Skip to main content
ရန္ကုန္ၿမိဳ႕သစ္သည္ အလုပ္သမားၿမိဳ႕ေတာ္ျဖစ္လာမည္ဟု ဦးသိမ္းေဝေျပာ
Ads Block

ရန္ကုန္ၿမိဳ႕သစ္သည္ အလုပ္သမားၿမိဳ႕ေတာ္ျဖစ္လာမည္ဟု ဦးသိမ္းေဝေျပာ

ၾကည့္ျမင္တိုင္ တစ္ဖက္ကမ္းတြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းသည္ အလုပ္သမားၿမိဳ႕ေတာ္ တစ္ခု  ျဖစ္လာမည္ျဖစ္ေၾကာင္း NYDC  ဒုတိယ ဥကၠ႒ႏွင့္ ဦးသိမ္းေဝက ေျပာသည္။
မတ္လ ၆ ရက္က ရန္ကုန္ၿမိဳ႕ မင္းရဲေက်ာ္စြာလမ္းရွိ ကုန္သည္စက္မႈအသည္းခ်ဳပ္႐ုံး၌ က်င္းပျပဳလုပ္သည့္ NYDC Town Hall 2 ေဆြးေႏြးပြဲတြင္ ၎က အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ၿမိဳ႕သစ္စီမံကိန္းမွာ အလုပ္အကိုင္အခြင့္အလမ္း ၂ သန္းေဖာ္ေဆာင္မယ္။ အလုပ္အကိုင္၂ သန္းအတြက္ စက္မႈဇုန္(၁၀၀၀) လိုတယ္။ စက္မႈဇုန္ (၁၀၀၀) ေဖာ္ေဆာင္ဖို႔အတြက္ အေျခခံအေဆာက္အအုံ ေတြထည့္ရမယ္။ အဲဒီအတြက္ ရင္းႏွီးျမႇဳပ္ႏွံတဲ့ သူလိုအပ္တယ္။ အလုပ္အကိုင္အခြင့္အလမ္းေတြသာ ေဖာ္ေဆာင္ေပးႏိုင္ရင္ ၿမိဳ႕သစ္ဟာ အလုပ္သမားၿမိဳ႕ေတာ္ျဖစ္လာမွာ”ဟု NYDC ၏ ဒုဥကၠ႒ ဦးသိမ္းေဝက ေျပာသည္။
ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း စတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ကနဦး မ တည္ေငြ ျမန္မာေငြက်ပ္ ၁၀ ဘီလ်ံက်ပ္သာ ထည့္ဝင္ထားၿပီး က်န္ရွိသည့္ ေငြပမာဏ ကန္ေဒၚလာ ၄.၉၉၃ ဘီလ်ံ ကြာဟေန ေၾကာင္း၊ ယင္းေငြကို ရရွိရန္အတြက္ ျပည္တြင္းျပည္ပရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားကို ဖိတ္ေခၚသြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ပထမအဆင့္ကို ေျမဧက ၂၀၀၀၀ အက်ယ္အဝန္းျဖင့္ စတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ မည္ျဖစ္ ကာ ယင္းအဆင့္တြင္ ၿမိဳ႕နယ္ ၅ ခု၊ တံတား ၂ စင္း၊ ပင္မလမ္းမမ်ား၊ စက္မႈဇုန္၊ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႏွင့္ ေရဆိုး၊ ေရသန႔္ စက္႐ုံမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။ 
ပထမအဆင့္ အေျခခံအေဆာက္အအုံမ်ား ေဆာင္႐ြက္ရာတြင္ ကန္ေဒၚလာ ၁ ဒႆမ ၅ ဘီလီယံကုန္က်မည္ဟု ခန႔္မွန္းထား ေၾကာင္းလည္း သိရသည္။

- စုသက္ႏွင္း(အကုန္သိ သတင္းဌာန)

Unicode version

ရန်ကုန်မြို့သစ်သည် အလုပ်သမားမြို့တော်ဖြစ်လာမည်ဟု ဦးသိမ်းဝေပြော
ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်မြို့သစ်စီမံကိန်းသည် အလုပ်သမားမြို့တော် တစ်ခု  ဖြစ်လာမည်ဖြစ်ကြောင်း NYDC  ဒုတိယ ဥက္ကဋ္ဌနှင့် ဦးသိမ်းဝေက ပြောသည်။
မတ်လ ၆ ရက်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသည်းချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် NYDC Town Hall 2 ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မြို့သစ်စီမံကိန်းမှာ အလုပ်အကိုင်အခွင့်အလမ်း ၂ သန်းဖော်ဆောင်မယ်။ အလုပ်အကိုင်၂ သန်းအတွက် စက်မှုဇုန်(၁၀၀၀) လိုတယ်။ စက်မှုဇုန် (၁၀၀၀) ဖော်ဆောင်ဖို့အတွက် အခြေခံအဆောက်အအုံ တွေထည့်ရမယ်။ အဲဒီအတွက် ရင်းနှီးမြှုပ်နှံတဲ့ သူလိုအပ်တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေသာ ဖော်ဆောင်ပေးနိုင်ရင် မြို့သစ်ဟာ အလုပ်သမားမြို့တော်ဖြစ်လာမှာ”ဟု NYDC ၏ ဒုဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကနဦး မ တည်ငွေ မြန်မာငွေကျပ် ၁၀ ဘီလျံကျပ်သာ ထည့်ဝင်ထားပြီး ကျန်ရှိသည့် ငွေပမာဏ ကန်ဒေါ်လာ ၄.၉၉၃ ဘီလျံ ကွာဟနေ ကြောင်း၊ ယင်းငွေကို ရရှိရန်အတွက် ပြည်တွင်းပြည်ပရှိ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်ကို မြေဧက ၂၀၀၀၀ အကျယ်အဝန်းဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ် ကာ ယင်းအဆင့်တွင် မြို့နယ် ၅ ခု၊ တံတား ၂ စင်း၊ ပင်မလမ်းမများ၊ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေဆိုး၊ ရေသန့် စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 
ပထမအဆင့် အခြေခံအဆောက်အအုံများ ဆောင်ရွက်ရာတွင် ကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံကုန်ကျမည်ဟု ခန့်မှန်းထား ကြောင်းလည်း သိရသည်။

- စုသက်နှင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။