Skip to main content
ျပန္ေၾကာ္ဆီမ်ား စစ္ေဆးေပးရန္ တိုင္တန္းေသာ္လည္း ဌာနတစ္ခုႏွင့္တစ္ခုသာ လႊဲခ်ေနၾကဟု ဆို 
Ads Block

ျပန္ေၾကာ္ဆီမ်ား စစ္ေဆးေပးရန္ တိုင္တန္းေသာ္လည္း ဌာနတစ္ခုႏွင့္တစ္ခုသာ လႊဲခ်ေနၾကဟု ဆို 

ကုိရီးယားႏုိင္ငံတြင္ ၄င္းတုိ႔ FDA မွ ေန႔စဥ္စားေသာက္ဆုိင္မ်ားအား စစ္ေဆးၿပီး ျပန္ေၾကာ္ဆီမ်ား လုိက္သြန္ေနေသာ္လည္း ျမန္မာႏုိင္ငံတြင္မူ ဌာနတစ္ခုႏွင့္တစ္ခုသာလႊဲခ်ေနေၾကာင္း ျမန္မာႏုိင္ငံ စားသုံးသူကာကြယ္ေရးအသင္းဥကၠ႒ ဦးဗအုပ္ခုိင္က ေျပာသည္။
မတ္လ ၇ ရက္၌ အကုန္သိသတင္းဌာနႏွင့္ေတြ႔ဆုံေမးျမန္းရာတြင္ ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားျခင္း ျဖစ္သည္။ 
“ ဆရာတုိ႔ ဟုိတစ္ေန႔က လက္ဖက္ရည္ဆုိင္ေတြကုိလုိက္စစ္တယ္။ စစ္ေတာ့ ၁၀ ဆုိင္ေတြ႔ရင္ ၁၀ ဆုိင္လုံး အီၾကာေကြးေတြ၊ ပလာတာေတြေၾကာ္တဲ့ဆီေတြကမည္းေနတာပဲ။ ကတၱရာေစးအေရာင္လုိ၊ အင္ဂ်င္၀ုိင္ အေရာင္ေတြလုိျဖစ္ေနတာ။ ကုိရီးယားမွာက်ေတာ့ သူ႔ FDA က အဲဒါေတြကုိလုိက္စစ္တယ္။ လုိက္စစ္ၿပီးေတာ့ အဲဒီဆီေတြကုိ တစ္ေန႔စာတစ္ေန႔သြန္ရတယ္။ ဒီမွာကေတာ့တုိင္းျပည္ကဆင္းရဲတာသိတယ္မဟုတ္လား။ ဆရာတုိ႔ကသြန္ခုိင္းတာမသြန္ၾကဘူး။ တစ္ဆုိင္ကေတာ့အတင္းသြန္လုိက္တယ္။ ဒါေတြကုိစစ္ဖုိ႔ေဆးဖုိ႔က ဒီက FDA ကေျပာေတာ့ ဒါသူတုိ႔နဲ႔မဆုိင္ဘူး။ စည္ပင္နဲ႔ပဲဆုိင္တယ္လုိ႔ဆုိတယ္။ အမွန္ကစည္ပင္ဆုိလည္းစည္ပင္၊ ဘယ္ကျဖစ္ျဖစ္ ၀ုိင္း၀န္းပူးေပါင္းလုပ္သင့္တယ္’’ ဟု ျမန္မာႏုိင္ငံ စားသုံးသူကာကြယ္ေရးအသင္းဥကၠ႒ ဦးဗအုပ္ခုိင္က ေျပာသည္။
ျပန္ေၾကာ္ဆီမ်ားသည္အက္ဆစ္ဓာတ္ျမင့္မားေနသျဖင့္ စားသုံးသူမ်ားအတြက္ကင္ဆာျဖစ္ပြားႏုိင္ေၾကာင္း သိရၿပီး အေမရိကန္အေျခစုိက္ ကင္ဆာသုေတသနေအဂ်င္စီထုတ္ျပန္ခ်က္အရ ကင္ဆာျဖစ္ေသာ အစားအစာ ၆ မ်ိဳးတြင္အားလူးေၾကာ္ပါ၀င္ေၾကာင္း၊ ၄င္းအာလူးေၾကာ္သည္ ျပန္ေၾကာ္ဆီျဖင့္ေၾကာ္ၾကသည့္ အေလ့အထမွာ ပုိမ်ား၍လည္းျဖစ္ေၾကာင္း ၄င္းေျပာျပခ်က္အရ သိရသည္။ 
ကင္ဆာေရာဂါဆုိသည္မွာ လူ႔ခႏၶာကုိယ္အတြင္းပုံမွန္မဟုတ္ေသာဆဲလ္မ်ားအျမစ္တြယ္ျပန္႔ပြားျခင္းျဖစ္ၿပီး ေရရွည္တြင္ ခႏၶာကုိယ္အတြင္းအစိတ္အပုိင္းမ်ားပ်က္စီးကာ လူ႔အသက္ဆုံးပါးသည့္အထိ ျဖစ္ပြားႏုိင္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ပြန်ကြော်ဆီများ စစ်ဆေးပေးရန် တိုင်တန်းသော်လည်း ဌာနတစ်ခုနှင့်တစ်ခုသာ လွှဲချနေကြဟု ဆို 

ကိုရီးယားနိုင်ငံတွင် ၎င်းတို့ FDA မှ နေ့စဉ်စားသောက်ဆိုင်များအား စစ်ဆေးပြီး ပြန်ကြော်ဆီများ လိုက်သွန်နေသော်လည်း မြန်မာနိုင်ငံတွင်မူ ဌာနတစ်ခုနှင့်တစ်ခုသာလွှဲချနေကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
မတ်လ ၇ ရက်၌ အကုန်သိသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ 
“ ဆရာတို့ ဟိုတစ်နေ့က လက်ဖက်ရည်ဆိုင်တွေကိုလိုက်စစ်တယ်။ စစ်တော့ ၁၀ ဆိုင်တွေ့ရင် ၁၀ ဆိုင်လုံး အီကြာကွေးတွေ၊ ပလာတာတွေကြော်တဲ့ဆီတွေကမည်းနေတာပဲ။ ကတ္တရာစေးအရောင်လို၊ အင်ဂျင်ဝိုင် အရောင်တွေလိုဖြစ်နေတာ။ ကိုရီးယားမှာကျတော့ သူ့ FDA က အဲဒါတွေကိုလိုက်စစ်တယ်။ လိုက်စစ်ပြီးတော့ အဲဒီဆီတွေကို တစ်နေ့စာတစ်နေ့သွန်ရတယ်။ ဒီမှာကတော့တိုင်းပြည်ကဆင်းရဲတာသိတယ်မဟုတ်လား။ ဆရာတို့ကသွန်ခိုင်းတာမသွန်ကြဘူး။ တစ်ဆိုင်ကတော့အတင်းသွန်လိုက်တယ်။ ဒါတွေကိုစစ်ဖို့ဆေးဖို့က ဒီက FDA ကပြောတော့ ဒါသူတို့နဲ့မဆိုင်ဘူး။ စည်ပင်နဲ့ပဲဆိုင်တယ်လို့ဆိုတယ်။ အမှန်ကစည်ပင်ဆိုလည်းစည်ပင်၊ ဘယ်ကဖြစ်ဖြစ် ဝိုင်းဝန်းပူးပေါင်းလုပ်သင့်တယ်’’ ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
ပြန်ကြော်ဆီများသည်အက်ဆစ်ဓာတ်မြင့်မားနေသဖြင့် စားသုံးသူများအတွက်ကင်ဆာဖြစ်ပွားနိုင်ကြောင်း သိရပြီး အမေရိကန်အခြေစိုက် ကင်ဆာသုတေသနအေဂျင်စီထုတ်ပြန်ချက်အရ ကင်ဆာဖြစ်သော အစားအစာ ၆ မျိုးတွင်အားလူးကြော်ပါဝင်ကြောင်း၊ ၎င်းအာလူးကြော်သည် ပြန်ကြော်ဆီဖြင့်ကြော်ကြသည့် အလေ့အထမှာ ပိုများ၍လည်းဖြစ်ကြောင်း ၎င်းပြောပြချက်အရ သိရသည်။ 
ကင်ဆာရောဂါဆိုသည်မှာ လူ့ခန္ဓာကိုယ်အတွင်းပုံမှန်မဟုတ်သောဆဲလ်များအမြစ်တွယ်ပြန့်ပွားခြင်းဖြစ်ပြီး ရေရှည်တွင် ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းများပျက်စီးကာ လူ့အသက်ဆုံးပါးသည့်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။