Skip to main content
Ads Block







Unicode version

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၈ ဦးထပ်မံခန့်အပ် 

နိုင်ငံတော်သမ္မတမှတင်ပြထားသည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၈ ဦးကို ပြည်ထောင်စုလွှတ်တော်က ခန့်အပ်ရန်သဘောတူလိုက်သည်။
မတ်လ ၈ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကကန့်ကွက်သူမရှိသဖြင့် ခန့်အပ်ရန် သဘောတူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ ယင်းပုဂ္ဂိုလ်များနဲ့ စပ်လျဉ်းပြီးဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ ပုဒ်မခွဲ(ခ)ပါ သတ်မှတ်အရည်အချင်းများနဲ့ မကိုက်ညီကခိုင်လုံသောသက်သေအထောက်အထားပြပြီးကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို မတ်လ ၇ ရက်နောက်ဆုံးထားပြီး အမည်စာရင်းပေးပို့နိုင်ကြောင်းကြေငြာခဲ့ပါတယ်။ နောက်ဆုံးသတ်မှတ်ချိန် အထိကန့်ကွက်လိုတဲ့သူတစ်ဦးမှမရှိတဲ့အတွက် ၎င်းပုဂ္ဂိုလ် ၈ ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ကသဘောတူပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောသည်။



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၈ ဦးအဖြစ် ဦးညွန့်စိန်၊ ဦးမြင့်အောင်၊ ဦးသက်ထွန်း၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင်တို့ကို ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခင်ကဥက္ကဋ္ဌ ၁ ဦး၊ အဖွဲ့ဝင် ၆ ဦးဖြင့်ဖွဲ့စည်းထားပြီး ယခုခန့်အပ်လိုက်သည့်အဖွဲ့ဝင် ၈ ဦးရှိသည့်အတွက်အဖွဲ့ဝင်ပေါင်း ၁၄ ဦးအထိရှိလာမည်ဖြစ်ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။