Skip to main content
အလိမ္ခံေနရသည္ကိုသိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၿပီ 
Ads Block

အလိမ္ခံေနရသည္ကိုသိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၿပီ 

ေခတ္အဆက္ဆက္ဌာနဆိုင္ရာမ်ားကလိမ္ေနေၾကာင္း ေဒသခံတစ္ဦး၏ေျပာၾကားခ်က္အေပၚ သိရွိေၾကာင္း ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျပန္လည္ေျဖၾကားခဲ့သည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ မံုရြာၿမိဳ႕တြင္ မတ္လ ၈ ရက္ကက်င္းပေသာ လူထုေတြ႔ဆံုပြဲတြင္ ယခုကဲ့သို႔ ေျပာလိုက္ျခင္း ျဖစ္သည္။ 
“ ကၽြန္မတုိ႔လည္းသိၿပီးသားပဲ။ ကၽြန္မတစ္ခုေတာ့ေျပာခ်င္တယ္။ ျပည္သူေတြကအစိုးရမွာပဲ တာဝန္ရွိတယ္ ဆုိတာကိုလက္မခံဘူး။ အစိုးရဘက္ကလည္း ျပည္သူေတြမွာတာဝန္ရွိတယ္ဆုိတာလည္းလက္မခံဘူး။ အားလံုးတာဝန္ရွိတယ္” ဟု ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။ 
ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္အေနျဖင့္ တနသၤာရီတုိင္းေဒသႀကီးသို႔ သြားေရာက္စဥ္ကလည္း ေဒသခံျပည္သူမ်ားက “အေမစုအလိမ္ခံေနရသည္” ဟူေသာဆုိင္းဘုတ္မ်ားကုိင္ေဆာင္တင္ျပခဲ့ဖူးသည္။

အလိမ္ခံေနရသည္ကိုသိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၿပီ 


“ မဆလေခတ္၊ နဝတေခတ္၊ ႀကံ႕ခုိင္ေရးအစိုးရေခတ္ကေန ဒီေန႔အထိ ေအာက္ကအထက္ကိုလိမ္၊ အထက္က အထက္ကိုလိမ္ေနတာ လိမ္ေနရဲ႕သားနဲ႔ကၽြန္ေတာ္တုိ႔ရပ္တည္ေနရတယ္။ ဒါကိုတင္ျပခ်င္ပါတယ္” ဟု မံုရြာေဒသခံေရွ႕ေနတစ္ဦးကတင္ျပခဲ့သည္။ 
ထို႔အျပင္ မံုရြာစည္ပင္သာယာမွမလုပ္ဖူးသည့္ ဘုိးဘြားရိပ္သာေရွ႕ေတြ အမိႈက္ေကာင္းျခင္းမ်ား၊ အခ်ဳပ္ခန္းမ်ားတြင္ မဆံ့ျဖစ္ေနျခင္း၊ အခ်ဳပ္ခန္းမ်ားအတြင္းအနံအသက္မေကာင္းျခင္း စသည္တို႔ကိုလည္း ေဒသခံမ်ားမွ တင္ျပခဲ့ၾကသည္။
လက္ရွိအစိုးရလက္ထက္တြင္ တနသၤာရီတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ကို အဂတိလုိက္စားမႈတုိက္ဖ်က္ေရး ေကာ္မရွင္မွ စစ္ေဆးေနၿပီး လက္ရွိတြင္ ျပည္သူလူထု၏ယံုၾကည္ေလ်ာ့က်ေနေၾကာင္း ေဒသအေျခစုိက္ သတင္းဌာနတစ္ခုက ေရးသားေဖာ္ျပထားေသးသည္။

- ခ်မ္းၿငိမ္း(အကုန္္သိသတင္းဌာန)

Unicode version

အလိမ်ခံနေရသည်ကိုသိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ 

ခေတ်အဆက်ဆက်ဌာနဆိုင်ရာများကလိမ်နေကြောင်း ဒေသခံတစ်ဦး၏ပြောကြားချက်အပေါ် သိရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မတ်လ ၈ ရက်ကကျင်းပသော လူထုတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။ 
“ ကျွန်မတို့လည်းသိပြီးသားပဲ။ ကျွန်မတစ်ခုတော့ပြောချင်တယ်။ ပြည်သူတွေကအစိုးရမှာပဲ တာဝန်ရှိတယ် ဆိုတာကိုလက်မခံဘူး။ အစိုးရဘက်ကလည်း ပြည်သူတွေမှာတာဝန်ရှိတယ်ဆိုတာလည်းလက်မခံဘူး။ အားလုံးတာဝန်ရှိတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးသို့ သွားရောက်စဉ်ကလည်း ဒေသခံပြည်သူများက “အမေစုအလိမ်ခံနေရသည်” ဟူသောဆိုင်းဘုတ်များကိုင်ဆောင်တင်ပြခဲ့ဖူးသည်။

အလိမ္ခံေနရသည္ကိုသိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၿပီ 


“ မဆလခေတ်၊ နဝတခေတ်၊ ကြံ့ခိုင်ရေးအစိုးရခေတ်ကနေ ဒီနေ့အထိ အောက်ကအထက်ကိုလိမ်၊ အထက်က အထက်ကိုလိမ်နေတာ လိမ်နေရဲ့သားနဲ့ကျွန်တော်တို့ရပ်တည်နေရတယ်။ ဒါကိုတင်ပြချင်ပါတယ်” ဟု မုံရွာဒေသခံရှေ့နေတစ်ဦးကတင်ပြခဲ့သည်။ 
ထို့အပြင် မုံရွာစည်ပင်သာယာမှမလုပ်ဖူးသည့် ဘိုးဘွားရိပ်သာရှေ့တွေ အမှိုက်ကောင်းခြင်းများ၊ အချုပ်ခန်းများတွင် မဆံ့ဖြစ်နေခြင်း၊ အချုပ်ခန်းများအတွင်းအနံအသက်မကောင်းခြင်း စသည်တို့ကိုလည်း ဒေသခံများမှ တင်ပြခဲ့ကြသည်။
လက်ရှိအစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးနေပြီး လက်ရှိတွင် ပြည်သူလူထု၏ယုံကြည်လျော့ကျနေကြောင်း ဒေသအခြေစိုက် သတင်းဌာနတစ်ခုက ရေးသားဖော်ပြထားသေးသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။