Skip to main content
ႏိုင္ငံ၏ အေရးကိစၥမွန္သမွ်တြင္ ျပည္သူလူထုကသာ အဓိကဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ
Ads Block

ႏိုင္ငံ၏ အေရးကိစၥမွန္သမွ်တြင္ ျပည္သူလူထုကသာ အဓိကဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ႏိုင္ငံ၏ အေရးကိစၥမွန္သမွ်တြင္ ျပည္သူလူထုကသာ အဓိကဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္သည္။
မတ္လ(၇)ရက္က စစ္ကိုင္းတိုင္းေဒသႀကီး ထမံသီေဒသလူထုေတြ႕ဆုံပြဲတြင္ ေဒသခံတစ္ဦးမွ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံျပင္ဆင္ေရးတြင္ ျပည္သူလူထု၏ အခန္းက႑ာဘယ္ေလာက္ရွိသလဲဆိုသည့္ေမးခြန္းအေပၚ ျပန္လည္ ေျဖၾကားရာတြင္ ထည့္သြင္းေျပာၾကားလိုက္ျခင္းျဖစ္သည္။

ႏိုင္ငံ၏ အေရးကိစၥမွန္သမွ်တြင္ ျပည္သူလူထုကသာ အဓိကဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ


“ ျပည္သူ႔က႑က အဓိကပဲ။ တစ္ႏိုင္ငံလုံးမွာ အဲဒီဟာက မေမ့ပါနဲ႔။ ႏိုင္ငံတကာမွာ ျဖစ္ပ်က္ေနတဲ့ ကိစၥေတြမွာ ျပည္သူေတြရဲ႕ က႑က အဓိကပဲ။ အဲဒီေတာ့ ေမးရင္ေမးလိမ့္မယ္။ ကြၽန္ေတာ္တို႔လို ထမံသီကမွာေနတဲ့ျပည္သူ ေတြက ဘယ္လိုအေရးပါ မလဲ ဆိုၿပီးေတာ့ ေမးလိမ့္မယ္။ ႏိုင္ငံရဲ႕အေရးကိစၥေတြမွာ ကြၽန္ေတာ္တို႔ရဲ႕ ၾသဇာလႊမ္းမိုးမႈ ဘယ္ေတာ့ ရွိမွာလဲဆိုတာ အဲဒါကို ဘယ္ေတာ့မွ မေမးနဲ႔။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္။ ဒီႏိုင္ငံမွာပဲျဖစ္ျဖစ္ ဘယ္ႏိုင္ငံမွာပဲ ျဖစ္ျဖစ္ ျပည္သူလူထုရဲ႕ က႑က အဓိကပဲ။ လုပ္ငန္းေတြ ေအာင္ျမင္ဖို႔ ျပည္သူလူထုပါမွ ေအာင္ျမင္မွာ။ လူတစ္ေယာက္ခ်င္းတစ္ေယာက္ခ်င္းရဲ႕ အေရးပါမႈကလည္း အင္မတန္မွ မ်ားတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ႏိုင္ငံ၏ အေရးကိစၥမွန္သမွ်တြင္ ျပည္သူလူထုကသာ အဓိကဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ


လႊတ္ေတာ္ကိုယ္စားလွယ္မ်ားဆိုသည္မွာ ျပည္သူမ်ားက ေ႐ြးခ်ယ္ထားၾကသူမ်ားျဖစ္သည့္အတြက္ ျပည္သူလူထု၏ က႑ာပါ ျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။
“ ဒီႏိုင္ငံမွာ ျဖစ္ေနတဲ့ ျပႆနာအားလုံးဟာ ကိုယ့္ကိစၥျဖစ္တယ္။ လူတိုင္းလူတိုင္းရဲ႕စိတ္ထဲမွာ ထားရမယ္။ တစ္ႏိုင္ငံလုံး လွ်ပ္စစ္မီးရရွိေရးကလည္း ႏိုင္ငံေရးပဲ။ ကုန္ေဈးႏႈန္းႀကီးျမင့္တာလည္း ႏိုင္ငံေရးပဲ။ ႏိုင္ငံရဲ႕ အေရးကို စိတ္ဝင္စားၾကပါ။ စိတ္ဝင္စား မွာ ကိုယ္ေလွ်ာက္ခ်င္တဲ့ လမ္းကို ေလွ်ာက္ႏိုင္မွာ။ ျပည္သူျပည္သားေတြက ငါတို႔နဲ႔ မဆိုင္ဘူးဆိုၿပီး ထိုင္ေနၿပီး အစိုးရ တစ္ခု တည္းကသာ ႐ုန္းကန္ေနရမယ္ဆိုရင္ တိုးတက္မႈက ေႏွာင့္ေႏွး မယ္” ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးကိုလည္း ျပည္သူျပည္သားမ်ား စိတ္ဝင္စားၾကရန္လည္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းလိုက္ခဲ့သည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)


Unicode version

နိုင်ငံ၏ အရေးကိစ္စမှန်သမျှတွင် ပြည်သူလူထုကသာ အဓိကဟု ဒေါ်အောင်ဆန်းစုကြည်ပြော
နိုင်ငံ၏ အရေးကိစ္စမှန်သမျှတွင် ပြည်သူလူထုကသာ အဓိကဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
မတ်လ(၇)ရက်က စစ်ကိုင်းတိုင်းဒေသကြီး ထမံသီဒေသလူထုတွေ့ဆုံပွဲတွင် ဒေသခံတစ်ဦးမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးတွင် ပြည်သူလူထု၏ အခန်းကဏ္ဍာဘယ်လောက်ရှိသလဲဆိုသည့်မေးခွန်းအပေါ် ပြန်လည် ဖြေကြားရာတွင် ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ ပြည်သူ့ကဏ္ဍက အဓိကပဲ။ တစ်နိုင်ငံလုံးမှာ အဲဒီဟာက မမေ့ပါနဲ့။ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေမှာ ပြည်သူတွေရဲ့ ကဏ္ဍက အဓိကပဲ။ အဲဒီတော့ မေးရင်မေးလိမ့်မယ်။ ကျွန်တော်တို့လို ထမံသီကမှာနေတဲ့ပြည်သူ တွေက ဘယ်လိုအရေးပါ မလဲ ဆိုပြီးတော့ မေးလိမ့်မယ်။ နိုင်ငံရဲ့အရေးကိစ္စတွေမှာ ကျွန်တော်တို့ရဲ့ သြဇာလွှမ်းမိုးမှု ဘယ်တော့ ရှိမှာလဲဆိုတာ အဲဒါကို ဘယ်တော့မှ မမေးနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်။ ဒီနိုင်ငံမှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ ကဏ္ဍက အဓိကပဲ။ လုပ်ငန်းတွေ အောင်မြင်ဖို့ ပြည်သူလူထုပါမှ အောင်မြင်မှာ။ လူတစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့ အရေးပါမှုကလည်း အင်မတန်မှ များတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များဆိုသည်မှာ ပြည်သူများက ရွေးချယ်ထားကြသူများဖြစ်သည့်အတွက် ပြည်သူလူထု၏ ကဏ္ဍာပါ ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ ဒီနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာအားလုံးဟာ ကိုယ့်ကိစ္စဖြစ်တယ်။ လူတိုင်းလူတိုင်းရဲ့စိတ်ထဲမှာ ထားရမယ်။ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးကလည်း နိုင်ငံရေးပဲ။ ကုန်ဈေးနှုန်းကြီးမြင့်တာလည်း နိုင်ငံရေးပဲ။ နိုင်ငံရဲ့ အရေးကို စိတ်ဝင်စားကြပါ။ စိတ်ဝင်စား မှာ ကိုယ်လျှောက်ချင်တဲ့ လမ်းကို လျှောက်နိုင်မှာ။ ပြည်သူပြည်သားတွေက ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ထိုင်နေပြီး အစိုးရ တစ်ခု တည်းကသာ ရုန်းကန်နေရမယ်ဆိုရင် တိုးတက်မှုက နှောင့်နှေး မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိုလည်း ပြည်သူပြည်သားများ စိတ်ဝင်စားကြရန်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ခဲ့သည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။