Skip to main content
ပဲခူးတိုင္းအစိုးရအေနျဖင့္ ကတိကဝတ္အမ်ားစုကို ထီေပါက္မွေပးမည္ဆိုသကဲ့သို႔ ပယ္ဖ်က္ခဲ့ဟု ဆို
Ads Block

ပဲခူးတိုင္းအစိုးရအေနျဖင့္ ကတိကဝတ္အမ်ားစုကို ထီေပါက္မွေပးမည္ဆိုသကဲ့သို႔ ပယ္ဖ်က္ခဲ့ဟု ဆို

ပဲခူးတိုင္းေဒသႀကီးအစိုးရမွ ကတိကဝတ္အမ်ားစုကို ထီေပါက္မွေပးမည္ဆိုသကဲ့သို႔ ပယ္ဖ်က္ခဲ့ေၾကာင္း ကတိကဝတ္ေကာ္မတီဥကၠ႒ ဦးေအာင္ႏိုင္ဦးက ေျပာသည္။
ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္၌ အစိုးရအေနျဖင့္ ကတိကဝတ္အျဖစ္မွတ္တမ္းထားရွိခဲ့ေသာ ေမးခြန္းႏွင့္ အဆိုမ်ားအနက္ ၇၄ ရာခိုင္ႏႈန္းေက်ာ္ကိုပယ္ဖ်က္ႏိုင္ခဲ့ျခင္းအေပၚ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ ကတိကဝတ္ကေနပယ္ဖ်က္လိုက္တယ္လို႔ ေျပာတဲ့အခါမွာ အစိုးရကေဆာင္ရြက္ၿပီးသြားလို႔ ပယ္ဖ်က္လိုက္တယ္ဆိုတဲ့သေဘာမဟုတ္ဘူး။ ကြ်န္ေတာ္တို႔ေျပာခ်င္တာက ပယ္ဖ်က္တဲ့ေနရာမွာ ထီေပါက္မွေပးမယ္ဆိုတာမ်ဳိးနဲ႔အလားသ႑န္တူတဲ့ ဘတ္ဂ်က္ရတဲ့အေပၚမူတည္ၿပီး ေဆာင္ရြက္ေပးပါမယ္ ဆိုတာမ်ဳိးေတြ၊ ေနာက္တစ္ခုက သက္ဆိုင္ရာဝန္ႀကီးဌာနနဲ႔ေတြ႔ဆုံညွိႏႈိင္းတဲ့အခါက်မွ လုံးဝမလုပ္ႏိုင္ပါဘူးလို႔ အေၾကာင္းျပန္ၾကားလာတာေတြနဲ႔ ဖြံ႔ၿဖိဳးေရးဆိုင္ရာ ကိစၥရပ္မ်ဳိးေတြမွာ ကတိကဝတ္စာရင္းကပယ္ဖ်က္ႏိုင္တာ အမ်ားစုျဖစ္ပါတယ္” ဟု ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္မွ အစိုးရ၏ကတိကဝတ္မ်ားႏွင့္ အာမခံခ်က္မ်ား စိစစ္ေရးေကာ္မတီဥကၠ႒ ဦးေအာင္ႏိုင္ဦးက ေျပာသည္။
ဒုတိယအႀကိမ္က်င္းပေသာ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယပုံမွန္အစည္းအေဝးမွ ဒသမေျမာက္ ပုံမွန္အစည္းအေဝးထိ လႊတ္ေတာ္ကိုယ္စားလွယ္အသီးသီးကေမးျမန္းေဆြးေႏြးခဲ့ေသာ ေမးခြန္းႏွင့္ အဆိုေပါင္း ၁၆၅၇ ခုအနက္ ၁၁၄၆ ခုမွာ ကတိကဝတ္ျဖစ္ခဲ့ေၾကာင္း လႊတ္ေတာ္မွတ္တမ္းမ်ားအရ သိရသည္။
ယင္းကတိကဝတ္ ၁၁၄၆ ခုအနက္ အစိုးရအေကာင္အထည္ေဖာ္ၿပီးေျမာက္ျခင္း၊ ေကာ္မတီမူဝါဒအရ ပယ္ဖ်က္ျခင္းအပါအဝင္ ၇၄ ဒသမ ၉၅ ရာခိုင္ႏႈန္းကို ကတိကဝတ္စာရင္းမွပယ္ဖ်က္ခဲ့ျခင္းျဖစ္ကာ အေကာင္အထည္ေဖာ္ရန္ ၂၅ ဒသမ ၀၅ ရာခိုင္ႏႈန္းက်န္ရွိေနဆဲျဖစ္သည္ဟု ယခုမတ္လ ၅ ရက္က လႊတ္ေတာ္သို႔တင္သြင္းေသာ ကတိကဝတ္ေကာ္မတီအစီရင္ခံစာ၌ ေဖာ္ျပပါရွိသည္။
အစီရင္ခံစာအရ ကတိကဝတ္မ်ားအားအေကာင္အထည္ေဖာ္ရာတြင္ ဘတ္ဂ်က္ခ်ထားေပးမႈအပိုင္းတြင္ အားရစရာေကာင္းေသာ္လည္း မူဝါဒပိုင္းဆိုင္ရာျပဳျပင္ေျပာင္းလဲမႈမ်ား၌ အားရေက်နပ္ေလာက္စရာ မရွိေသးေၾကာင္း ေထာက္ျပထားသည္။
လက္ရွိအစိုးရသစ္လက္ထက္အတြင္း ဒုတိယအႀကိမ္ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးမ်ားအား ေခၚယူက်င္းပခဲ့ရာ ယခုမတ္လ ၆ ရက္တြင္က်င္းပသည့္လႊတ္ေတာ္အစည္းအေဝးအထိ ပုံမွန္အစည္းအေဝး ၁၁ ႀကိမ္ေခၚယူခဲ့ၿပီးျဖစ္သည္။

- ျမဴခိုး(အကုန္သိသတင္းဌာန)

Unicode version

ပဲခူးတိုင်းအစိုးရအနေဖြင့် ကတိကဝတ်အများစုကို ထီပေါက်မှပေးမည်ဆိုသကဲ့သို့ ပယ်ဖျက်ခဲ့ဟု ဆို 

ပဲခူးတိုင်းဒေသကြီးအစိုးရမှ ကတိကဝတ်အများစုကို ထီပေါက်မှပေးမည်ဆိုသကဲ့သို့ ပယ်ဖျက်ခဲ့ကြောင်း ကတိကဝတ်ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
ပဲခူးတိုင်းဒေသကြီးလွှတ်တော်၌ အစိုးရအနေဖြင့် ကတိကဝတ်အဖြစ်မှတ်တမ်းထားရှိခဲ့သော မေးခွန်းနှင့် အဆိုများအနက် ၇၄ ရာခိုင်နှုန်းကျော်ကိုပယ်ဖျက်နိုင်ခဲ့ခြင်းအပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ ကတိကဝတ်ကနေပယ်ဖျက်လိုက်တယ်လို့ ပြောတဲ့အခါမှာ အစိုးရကဆောင်ရွက်ပြီးသွားလို့ ပယ်ဖျက်လိုက်တယ်ဆိုတဲ့သဘောမဟုတ်ဘူး။ ကျွန်တော်တို့ပြောချင်တာက ပယ်ဖျက်တဲ့နေရာမှာ ထီပေါက်မှပေးမယ်ဆိုတာမျိုးနဲ့အလားသဏ္ဍန်တူတဲ့ ဘတ်ဂျက်ရတဲ့အပေါ်မူတည်ပြီး ဆောင်ရွက်ပေးပါမယ် ဆိုတာမျိုးတွေ၊ နောက်တစ်ခုက သက်ဆိုင်ရာဝန်ကြီးဌာနနဲ့တွေ့ဆုံညှိနှိုင်းတဲ့အခါကျမှ လုံးဝမလုပ်နိုင်ပါဘူးလို့ အကြောင်းပြန်ကြားလာတာတွေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်မျိုးတွေမှာ ကတိကဝတ်စာရင်းကပယ်ဖျက်နိုင်တာ အများစုဖြစ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ အစိုးရ၏ကတိကဝတ်များနှင့် အာမခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
ဒုတိယအကြိမ်ကျင်းပသော ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှ ဒသမမြောက် ပုံမှန်အစည်းအဝေးထိ လွှတ်တော်ကိုယ်စားလှယ်အသီးသီးကမေးမြန်းဆွေးနွေးခဲ့သော မေးခွန်းနှင့် အဆိုပေါင်း ၁၆၅၇ ခုအနက် ၁၁၄၆ ခုမှာ ကတိကဝတ်ဖြစ်ခဲ့ကြောင်း လွှတ်တော်မှတ်တမ်းများအရ သိရသည်။
ယင်းကတိကဝတ် ၁၁၄၆ ခုအနက် အစိုးရအကောင်အထည်ဖော်ပြီးမြောက်ခြင်း၊ ကော်မတီမူဝါဒအရ ပယ်ဖျက်ခြင်းအပါအဝင် ၇၄ ဒသမ ၉၅ ရာခိုင်နှုန်းကို ကတိကဝတ်စာရင်းမှပယ်ဖျက်ခဲ့ခြင်းဖြစ်ကာ အကောင်အထည်ဖော်ရန် ၂၅ ဒသမ ၀၅ ရာခိုင်နှုန်းကျန်ရှိနေဆဲဖြစ်သည်ဟု ယခုမတ်လ ၅ ရက်က လွှတ်တော်သို့တင်သွင်းသော ကတိကဝတ်ကော်မတီအစီရင်ခံစာ၌ ဖော်ပြပါရှိသည်။
အစီရင်ခံစာအရ ကတိကဝတ်များအားအကောင်အထည်ဖော်ရာတွင် ဘတ်ဂျက်ချထားပေးမှုအပိုင်းတွင် အားရစရာကောင်းသော်လည်း မူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၌ အားရကျေနပ်လောက်စရာ မရှိသေးကြောင်း ထောက်ပြထားသည်။
လက်ရှိအစိုးရသစ်လက်ထက်အတွင်း ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများအား ခေါ်ယူကျင်းပခဲ့ရာ ယခုမတ်လ ၆ ရက်တွင်ကျင်းပသည့်လွှတ်တော်အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၁ ကြိမ်ခေါ်ယူခဲ့ပြီးဖြစ်သည်။

- မြူခိုး(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။