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်က ပြောကြားထားသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။