Skip to main content
လက္ရွိဘ႑ာႏွစ္တြင္ ျပည္ပသို႔ဆန္တန္ခ်ိန္ ၂ ဒႆမ ၃ သန္းခန္႔တင္ပို႔ႏိုင္မည့္အလားအလာရွိေန
Ads Block

လက္ရွိဘ႑ာႏွစ္တြင္ ျပည္ပသို႔ဆန္တန္ခ်ိန္ ၂ ဒႆမ ၃ သန္းခန္႔တင္ပို႔ႏိုင္မည့္အလားအလာရွိေန

လက္ရွိဘ႑ာႏွစ္အတြင္း ျမန္မာႏိုင္ငံမွ ျပည္ပသို႔ဆန္တန္ခ်ိန္ ၂ ဒႆမ ၃ သန္းခန္႔ တင္ပို႔ႏိုင္မည့္ အလားအလာရွိေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာၾကားသည္။
ၿပီးခဲ႔သည့္ ၂၀၁၇ - ၁၈ ဘ႑ာႏွစ္တြင္ ဆန္တန္ခ်ိန္ ၃ ဒႆမ ၅ သန္းေက်ာ္တင္ပို႔ႏိုင္ခဲ႔ေသာ္လည္း လက္ရွိ ၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္တြင္ ဆန္တန္ခ်ိန္ ၃ သန္းထက္ ပို၍ တင္ပို႔ႏိုင္မည္မဟုတ္ေၾကာင္း ျဖစ္ေၾကာင္း သိရသည္။ 
“ ဒီႏွစ္ကေတာ့ဘယ္လိုမွ ၃ သန္းမေက်ာ္ႏိုင္ဘူး။ တန္ခ်ိန္ ၂ သန္းေက်ာ္ တင္ပို႔ၿပီးသြားၿပီ။ မတ္လထဲမွာ တန္ခ်ိန္ ၁ သိန္းေလာက္ ထပ္ရမလားေပါ့။ အဲဒါဆို တန္ခ်ိန္ ၂ ဒႆမ ၃ သန္းေလာက္ ျဖစ္သြားႏိုင္တယ္” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။
လက္ရွိ ၂၀၁၈ ဘ႑ာႏွစ္ဧၿပီလ ၁ ရက္မွ ၂၀၁၉ ဘ႑ာႏွစ္ မတ္လ ၃၁ ရက္အထိ ဆန္တန္ခ်ိန္ ၂ ဒႆမ ၅ သန္းတင္ပို႔ႏိုင္ရန္ ဘ႑ာႏွစ္မစမီက ေမွ်ာ္မွန္းထားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။ 
သို႔ရာတြင္ လြန္ခဲ့ေသာ ဆယ္စုႏွစ္ဝက္ေက်ာ္ေနာက္ပိုင္းကို ျပန္လည္သံုးသပ္ပါက ဆန္တန္ခ်ိန္ ၂ သန္း ေက်ာ္လြန္၍ တင္ပို႔ႏိုင္ျခင္းမရွိခဲ႔ေၾကာင္း၊ ယခုဘ႑ာႏွစ္တြင္ ယခင္ဘ႑ာႏွစ္ထက္ ဆန္ျပည္ပတင္ပို႔မႈ ေလ်ာ့နည္းေသာ္လည္း လြန္ခဲ႔ေသာ  ၄ ႏွစ္၊ ၅ ႏွစ္ဝန္းက်င္၏ ပ်မ္းမွ်တင္ပို႔မႈျဖင့္ႏိႈင္းယွဥ္ပါက ထက္ဝက္ခန္႔ တင္ပို႔မႈရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။ 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် ၂ ဒဿမ ၃ သန်းခန့်တင်ပို့နိုင်မည့်အလားအလာရှိနေ

လက်ရှိဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တန်ချိန် ၂ ဒဿမ ၃ သန်းခန့် တင်ပို့နိုင်မည့် အလားအလာရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ ဒဿမ ၅ သန်းကျော်တင်ပို့နိုင်ခဲ့သော်လည်း လက်ရှိ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ သန်းထက် ပို၍ တင်ပို့နိုင်မည်မဟုတ်ကြောင်း ဖြစ်ကြောင်း သိရသည်။ 
“ ဒီနှစ်ကတော့ဘယ်လိုမှ ၃ သန်းမကျော်နိုင်ဘူး။ တန်ချိန် ၂ သန်းကျော် တင်ပို့ပြီးသွားပြီ။ မတ်လထဲမှာ တန်ချိန် ၁ သိန်းလောက် ထပ်ရမလားပေါ့။ အဲဒါဆို တန်ချိန် ၂ ဒဿမ ၃ သန်းလောက် ဖြစ်သွားနိုင်တယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
လက်ရှိ ၂၀၁၈ ဘဏ္ဍာနှစ်ဧပြီလ ၁ ရက်မှ ၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက်အထိ ဆန်တန်ချိန် ၂ ဒဿမ ၅ သန်းတင်ပို့နိုင်ရန် ဘဏ္ဍာနှစ်မစမီက မျှော်မှန်းထားခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ 
သို့ရာတွင် လွန်ခဲ့သော ဆယ်စုနှစ်ဝက်ကျော်နောက်ပိုင်းကို ပြန်လည်သုံးသပ်ပါက ဆန်တန်ချိန် ၂ သန်း ကျော်လွန်၍ တင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ဆန်ပြည်ပတင်ပို့မှု လျော့နည်းသော်လည်း လွန်ခဲ့သော  ၄ နှစ်၊ ၅ နှစ်ဝန်းကျင်၏ ပျမ်းမျှတင်ပို့မှုဖြင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့် တင်ပို့မှုရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ 

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။