Skip to main content
ကြၽဲေကာသီးႏွင့္ကိုကိုးသီးတို႔စိုက္ပ်ိဳးကာ ထုတ္ကုန္အျဖစ္ ထိုင္းႏိုင္ငံသို႔တင္ပို႔မည္ 
Ads Block

ကြၽဲေကာသီးႏွင့္ကိုကိုးသီးတို႔စိုက္ပ်ိဳးကာ ထုတ္ကုန္အျဖစ္ ထိုင္းႏိုင္ငံသို႔တင္ပို႔မည္ 

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ ကြၽဲေကာသီးႏွင့္ကိုကိုးသီးတို႔စိုက္ပ်ိဳးကာ သစ္သီးဝလံထုတ္ကုန္အျဖစ္ ထိုင္းႏိုင္ငံသို႔တင္ပို႔ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။ 
အဆိုပါအစီအစဥ္ကို ျမဝတီၿမိဳ႕မွေဒသတြင္း မြန္တိုင္းရင္းသားစီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းဖြဲ႕စည္းၿပီး ထိုင္းႏိုင္ငံအတြင္းရွိ ထိုင္း/မြန္ စီးပြားေရးလုပ္ငန္းရွင္မ်ားျဖင့္ခ်ိတ္ဆက္ကာ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။ 
“က်ေနာ္တို႔ေဒသမွာ စိုက္လို႔ရတဲ့ကြၽဲေကာသီးနဲ႔ ေခ်ာကလက္လုပ္တဲ့ကုန္ၾကမ္းျဖစ္တဲ့ ကိုကိုးသီးေတြစိုက္ေပးဖို႔ ထိုင္းလုပ္ငန္းရွင္ေတြနဲ႔ သေဘာတူညီမႈရထားတာေတြရွိပါတယ္။ ကိုကိုးပင္မ်ိဳးေတြ ေပးမယ္။ နည္းပညာေတြ၊ ဓါတ္ေျမၾသဇာေတြ၊ အေသးစားေခ်းေငြခ်ေပးဖို႔ပါ ေဆာင္႐ြက္ေပးဖို႔ ညႇိႏႈိင္းထားပါတယ္။ ဒါေတြကိုစိုက္ၿပီး ထြက္လာရင္ သူတို႔ထိုင္းဘက္ကျပန္ဝယ္ဖို႔ သေဘာတူညီမႈေတြရရွိထားၿပီျဖစ္ပါတယ္” ဟု ျမန္မာႏိုင္ငံ မြန္တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္း(ဗဟို) မွ ဥကၠ႒ ႏိုင္ေဖလႈိင္က ေျပာသည္။
မြန္တိုင္းရင္းသားစီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းကို ၿပီးခဲ့ေသာမတ္လ ၂ ရက္က ကရင္ျပည္နယ္၊ ထိုင္း - ျမန္မာနယ္စပ္ ျမဝတီၿမိဳ႕တြင္ညႇိႏႈိင္းဖြဲ႕စည္းခဲ့ကာ မြန္လူမ်ိဳးမ်ားေနထိုင္ရာ ၿမိဳ႕နယ္ေဒသအလိုက္ ဦးေဆာင္သူမ်ား ေ႐ြးခ်ယ္ခဲ့ၾကေၾကာင္း သိရသည္။ 
ထို႔ေနာက္ ထိုင္းႏိုင္ငံအတြင္းေနထိုင္ေသာ မြန္လူမ်ိဳးစီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ထိုင္းႏိုင္ငံအတြင္းမွ ထိုင္းလူမ်ိဳးစီးပြားေရးလုပ္ငန္းရွင္မ်ားမွ ျမန္မာျပည္တြင္း မြန္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္း နယ္စပ္တစ္ေလွ်ာက္ ေနထိုင္ေသာ မြန္တိုင္းရင္းသားေဒသမ်ားတြင္ စိုက္ပ်ိဳးေသာသစ္သီးဝလံမ်ားကို ထိုင္းႏိုင္ငံ မ်ိဳးေစ့ႏွင့္စိုက္ပ်ိဳးေရးနည္းစနစ္မ်ား အကူအညီရယူ၍ ထိုင္းႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံဘက္သို႔ စိုက္ပ်ိဳးေရး ပို႔ကုန္အျဖစ္ ျပန္လည္တင္ပို႔ႏိုင္မည့္ အစီအစဥ္ကို စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 

- ေစာေဘာသိုလ္(အကုန္သိသတင္းဌာန)

Unicode version

ကျွဲကောသီးနှင့်ကိုကိုးသီးတို့စိုက်ပျိုးကာ ထုတ်ကုန်အဖြစ် ထိုင်းနိုင်ငံသို့တင်ပို့မည် 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကျွဲကောသီးနှင့်ကိုကိုးသီးတို့စိုက်ပျိုးကာ သစ်သီးဝလံထုတ်ကုန်အဖြစ် ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါအစီအစဉ်ကို မြဝတီမြို့မှဒေသတွင်း မွန်တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအသင်းဖွဲ့စည်းပြီး ထိုင်းနိုင်ငံအတွင်းရှိ ထိုင်း/မွန် စီးပွားရေးလုပ်ငန်းရှင်များဖြင့်ချိတ်ဆက်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 
“ကျနော်တို့ဒေသမှာ စိုက်လို့ရတဲ့ကျွဲကောသီးနဲ့ ချောကလက်လုပ်တဲ့ကုန်ကြမ်းဖြစ်တဲ့ ကိုကိုးသီးတွေစိုက်ပေးဖို့ ထိုင်းလုပ်ငန်းရှင်တွေနဲ့ သဘောတူညီမှုရထားတာတွေရှိပါတယ်။ ကိုကိုးပင်မျိုးတွေ ပေးမယ်။ နည်းပညာတွေ၊ ဓါတ်မြေသြဇာတွေ၊ အသေးစားချေးငွေချပေးဖို့ပါ ဆောင်ရွက်ပေးဖို့ ညှိနှိုင်းထားပါတယ်။ ဒါတွေကိုစိုက်ပြီး ထွက်လာရင် သူတို့ထိုင်းဘက်ကပြန်ဝယ်ဖို့ သဘောတူညီမှုတွေရရှိထားပြီဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ မွန်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း(ဗဟို) မှ ဥက္ကဋ္ဌ နိုင်ဖေလှိုင်က ပြောသည်။
မွန်တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအသင်းကို ပြီးခဲ့သောမတ်လ ၂ ရက်က ကရင်ပြည်နယ်၊ ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့တွင်ညှိနှိုင်းဖွဲ့စည်းခဲ့ကာ မွန်လူမျိုးများနေထိုင်ရာ မြို့နယ်ဒေသအလိုက် ဦးဆောင်သူများ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။ 
ထို့နောက် ထိုင်းနိုင်ငံအတွင်းနေထိုင်သော မွန်လူမျိုးစီးပွားရေးလုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံအတွင်းမှ ထိုင်းလူမျိုးစီးပွားရေးလုပ်ငန်းရှင်များမှ မြန်မာပြည်တွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်တစ်လျှောက် နေထိုင်သော မွန်တိုင်းရင်းသားဒေသများတွင် စိုက်ပျိုးသောသစ်သီးဝလံများကို ထိုင်းနိုင်ငံ မျိုးစေ့နှင့်စိုက်ပျိုးရေးနည်းစနစ်များ အကူအညီရယူ၍ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံဘက်သို့ စိုက်ပျိုးရေး ပို့ကုန်အဖြစ် ပြန်လည်တင်ပို့နိုင်မည့် အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

- စောဘောသိုလ်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။