Skip to main content
အမ်ိဳးသားတစ္ဦးက မေက်နပ္ခ်က္ေၾကာင့္ ဆရာေတာ္အား လက္သီးျဖင့္ ထုိး
Ads Block

အမ်ိဳးသားတစ္ဦးက မေက်နပ္ခ်က္ေၾကာင့္ ဆရာေတာ္အား လက္သီးျဖင့္ ထုိး

ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္ႀကီးၿမိဳ႕၌ အမ်ိဳးသားတစ္ဦးက ဆရာေတာ္တစ္ပါးအား လက္သီးျဖင့္ထိုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မတ္လ ၇ ရက္၊ နံနက္ ၈ နာရီခြဲ၀န္းက်င္က ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူခရိုင္၊ ေက်ာက္ႀကီးၿမိဳ႕၊ ေတာင္ငူတန္းရပ္ကြက္၊ ၿမိဳ႕ဦးဘုန္းေတာ္ႀကီးေက်ာင္း ေက်ာင္းထိုင္ဆရာေတာ္ ဥဴးပ႑ိတသည္ ရပ္ကြက္အတြင္းရွိ အလွဴအိမ္သို႔ဆြမ္းႀကြရန္ ဘုန္းႀကီးေက်ာင္းေပၚမွ ဆင္းလာခဲ့ေၾကာင္း သိရသည္။

အမ်ိဳးသားတစ္ဦးက မေက်နပ္ခ်က္ေၾကာင့္ ဆရာေတာ္အား လက္သီးျဖင့္ ထုိး


ထိုစဥ္ ေက်ာင္းေဘးျခံစည္းရိုးႏွင့္ကပ္လ်က္ေနထိုင္ေသာ ေအာင္ကိုသန္း ၃၁ ႏွစ္၊ (ဘ) ဦးေမာင္ကိုက ဘုန္းေတာ္ႀကီးေက်ာင္းေစာင္းတန္းအုတ္ခံုေပၚထိုင္ေနရာမွ ရုတ္တရက္ထလာၿပီး လက္သီးျဖင့္ထိုးရာ ဆရာေတာ္တြင္ ဝဲမ်က္ခံုးထက္ ေပါက္ၿပဲဒဏ္ရာတစ္ခ်က္၊ ဝဲနားရြက္ေနာက္ေပါက္ၿပဲဒဏ္ရာတစ္ခ်က္၊ ဦးေခါင္းေနာက္ေစ့အေပၚ ပြန္းရွဒဏ္ရာတစ္ခ်က္ႏွင့္ ေနာက္ေက်ာျပင္ခါးအလယ္ပြန္းရွဒဏ္ရာတစ္ခ်က္ ရရွိခဲ့သျဖင့္ ေက်ာက္ႀကီးၿမိဳ႕နယ္ျပည္သူေဆရံု၌ အတြင္းလူနာ (မစိုးရိမ္ရ)ျဖင့္ ေဆးကုသမႈခံယူေနရေၾကာင္း သိသည္။
အဆိုပါအမႈႏွင့္ပတ္သက္၍ ၿမိဳ႕ဦးဘုန္းေတာ္ႀကီးေက်ာင္း ေဂါပကဥကၠ႒ျဖစ္သူ ဦးဖိုးနီမွ ေက်ာက္ႀကီးၿမိဳ႕မ ရဲစခန္းသို႔ အမႈဖြင့္တိုင္ၾကားခဲ့ေၾကာင္း သိရသည္။ 
ထို႔ေၾကာင့္ ျဖစ္စဥ္ကိုစစ္ေမးရာ ေအာင္ကိုသန္းသည္ ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၁၃ ရက္က ဆရာေတာ္ ဥဴးပ႑ိတအား ညစ္ညမ္းစြာဆဲဆိုခဲ့သျဖင့္ အဆိုပါေက်ာင္းေဂါပကဥကၠ႒ အမႈဖြင့္တိုင္တန္းခဲ့သျဖင့္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၉၄/ ၂၉၅(က) အရအေရးယူုခဲ့ရာ တရားရံုးေတာ္မွ ေထာင္ဒဏ္ ၂ လ ခ်မွတ္ခဲ့ဖူးသျဖင့္ မေက်နပ္သူျဖစ္ေၾကာင္း သိရွိခဲ့ရသည္။
ထို႔ေၾကာင့္အမႈႏွင့္ပတ္သက္၍ ေအာင္ကိုသန္းအား ေက်ာက္ႀကီးၿမိဳ႕မရဲစခန္း၌ ၁၉/၂၀၁၉ ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၂၅/၂၉၅ -က ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

- ကိုထိုက္- ေညာင္ေလးပင္(အကုန္သိ သတင္းဌာန)

Unicode version

အမျိုးသားတစ်ဦးက မကျေနပ်ချက်ကြောင့် ဆရာတော်အား လက်သီးဖြင့် ထိုး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၌ အမျိုးသားတစ်ဦးက ဆရာတော်တစ်ပါးအား လက်သီးဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၇ ရက်၊ နံနက် ၈ နာရီခွဲဝန်းကျင်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်၊ မြို့ဦးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးပဏ္ဍိတသည် ရပ်ကွက်အတွင်းရှိ အလှူအိမ်သို့ဆွမ်းကြွရန် ဘုန်းကြီးကျောင်းပေါ်မှ ဆင်းလာခဲ့ကြောင်း သိရသည်။
ထိုစဉ် ကျောင်းဘေးခြံစည်းရိုးနှင့်ကပ်လျက်နေထိုင်သော အောင်ကိုသန်း ၃၁ နှစ်၊ (ဘ) ဦးမောင်ကိုက ဘုန်းတော်ကြီးကျောင်းစောင်းတန်းအုတ်ခုံပေါ်ထိုင်နေရာမှ ရုတ်တရက်ထလာပြီး လက်သီးဖြင့်ထိုးရာ ဆရာတော်တွင် ဝဲမျက်ခုံးထက် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဝဲနားရွက်နောက်ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဦးခေါင်းနောက်စေ့အပေါ် ပွန်းရှဒဏ်ရာတစ်ချက်နှင့် နောက်ကျောပြင်ခါးအလယ်ပွန်းရှဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် ကျောက်ကြီးမြို့နယ်ပြည်သူဆေရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ မြို့ဦးဘုန်းတော်ကြီးကျောင်း ဂေါပကဥက္ကဋ္ဌဖြစ်သူ ဦးဖိုးနီမှ ကျောက်ကြီးမြို့မ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။ 
ထို့ကြောင့် ဖြစ်စဉ်ကိုစစ်မေးရာ အောင်ကိုသန်းသည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၃ ရက်က ဆရာတော် ဥူးပဏ္ဍိတအား ညစ်ညမ်းစွာဆဲဆိုခဲ့သဖြင့် အဆိုပါကျောင်းဂေါပကဥက္ကဋ္ဌ အမှုဖွင့်တိုင်တန်းခဲ့သဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄/ ၂၉၅(က) အရအရေးယူုခဲ့ရာ တရားရုံးတော်မှ ထောင်ဒဏ် ၂ လ ချမှတ်ခဲ့ဖူးသဖြင့် မကျေနပ်သူဖြစ်ကြောင်း သိရှိခဲ့ရသည်။ 
ထို့ကြောင့်အမှုနှင့်ပတ်သက်၍ အောင်ကိုသန်းအား ကျောက်ကြီးမြို့မရဲစခန်း၌ ၁၉/၂၀၁၉ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၅/၂၉၅ -က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

- ကိုထိုက်- ညောင်လေးပင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။