Skip to main content
Ads Block










Unicode version

ပြည်သူနှင့်ဝန်ထမ်းများအကြား အပြန်အလှန်စောင်းမြောင်းနေပါက နိုင်ငံကောင်းလာမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို 

ပြည်သူနှင့်ဝန်ထမ်းများအကြား အပြန်အလှန်စောင်းမြောင်းနေပါက နိုင်ငံကောင်းလာမည်မဟုတ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး စေတနာဖြင့်ဆက်ဆံရန်လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 
မုံရွာမြို့တွင် မတ်လ ၈ ရက်ကကျင်းပသောလူထုတွေ့ဆုံပွဲတွင် ဒေသခံတစ်ဦး၏ပြောကြားချက်အပေါ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။



“ အမှိုက်တွေကိုကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ရှင်းအောင်လုပ်ထားရင် ဒီလိုမျိုးဘိုးဘွားရိပ်သာရှေ့မှာ တစ်ခါမလာဖူးတဲ့စည်ပင်တွေလည်း လာရှင်းစရာလိုမှာမဟုတ်ပါဘူး။ ဒါကအားလုံး ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုပါတယ်။ အရင်ဆုံးကိုယ့်ရဲ့ အားနည်းချက်ကို ကိုယ်ပြန်အားသာအောင်လုပ်ရမယ်။ အဲဒါမှ သူများတွေရဲ့ အားနည်းချက်ကိုအားသာအောင်လုပ်ပေးလာနိုင်မယ်။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတဲ့ နေရာမှာ စေတနာနဲ့ဆက်ဆံဖို့လိုပါတယ်။ဝန်ထမ်းတွေကလည်း ပြည်သူတွေကိုစောင်းမြောင်း၊ ပြည်သူတွေကလည်း ဝန်ထမ်းတွေကိုစောင်းမြောင်းဆိုရင် ကျွန်မတို့နိုင်ငံကကောင်းမလာနိုင်ပါဘူး’’ ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။



မုံရွာမြို့ရှိ လူထုတွေ့ဆုံပွဲတွင် ဒေသခံတစ်ဦးမှတင်ပြရာ၌  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လာမှ ကြိုတင်ပြင်ဆင်ထားကြကြောင်း၊ အားလုံးကလိမ်နေကြောင်း၊ မည်သည့်အခါမှမတွေ့ရသည့် စည်ပင်ဝန်ထမ်းများ ဘိုးဘွားရိပ်သာရှေ့တွင်တွေ့ရသည်ဟု သိရသည်။ 
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ဆန္ဒမဲထက်ဝက်ကျော်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ရွေးကောက်ပွဲအပြီးတွင် ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပထမဦးဆုံး လုပ်ငန်းအနေဖြင့် အမှိုက်များသိမ်းဆည်းမှု လုပ်ပြခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။