Skip to main content
ကိစၥမျပတ္ခ်င္သူမ်ားရွိေနသျဖင့္လက္ပံေတာင္းေတာင္ကိစၥရွည္ၾကာေနရဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ
Ads Block

ကိစၥမျပတ္ခ်င္သူမ်ားရွိေနသျဖင့္လက္ပံေတာင္းေတာင္ကိစၥရွည္ၾကာေနရဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

လက္ပံေတာင္းေတာင္ကိစၥမျပတ္ခ်င္သူမ်ားရွိေနသျဖင့္ ရွည္ၾကာေနရေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
မုံ႐ြာၿမိဳ႕၌ မတ္လ ၈ ရက္ကက်င္းပျပဳလုပ္သည့္ လူထုေတြ႕ဆုံပြဲတြင္ ေဒသခံတစ္ဦးမွ လက္ပံေတာင္ကိစၥႏွင့္ ပတ္သက္ၿပီးဝန္ႀကီးခ်ဳပ္အားတင္ျပရာႏွင့္ပတ္သက္ၿပီးေျပာၾကားရာတြင္ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“ ညႇိႏႈိင္းၿပီးအေျဖရွာဖို႔ဆိုတာက ႏွစ္ဖက္စလုံးကလုပ္ရမွာပါ။ တခ်ိဳ႕ကညႇိႏႈိင္းၿပီးအေျဖရွာလို႔ ျပတ္သြားတာေတြ ရွိတယ္။ အခုထက္ထိမျပတ္တဲ့သူေတြကလည္းရွိတယ္။ လက္ပံေတာင္းေတာင္ကိစၥကရွည္ပါၿပီ။ ဒီကိစၥ မျပတ္တာကမျပတ္ခ်င္တဲ့သူေတြရွိေနလို႔ပါ။ အားလုံးကဒီကိစၥကို ျပတ္ခ်င္ပါၿပီ။” ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ကိစၥမျပတ္ခ်င္သူမ်ားရွိေနသျဖင့္လက္ပံေတာင္းေတာင္ကိစၥရွည္ၾကာေနရဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ


ၿပီးခဲ့ေသာ ၂၀၁၄ ခုႏွစ္၌ လက္ပံေတာင္းေတာင္ႏွင့္ပတ္သက္သည့္အစီရင္ခံစာတစ္ေစာင္ကို ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ေရးသားၿပီး လႊတ္ေတာ္သို႔တင္သြင္းခဲ့ေၾကာင္း သိရသည္။
“ အဲဒီတုန္းက မွ်မွ်တတျဖစ္ေအာင္ညႇိယူပါတယ္။ ဘယ္ဘက္ကိုမွမလိုက္ပါဘူး။ ႐ြာသူ႐ြာသားေတြ ဘက္ကိုလည္းမလိုက္ဘူး။ ကုမၸဏီဘက္ကိုလည္းမလိုက္ဘူး။ အားလုံးနဲ႔အဆင္ေျပေအာင္ မွ်မွ်တတ အေကာင္းဆုံးျဖစ္ေအာင္ အစီရင္ခံစာတင္ခဲ့ပါတယ္” ဟု ေဒၚေအာင္ဆန္းစုၾကည္က ဆက္ေျပာသည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဆားလင္းႀကီးၿမိဳ႕နယ္ရ်ိ လက္ပံေတာင္းေတာင္၊ (ေၾကးစင္ေတာင္)ကို ဝမ္ေပါင္ကုမၸဏီမွ ေၾကးနီစီမံကိန္းေဆာင္႐ြက္ရန္ ေျမဧက (၇) ေထာင္ေက်ာ္တြင္လုပ္ကိုင္ခဲ့ၿပီး အဆိုပါေျမဧကအတြင္းလက္ပံေတာင္းေတာင္ ေဒသအတြင္းရွိ ဆည္တည္၊ တုန္ေက်ာင္း၊ မိုးႀကိဳးျပင္ ေက်း႐ြာအုပ္စုမ်ားရွိ ေျမဧကမ်ားလည္းပါဝင္ေနၿပီး ေျမဧက (၅) ေထာင္ဝန္းက်င္သိမ္းယူခဲ့ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

Unicode version

ကိစ္စမပြတ်ချင်သူများရှိနေသဖြင့်လက်ပံတောင်းတောင်ကိစ္စရှည်ကြာနေရဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လက်ပံတောင်းတောင်ကိစ္စမပြတ်ချင်သူများရှိနေသဖြင့် ရှည်ကြာနေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မုံရွာမြို့၌ မတ်လ ၈ ရက်ကကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဒေသခံတစ်ဦးမှ လက်ပံတောင်ကိစ္စနှင့် ပတ်သက်ပြီးဝန်ကြီးချုပ်အားတင်ပြရာနှင့်ပတ်သက်ပြီးပြောကြားရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကိစၥမျပတ္ခ်င္သူမ်ားရွိေနသျဖင့္လက္ပံေတာင္းေတာင္ကိစၥရွည္ၾကာေနရဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ


“ ညှိနှိုင်းပြီးအဖြေရှာဖို့ဆိုတာက နှစ်ဖက်စလုံးကလုပ်ရမှာပါ။ တချို့ကညှိနှိုင်းပြီးအဖြေရှာလို့ ပြတ်သွားတာတွေ ရှိတယ်။ အခုထက်ထိမပြတ်တဲ့သူတွေကလည်းရှိတယ်။ လက်ပံတောင်းတောင်ကိစ္စကရှည်ပါပြီ။ ဒီကိစ္စ မပြတ်တာကမပြတ်ချင်တဲ့သူတွေရှိနေလို့ပါ။ အားလုံးကဒီကိစ္စကို ပြတ်ချင်ပါပြီ။” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပြီးခဲ့သော ၂၀၁၄ ခုနှစ်၌ လက်ပံတောင်းတောင်နှင့်ပတ်သက်သည့်အစီရင်ခံစာတစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ရေးသားပြီး လွှတ်တော်သို့တင်သွင်းခဲ့ကြောင်း သိရသည်။
“ အဲဒီတုန်းက မျှမျှတတဖြစ်အောင်ညှိယူပါတယ်။ ဘယ်ဘက်ကိုမှမလိုက်ပါဘူး။ ရွာသူရွာသားတွေ ဘက်ကိုလည်းမလိုက်ဘူး။ ကုမ္ပဏီဘက်ကိုလည်းမလိုက်ဘူး။ အားလုံးနဲ့အဆင်ပြေအောင် မျှမျှတတ အကောင်းဆုံးဖြစ်အောင် အစီရင်ခံစာတင်ခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရျိ လက်ပံတောင်းတောင်၊ (ကြေးစင်တောင်)ကို ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီစီမံကိန်းဆောင်ရွက်ရန် မြေဧက (၇) ထောင်ကျော်တွင်လုပ်ကိုင်ခဲ့ပြီး အဆိုပါမြေဧကအတွင်းလက်ပံတောင်းတောင် ဒေသအတွင်းရှိ ဆည်တည်၊ တုန်ကျောင်း၊ မိုးကြိုးပြင် ကျေးရွာအုပ်စုများရှိ မြေဧကများလည်းပါဝင်နေပြီး မြေဧက (၅) ထောင်ဝန်းကျင်သိမ်းယူခဲ့ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။