Skip to main content
မႏၱေလးၿမိဳ႕ကို Smart City အထိျဖစ္ေစရန္ ရည္ရြယ္ထားဟု မႏၱေလးၿမိဳ႕ေတာ္၀န္ ဆို 
Ads Block

မႏၱေလးၿမိဳ႕ကို Smart City အထိျဖစ္ေစရန္ ရည္ရြယ္ထားဟု မႏၱေလးၿမိဳ႕ေတာ္၀န္ ဆို 

မႏၱေလးၿမိဳ႕ကို Smart City ျဖစ္ေစရန္ ရည္ရြယ္ထားေၾကာင္း မႏၱေလးၿမိဳ႕ေတာ္၀န္ ဦးရဲလြင္က ထုတ္ေဖာ္ ေျပာၾကားလုိက္သည္။
မႏၱေလးၿမိဳ႕ေတာ္ခန္းမတြင္ မတ္လ ၇ ရက္ကက်င္းပေသာ ၿမိဳ႕ျပဖြံၿဖိဳးတုိးတက္ေရးဆုိင္ရာ အခ်က္အလက္မ်ား စာရင္းေကာက္ခံရာတြင္ပါ၀င္သည့္၀န္ထမ္းမ်ားအားဂုဏ္ျပဳပြဲအခမ္းအနားတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္း ျဖစ္သည္။ 

မႏၱေလးၿမိဳ႕ကို Smart City အထိျဖစ္ေစရန္ ရည္ရြယ္ထားဟု မႏၱေလးၿမိဳ႕ေတာ္၀န္ ဆို 


“ Smart City ကုိသြားဖုိ႔ ကြ်န္ေတာ္တုိ႔ရည္ရြယ္ေနတယ္။ အခုထိက်င္းအိမ္သာသုံးတာ ၇၂၅၀၆ အိမ္ ရွိေနပါတယ္။ ဒါကုိနမူနာၾကည့္ရင္ အခုကြ်န္ေတာ္တုိ႔လုပ္ေနတဲ့ ADB ပေရာ့ဂ်က္ဟာ ေဒၚလာသန္း ၆၀ နဲ႔ လုပ္ေနတယ္။ ဒီပေရာ့ဂ်က္ကဒီေဒတာေတြမရွိဘဲလုပ္ပစ္လုိက္တာ။ သေဘာကဘာလဲ။ ကြ်န္ေတာ္တုိ႔ ၿမိဳ႕ေပၚမွာက်င္းအိမ္သာမရွိဘူးဆုိတဲ့ေရဆုိးစြန္႔ပစ္ထုတ္ၿပီးသန္႔စင္တဲ့စနစ္ကုိေခၚတာပါ။ ေဒၚလာသန္း ၆၀ နဲ႔လုပ္တာပါ။ တြက္ၾကည့္ရင္ ျမန္မာေငြဘီလီယံ ၉၀ ဒါကေရထဲကုိခဲက်သြားရင္ပလုံလုိ႔အသံျမည္ပါတယ္။ ဒါအသံေတာင္ျမည္မွာမဟုတ္ပါဘူး။ ဒီအေၾကြးေတြထဲမွာဒီသမုိင္းရဲ႕အမည္းစက္တစ္ခုမွာ က်န္ေနရစ္ခဲ့မွာပါ။ ဒါေပမဲ့တစ္ခုေတာ့ရွိတယ္။ ကြ်န္ေတာ္တုိ႔ ဦးေဆာင္ေနတဲ့ေခတ္မွာလုပ္ခဲ့တာမဟုတ္ဘူး။ ကြ်န္ေတာ္ ၿမိဳ႕ေတာ္၀န္ျဖစ္ျဖစ္ခ်င္းပဲ ဒီပေရာ့ဂ်က္ကုိရပ္ပစ္ဖုိ႔အႀကီးအက်ယ္ႀကိဳးစားတယ္။ လုံး၀မရပါဘူး။ ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။ သူ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ဘ၀က ဒါကုိသူေထာက္ခံခဲ့တာပါတဲ့’’ ဟု မႏၱေလးၿမိဳ႕ေတာ္၀န္ဦးရဲလြင္က ေျပာသည္။

မႏၱေလးၿမိဳ႕ကို Smart City အထိျဖစ္ေစရန္ ရည္ရြယ္ထားဟု မႏၱေလးၿမိဳ႕ေတာ္၀န္ ဆို 


Smart City ဆုိသည္မွာ လမ္းပန္းဆက္သြယ္ေရးသာလြန္ေကာင္းမြန္မႈ၊ အစုိးရ၏ စီမံခန္႔ခြဲမႈစနစ္ကို အမ်ားျပည္သူလြယ္လင့္တကူလက္လွမ္းမီမႈ၊ ေရျဖန္႔ေ၀မႈစနစ္ေကာင္းမြန္ျခင္း၊ အမႈိက္သိမ္းစနစ္ေကာင္းမြန္ျခင္း၊ သတင္းအခ်က္မ်ားနွင့္ အီလက္ထေရာနစ္စီးဆင္းမႈတုိ႔ျမန္ဆန္ျခင္းႏွင့္ စနစ္တက်စီမံခန္႔ခြဲႏုိင္ျခင္းတုိ႔ ျဖစ္ေၾကာင္းသိရသည္။
လက္ရွိ မႏၱေလးတုိင္းေဒသႀကီးအတြင္း အမ်ားျပည္သုံးသန္႔စင္ခန္းမ်ားအားအဆင့္ျမင့္သန္႔စင္ခန္းမ်ားအျဖစ္ တည္ေဆာက္ေနၿပီး အိမ္သာမ်ားမွာလည္းအာဆီယံဆုမ်ားအထိရရွိခဲ့သည္။
မႏၱေလးတုိင္းေဒသႀကီးသည္ ၿမဳိ႔ျပဧရိယာ အက်ယ္အ၀န္း ၆၃၂၆စတုရန္းမုိင္က်ယ္၀န္းၿပီး ၂၀၁၄ ခုႏွစ္ လူဦးေရသန္းေခါင္စာရင္းအခ်က္အလက္မ်ားအရ ၁၂၂၅၁၃၃ ဦးေနထုိင္ေနေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

မန္တလေးမြို့ကို Smart City အထိဖြစ်စေရန် ရည်ရွယ်ထားဟု မန္တလေးမြို့တော်ဝန် ဆို 

မန္တလေးမြို့ကို Smart City ဖြစ်စေရန် ရည်ရွယ်ထားကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ထုတ်ဖော် ပြောကြားလိုက်သည်။
မန္တလေးမြို့တော်ခန်းမတွင် မတ်လ ၇ ရက်ကကျင်းပသော မြို့ပြဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များ စာရင်းကောက်ခံရာတွင်ပါဝင်သည့်ဝန်ထမ်းများအားဂုဏ်ပြုပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောခဲ့ခြင်း ဖြစ်သည်။ 

မႏၱေလးၿမိဳ႕ကို Smart City အထိျဖစ္ေစရန္ ရည္ရြယ္ထားဟု မႏၱေလးၿမိဳ႕ေတာ္၀န္ ဆို 


“ Smart City ကိုသွားဖို့ ကျွန်တော်တို့ရည်ရွယ်နေတယ်။ အခုထိကျင်းအိမ်သာသုံးတာ ၇၂၅၀၆ အိမ် ရှိနေပါတယ်။ ဒါကိုနမူနာကြည့်ရင် အခုကျွန်တော်တို့လုပ်နေတဲ့ ADB ပရော့ဂျက်ဟာ ဒေါ်လာသန်း ၆၀ နဲ့ လုပ်နေတယ်။ ဒီပရော့ဂျက်ကဒီဒေတာတွေမရှိဘဲလုပ်ပစ်လိုက်တာ။ သဘောကဘာလဲ။ ကျွန်တော်တို့ မြို့ပေါ်မှာကျင်းအိမ်သာမရှိဘူးဆိုတဲ့ရေဆိုးစွန့်ပစ်ထုတ်ပြီးသန့်စင်တဲ့စနစ်ကိုခေါ်တာပါ။ ဒေါ်လာသန်း ၆၀ နဲ့လုပ်တာပါ။ တွက်ကြည့်ရင် မြန်မာငွေဘီလီယံ ၉၀ ဒါကရေထဲကိုခဲကျသွားရင်ပလုံလို့အသံမြည်ပါတယ်။ ဒါအသံတောင်မြည်မှာမဟုတ်ပါဘူး။ ဒီအကြွေးတွေထဲမှာဒီသမိုင်းရဲ့အမည်းစက်တစ်ခုမှာ ကျန်နေရစ်ခဲ့မှာပါ။ ဒါပေမဲ့တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ ဦးဆောင်နေတဲ့ခေတ်မှာလုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော် မြို့တော်ဝန်ဖြစ်ဖြစ်ချင်းပဲ ဒီပရော့ဂျက်ကိုရပ်ပစ်ဖို့အကြီးအကျယ်ကြိုးစားတယ်။ လုံးဝမရပါဘူး။ ဝန်ကြီးချုပ်က ပြောပါတယ်။ သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဘဝက ဒါကိုသူထောက်ခံခဲ့တာပါတဲ့’’ ဟု မန္တလေးမြို့တော်ဝန်ဦးရဲလွင်က ပြောသည်။

မႏၱေလးၿမိဳ႕ကို Smart City အထိျဖစ္ေစရန္ ရည္ရြယ္ထားဟု မႏၱေလးၿမိဳ႕ေတာ္၀န္ ဆို 


Smart City ဆိုသည်မှာ လမ်းပန်းဆက်သွယ်ရေးသာလွန်ကောင်းမွန်မှု၊ အစိုးရ၏ စီမံခန့်ခွဲမှုစနစ်ကို အများပြည်သူလွယ်လင့်တကူလက်လှမ်းမီမှု၊ ရေဖြန့်ဝေမှုစနစ်ကောင်းမွန်ခြင်း၊ အမှိုက်သိမ်းစနစ်ကောင်းမွန်ခြင်း၊ သတင်းအချက်များနှင့် အီလက်ထရောနစ်စီးဆင်းမှုတို့မြန်ဆန်ခြင်းနှင့် စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းတို့ ဖြစ်ကြောင်းသိရသည်။
လက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်း အများပြည်သုံးသန့်စင်ခန်းများအားအဆင့်မြင့်သန့်စင်ခန်းများအဖြစ် တည်ဆောက်နေပြီး အိမ်သာများမှာလည်းအာဆီယံဆုများအထိရရှိခဲ့သည်။
မန္တလေးတိုင်းဒေသကြီးသည် မြို့ပြဧရိယာ အကျယ်အဝန်း ၆၃၂၆စတုရန်းမိုင်ကျယ်ဝန်းပြီး ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအချက်အလက်များအရ ၁၂၂၅၁၃၃ ဦးနေထိုင်နေကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။