Skip to main content
NLDပါတီမှ  ပါတီစည်းရုံးရေးလုပ်ငန်းများကို လိုအပ်ပါက လူအများမြင်ရန် ထင်သာမြင်သာရှိအောင် လုပ်ပြသွားမည်ဟု ဦးဥာဏ်ဝင်း ပြော
Ads Block

NLDပါတီမှ  ပါတီစည်းရုံးရေးလုပ်ငန်းများကို လိုအပ်ပါက လူအများမြင်ရန် ထင်သာမြင်သာရှိအောင် လုပ်ပြသွားမည်ဟု ဦးဥာဏ်ဝင်း ပြော

NLDပါတီမှ ပါတီစည်းရုံးရေးလုပ်ငန်းများ ကို လိုအပ်ပါက လူအများမြင်ရန် ထင်သာမြင်သာရှိအောင် လုပ်ပြသွားမည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်း က မေလ၂၅ရက်တွင် အကုန်သိသတင်းဌာနသို့ ပြောကြားလိုက်သည်။

NLDပါတီအနေဖြင့် ပါတီကြီးများ လုပ်သင့်လုပ်ထိုက်သည့် စည်းရုံးရေးလုပ်ငန်းကို အမြဲမပြတ် လုပ်ဆောင်နေကြောင်း အများထင်နေသည့် အသံတိတ်နေသည် ဟုဆိုသလို လူမမြင်ရ ဆိုသည်မှာ လည်း မဟုတ်ကြောင်း ဦးဥာဏ်ဝင်းက ပြောဆိုသည်။

’’သိုသိုသိပ်သိပ်လည်း လုပ်နေတာပဲ။ ပါတီဝင်တွေ အမြဲတမ်းလည်း တွေ့နေတာပဲ။ စည်းရုံးရေးက အမြဲတမ်းလုပ်နေတယ်။ ရွာလုံးကျွတ်တို့ ဘာတို့ ပါတီဝင်တယ်ဆိုတာ လိုအပ်လာရင် လူအများ မြင်သာအောင် ကြီးမားစွာ လုပ်ပြမယ်’’ ဟု ၄င်းက ပြောသည်။

လက်ရှိတွင်ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၈ ခုနှစ် ကြားဖြတ်အတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် တိုင်းပြည်အကျိုးနှင့်အမျိုးသားရေး အား ဦးစားပေးသူကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားထားပြီး NLDပါတီအနေဖြင့် လက်ရှိတွင် ကိုယ်စားလှယ်လောင်းရွေးချယ်ထားခြင်း မရှိသေးဟု ဦးဥာဏ်ဝင်းက ဆိုသည်။

ချင်းတိုင်းရင်းသားပါတီတစ်ခုမှ ဦးဇိုဇမ်က ပြောကြားထားရာတွင် မြန်မာနိုင်ငံတွင် ပြည်ခိုင်ဖြိုးပါတီနှင့်NLDပါတီ နှစ်ခုထဲရှိသည် မဟုတ်ဘဲ တိုင်းရင်းသားကိုယ်စားပြုပါတီများလည်းရှိကြောင်း၊ သို့ဖြစ်၍ ရွေးကောက်ပွဲများတွင် တိုင်းရင်းသားဒေသများသို့ ပါတီကြီးများ ၀င်ရောက်ယှဉ်မပြိုင်သင့်ဟု ယခင် သမ္မတ ဦးသိန်းစိန် လက်ထက် က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုထားသည်။

  • မင်းသီဟန်(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။