Skip to main content
ေဇာတိက -၂၄ ေရနံတြင္းမွ စီးပြားျဖစ္ရရိွႏိုင္မည့္ ဟိုက္ဒ႐ိုကာဗြန္ဓာတ္ေငြ႔သိုက္တစ္ခု ေတြ႔ရွိ
Ads Block

ေဇာတိက -၂၄ ေရနံတြင္းမွ စီးပြားျဖစ္ရရိွႏိုင္မည့္ ဟိုက္ဒ႐ိုကာဗြန္ဓာတ္ေငြ႔သိုက္တစ္ခု ေတြ႔ရွိ

PTTEP ျမန္မာ့စီမံကိန္းမွ လုပ္ကြက္ M9 တြင္ အကဲျဖတ္ဆန္းစစ္ခ်က္ တစ္ရပ္ကို ေဆာင္ရြက္ခဲ့ရာ ေဇာတိက -၂၄ ေရနံတြင္းမွ စီးပြားျဖစ္ရရိွႏိုင္မည့္ ဟိုက္ဒ႐ိုကာဗြန္ဓာတ္ေငြ႔သိုက္ တစ္ခုကို ရွာေဖြေတြ႔ရွိခဲ့ေၾကာင္း PTTEP ျမန္မာမွ သိရသည္။
အဆိုပါ ေရနံတြင္းကို ၂၀၁၉ ခုႏွစ္  ဇန္နဝါရီလ ၂၁ ရက္တြင္ စတင္တူးေဖာ္ခဲ့ၿပီး ဇန္နဝါရီလ ၃၁ ရက္တြင္ စုစုေပါင္း ေဒါင္လိုက္ အနက္ ၂,၀၃၀ မီတာသို႔ ေရာက္ရွိခဲ့ၿပီး ႀကိဳတင္ခန္႔မွန္းထားသည့္အတိုင္း  ၄၁ မီတာ ထက္မ်ားျပားသည့္ သဘာဝဓာတ္ေငြ႔ ပါဝင္ သည့္  ေက်ာက္သားထု ၁၅၂ မီတာကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
“PTTEP ျမန္မာ့စီမံကိန္းက ျမန္မာႏုိင္ငံအတြက္ စြမ္းအင္လို အပ္ခ်က္ေတြကို ျပည့္မီေစမယ့္ ေနာက္ထပ္စြမ္းအင္ရင္းျမစ္ေတြနဲ႔ ဓာတ္ေငြ႔သိုက္ေတြကို ဆက္လက္ ရွာေဖြလ်က္ရိွပါတယ္။ အခုေတြ႔ရွိမႈကလည္း ေဇာတိက စီမံကိန္းရဲ႕ မတူးေဖာ္ရေသးတဲ့ ေနရာ ေတြမွာ ဟိုက္ဒ႐ိုကာဗြန္ ေတြရိွေနႏိုင္တယ္ဆိုတဲ့ ယံုၾကည္ခ်က္ကို တိုးပြားေစပါတယ္”ဟု PTTEP ျမန္မာ့စီမံကိန္း၏ အေထြ ေထြမန္ေနဂ်ာ Mr. Piya Sukhumpanumet က ေျပာသည္။
ေဇာတိကသည္ အေရွ႕ေတာင္အာရွတြင္ရွိေသာ PTTEP ၏ အဓိကအေရးပါေသာ စီမံကိန္းမ်ားအနက္မွ တစ္ခုျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ ၏ အေနာက္ေတာင္ဘက္ ခန္႔မွန္းေျခ ကီလိုမီတာ ၃၀၀ အကြာအေဝးရွိ မုတၱမပင္လယ္ေကြ႔တြင္ တည္ရွိကာ ျမန္မာႏုိင္ငံႏွင့္ ထိုင္းႏုိင္ငံ ႏွစ္ႏိုင္ငံအတြက္ တိုးတက္လာေသာ စြမ္းအင္လုိအပ္ခ်က္ႏွင့္ စီးပြားေရး ႀကီးထြားလာသည့္ ကာလအတြင္း သဘာဝ ဓာတ္ေငြ႔ တိုးျမႇင့္ထုတ္လုပ္ျခင္းတို႔အျပင္ ျပည္တြင္းသဘာဝ ဓာတ္ေငြ႔ထုတ္လုပ္မႈကို ျဖည့္ဆည္းေပးျခင္းအတြက္လည္း အေရးပါ ေၾကာင္း သိရသည္။
PTTEP သည္ ရင္းႏွီးျမႇဳပ္နွံမႈ အစုရွယ္ယာ ၈၀% ကို ပိုင္ဆုိင္ထားၿပီး ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႔လုပ္ငန္း (MOGE) မွ က်န္ ရွိေသာ ၂၀% ကို ပိုင္ဆုိင္ထားကာ အက်ဳိးတူပူးေပါင္း လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။ 
လက္ရိွတြင္  ေဇာတိက သဘာဝဓာတ္ေငြ႔ေျမမွ တစ္ရက္လွ်င္ သဘာဝဓာတ္ေငြ႔ ခန္႔မွန္းေျခကုဗေပသန္းေပါင္း ၃၀၀ မွ ၃၄၅ သန္းကို ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။

 - စုသက္ႏွင္း (အကုန္သိသတင္းဌာန)

Unicode version

ဇောတိက -၂၄ ရေနံတွင်းမှ စီးပွားဖြစ်ရရှိနိုင်မည့် ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့သိုက်တစ်ခု တွေ့ရှိ

PTTEP မြန်မာ့စီမံကိန်းမှ လုပ်ကွက် M9 တွင် အကဲဖြတ်ဆန်းစစ်ချက် တစ်ရပ်ကို ဆောင်ရွက်ခဲ့ရာ ဇောတိက -၂၄ ရေနံတွင်းမှ စီးပွားဖြစ်ရရှိနိုင်မည့် ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့သိုက် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း PTTEP မြန်မာမှ သိရသည်။
အဆိုပါ ရေနံတွင်းကို ၂၀၁၉ ခုနှစ်  ဇန်နဝါရီလ ၂၁ ရက်တွင် စတင်တူးဖော်ခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်တွင် စုစုပေါင်း ဒေါင်လိုက် အနက် ၂,၀၃၀ မီတာသို့ ရောက်ရှိခဲ့ပြီး ကြိုတင်ခန့်မှန်းထားသည့်အတိုင်း  ၄၁ မီတာ ထက်များပြားသည့် သဘာဝဓာတ်ငွေ့ ပါဝင် သည့်  ကျောက်သားထု ၁၅၂ မီတာကို တွေ့ရှိခဲ့ကြောင်း သိရသည်။
“PTTEP မြန်မာ့စီမံကိန်းက မြန်မာနိုင်ငံအတွက် စွမ်းအင်လို အပ်ချက်တွေကို ပြည့်မီစေမယ့် နောက်ထပ်စွမ်းအင်ရင်းမြစ်တွေနဲ့ ဓာတ်ငွေ့သိုက်တွေကို ဆက်လက် ရှာဖွေလျက်ရှိပါတယ်။ အခုတွေ့ရှိမှုကလည်း ဇောတိက စီမံကိန်းရဲ့ မတူးဖော်ရသေးတဲ့ နေရာ တွေမှာ ဟိုက်ဒရိုကာဗွန် တွေရှိနေနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို တိုးပွားစေပါတယ်”ဟု PTTEP မြန်မာ့စီမံကိန်း၏ အထွေ ထွေမန်နေဂျာ Mr. Piya Sukhumpanumet က ပြောသည်။
ဇောတိကသည် အရှေ့တောင်အာရှတွင်ရှိသော PTTEP ၏ အဓိကအရေးပါသော စီမံကိန်းများအနက်မှ တစ်ခုဖြစ်ပြီး ရန်ကုန်မြို့ ၏ အနောက်တောင်ဘက် ခန့်မှန်းခြေ ကီလိုမီတာ ၃၀၀ အကွာအဝေးရှိ မုတ္တမပင်လယ်ကွေ့တွင် တည်ရှိကာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံအတွက် တိုးတက်လာသော စွမ်းအင်လိုအပ်ချက်နှင့် စီးပွားရေး ကြီးထွားလာသည့် ကာလအတွင်း သဘာဝ ဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ခြင်းတို့အပြင် ပြည်တွင်းသဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုကို ဖြည့်ဆည်းပေးခြင်းအတွက်လည်း အရေးပါ ကြောင်း သိရသည်။
PTTEP သည် ရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာ ၈၀% ကို ပိုင်ဆိုင်ထားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ကျန် ရှိသော ၂၀% ကို ပိုင်ဆိုင်ထားကာ အကျိုးတူပူးပေါင်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ 
လက်ရှိတွင်  ဇောတိက သဘာဝဓာတ်ငွေ့မြေမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ခန့်မှန်းခြေကုဗပေသန်းပေါင်း ၃၀၀ မှ ၃၄၅ သန်းကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 - စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။