Skip to main content
ေ၀လံေခါင္းဖ်ား ေဒသမ်ားတြင္ ဆရာဝန္အသစ္ေရာက္ရွိမွာသာ ေျပာင္းေရြ႕ရမည္ဟု က်န္းမာေရးဝန္ႀကီးေျပာ
Ads Block

ေ၀လံေခါင္းဖ်ား ေဒသမ်ားတြင္ ဆရာဝန္အသစ္ေရာက္ရွိမွာသာ ေျပာင္းေရြ႕ရမည္ဟု က်န္းမာေရးဝန္ႀကီးေျပာ

ေ၀းလံေခါင္းဖ်ား ခက္ခဲေဒသမ်ားတြင္ ဆရာဝန္အသစ္ေရာက္ရွိမွာသာ လက္ရွိဆရာဝန္ကုိ အေျပာင္းအေရြ႕ ခ်ထားေတာ့ မည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာသည္။
မတ္လ(၇)ရက္က ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ထမံသီခရီးစဥ္တြင္ ေဒသခံ အမ်ိဳးသမီးတစ္ဦးက ထမံသီ တုိက္နယ္ေဆးရုံတြင္ လက္ရွိဆရာဝန္မွာ ေျပာင္းေရြ႕သြားသည့္အတြက္ ဆရာဝန္မရွိေၾကာင္းတင္ျပရာတြင္ က်န္းမာေရး ဝန္ႀကီး ေဒါက္တာျမင့္ေထြးက ယခုကဲ့သို႔ ေျပာၾကားလုိက္ ျခင္းျဖစ္သည္။
“ဆရာဝန္ကို မေျပာင္းလဲဘဲ ေနာက္တစ္ေယာက္လာမွ၊ အသစ္လာမွ ေျပာင္းဖုိ႔ ညႊန္ၾကား လုိက္ပါၿပီ။ တုိက္နယ္ေဆးရုံေတြကို ေဆးဝါးေတြကိုလည္း အမ်ားဆံုးျဖည့္တင္းေပးပါတယ္။ ျပည္သူလူထုက တုိက္နယ္ ေဆးရုံပဲ အားကုိးေနရတာပါ။ ေသခ်ာလုပ္မွာ ပါ။ စိတ္ခ်ပါ”ဟု ေဒါက္တာျမင့္ေထြး ကေျပာသည္။

ေ၀လံေခါင္းဖ်ား ေဒသမ်ားတြင္ ဆရာဝန္အသစ္ေရာက္ရွိမွာသာ ေျပာင္းေရြ႕ရမည္ဟု က်န္းမာေရးဝန္ႀကီးေျပာ

လက္ရွိက်န္းမာေရးဝန္ႀကီးဌာန၏ မူဝါဒမွာ ဆရာဝန္တစ္ဦးေျပာင္းေရြ႕ၿပီးမွသာ အဆိုပါ လစ္လပ္ေဆးရုံသို႔ ခ်ထားေပးသည့္အ တြက္ ေဝးလံေခါင္သီေဒသမ်ားတြင္ ဆရာဝန္မရွိသည့္ ျပႆနာမ်ားအဓိက ရင္ဆုိင္ေနရလ်က္ရွိသည္။
ယခုေနာက္ပိုင္းတြင္ ဆရာဝန္တစ္ဦးေရာက္မလာခင္ လက္ရွိဆရာမ်ားကို ေျပာင္းေရြ႕ေပးေတာ့မည္မဟုတ္ ေၾကာင္းႏွင့္ ေနာက္ ေနာင္ အဆုိပါ ကိစၥမ်ိဳးမျဖစ္ေစရန္လည္း ေဒသခံမ်ားကို က်န္းမာေရးဝန္ႀကီးက ကတိျပဳ ေျပာၾကားခဲ့သည္။
ျမန္မာတစ္ႏုိင္ငံလံုးတြင္ အထူးကုေဆးရုံ ၃၂ ခု၊ သင္ၾကားေရး ၉ ခုအပါအဝင္ ကုတင္ ၅၀၀၊ ၃၀၀၊ ၂၀၀၊ ၁၅၀၊ ၁၀၀၊ ၅၀၊ ၂၅ ႏွင့္ တုိက္နယ္ေဆးရုံ ၇၃၆ ခုအပါအဝင္ ေဆးရုံေပါင္း ၁၀၃၄ ခုရွိေၾကာင္း သိရသည္။

 - ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode version

ဝေလံခေါင်းဖျား ဒေသများတွင် ဆရာဝန်အသစ်ရောက်ရှိမှာသာ ပြောင်းရွေ့ရမည်ဟု ကျန်းမာရေးဝန်ကြီးပြော

ဝေးလံခေါင်းဖျား ခက်ခဲဒေသများတွင် ဆရာဝန်အသစ်ရောက်ရှိမှာသာ လက်ရှိဆရာဝန်ကို အပြောင်းအရွေ့ ချထားတော့ မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
မတ်လ(၇)ရက်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထမံသီခရီးစဉ်တွင် ဒေသခံ အမျိုးသမီးတစ်ဦးက ထမံသီ တိုက်နယ်ဆေးရုံတွင် လက်ရှိဆရာဝန်မှာ ပြောင်းရွေ့သွားသည့်အတွက် ဆရာဝန်မရှိကြောင်းတင်ပြရာတွင် ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ပြောကြားလိုက် ခြင်းဖြစ်သည်။
“ဆရာဝန်ကို မပြောင်းလဲဘဲ နောက်တစ်ယောက်လာမှ၊ အသစ်လာမှ ပြောင်းဖို့ ညွှန်ကြား လိုက်ပါပြီ။ တိုက်နယ်ဆေးရုံတွေကို ဆေးဝါးတွေကိုလည်း အများဆုံးဖြည့်တင်းပေးပါတယ်။ ပြည်သူလူထုက တိုက်နယ် ဆေးရုံပဲ အားကိုးနေရတာပါ။ သေချာလုပ်မှာ ပါ။ စိတ်ချပါ”ဟု ဒေါက်တာမြင့်ထွေး ကပြောသည်။
လက်ရှိကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒမှာ ဆရာဝန်တစ်ဦးပြောင်းရွေ့ပြီးမှသာ အဆိုပါ လစ်လပ်ဆေးရုံသို့ ချထားပေးသည့်အ တွက် ဝေးလံခေါင်သီဒေသများတွင် ဆရာဝန်မရှိသည့် ပြဿနာများအဓိက ရင်ဆိုင်နေရလျက်ရှိသည်။
ယခုနောက်ပိုင်းတွင် ဆရာဝန်တစ်ဦးရောက်မလာခင် လက်ရှိဆရာများကို ပြောင်းရွေ့ပေးတော့မည်မဟုတ် ကြောင်းနှင့် နောက် နောင် အဆိုပါ ကိစ္စမျိုးမဖြစ်စေရန်လည်း ဒေသခံများကို ကျန်းမာရေးဝန်ကြီးက ကတိပြု ပြောကြားခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးတွင် အထူးကုဆေးရုံ ၃၂ ခု၊ သင်ကြားရေး ၉ ခုအပါအဝင် ကုတင် ၅၀၀၊ ၃၀၀၊ ၂၀၀၊ ၁၅၀၊ ၁၀၀၊ ၅၀၊ ၂၅ နှင့် တိုက်နယ်ဆေးရုံ ၇၃၆ ခုအပါအဝင် ဆေးရုံပေါင်း ၁၀၃၄ ခုရှိကြောင်း သိရသည်။

 - ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။