Skip to main content
ေရႊေစ်း ႏွစ္ပတ္အတြင္းတစ္က်ပ္သားလွ်င္ က်ပ္သံုးေသာင္းခြဲ၀န္းက်င္ က်ဆင္း
Ads Block

ေရႊေစ်း ႏွစ္ပတ္အတြင္းတစ္က်ပ္သားလွ်င္ က်ပ္သံုးေသာင္းခြဲ၀န္းက်င္ က်ဆင္း

ျမန္မာ့ေရႊ႔သက္တမ္းတစ္ေလွ်ာက္စံခ်ိန္တင္ျမင့္တက္ခဲ့သည့္ ေရႊေစ်းႏႈန္းမွာ ႏွစ္ပတ္အတြင္း တစ္က်ပ္သားလွ်င္ က်ပ္ ၃၃၀၀၀ ဝန္းက်င္က်ဆင္းလာေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္အသင္းမွ ေစ်းႏႈန္း ေဖာ္ျပခ်က္အရ သိရသည္။ 
ျပည္တြင္းေရႊေစ်းကြက္အတြင္းၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္အေခါက္ေရႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၀,၈၈,၂၀၀ ေက်ာ္အထိျမင့္တက္ခဲ့ၿပီး ျမန္မာ့ေရႊေရာင္းဝယ္မႈသက္တမ္းတစ္ေလွ်ာက္တြင္ အျမင့္ဆံုး စံခ်ိန္တင္ခဲ့ေသာ္လည္းလက္ရွိမတ္လ(၆ ရက္) တြင္ အေခါက္ေရႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၀,၅၅,၅၀၀ ျဖစ္ကာလြန္ခဲ့သည့္ ႏွစ္ပတ္ျဖင့္ ႏႈိင္းယွဥ္ပါကတစ္က်ပ္သားလွ်င္ က်ပ္ ၃၃၀၀၀ အထိေစ်းႏႈန္း က်ဆင္းလာခဲ့သည္။ 
ယင္းသို႔ ေရႊေစ်းႏႈန္းမ်ားျမင့္တက္ခဲ့ျခင္းမွာ အေမရိကန္ေဒၚလာလဲလွယ္ႏႈန္း ျမင့္တက္ျခင္းႏွင့္ ကမာၻ႕ ေရႊေစ်း ျမင့္တက္ျခင္းတုိ႔ျဖင့္ သက္ဆိုင္ေၾကာင္းရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းဦးမ်ိဳးညႊန္႔က ဆိုသည္။ 
ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလတြင္ အေခါက္ေရႊတစ္က်ပ္သားလွ်င္ က်ပ္ ၉၇၀,၀၀၀ သာရွိခဲ့ရာမွ ေဒၚလာေစ်းႏႈန္းက်ဆင္းလာေသာ္လည္းကမာၻ႕ေရႊေစ်းႏႈန္း ျမင့္တက္လာျခင္းႏွင့္အတူ ျမန္မာ့ေရႊေစ်းႏႈန္းလည္း ျမင့္တက္လာကာေဖေဖာ္ဝါရီလတြင္ အျမင့္ဆံုးစံခ်ိန္တင္ခဲ့ျခင္းျဖစ္ေၾကာင္းေစ်းကြက္အတြင္းမွ သိရသည္။
ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ ကမာၻ႕ေရႊ႔တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၃၄၂ ေစ်းႏႈန္းရရွိခဲ့ေသာ္လည္း ယခုမတ္လ (၆ ရက္) တြင္ ကမာၻ႕ေရႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၂၈၆ သာေစ်းႏႈန္းရရွိေၾကာင္း ေစ်းကြက္အတြင္းမွ သိရသည္။ 

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

ရွှေဈေး နှစ်ပတ်အတွင်းတစ်ကျပ်သားလျှင် ကျပ်သုံးသောင်းခွဲဝန်းကျင် ကျဆင်း

မြန်မာ့ရွှေ့သက်တမ်းတစ်လျှောက်စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေဈေးနှုန်းမှာ နှစ်ပတ်အတွင်း တစ်ကျပ်သားလျှင် ကျပ် ၃၃၀၀၀ ဝန်းကျင်ကျဆင်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းမှ ဈေးနှုန်း ဖော်ပြချက်အရ သိရသည်။ 
ပြည်တွင်းရွှေဈေးကွက်အတွင်းပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်တွင်အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀,၈၈,၂၀၀ ကျော်အထိမြင့်တက်ခဲ့ပြီး မြန်မာ့ရွှေရောင်းဝယ်မှုသက်တမ်းတစ်လျှောက်တွင် အမြင့်ဆုံး စံချိန်တင်ခဲ့သော်လည်းလက်ရှိမတ်လ(၆ ရက်) တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀,၅၅,၅၀၀ ဖြစ်ကာလွန်ခဲ့သည့် နှစ်ပတ်ဖြင့် နှိုင်းယှဉ်ပါကတစ်ကျပ်သားလျှင် ကျပ် ၃၃၀၀၀ အထိဈေးနှုန်း ကျဆင်းလာခဲ့သည်။ 
ယင်းသို့ ရွှေဈေးနှုန်းများမြင့်တက်ခဲ့ခြင်းမှာ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း မြင့်တက်ခြင်းနှင့် ကမ္ဘာ့ ရွှေဈေး မြင့်တက်ခြင်းတို့ဖြင့် သက်ဆိုင်ကြောင်းရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဦးမျိုးညွှန့်က ဆိုသည်။ 
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၇၀,၀၀၀ သာရှိခဲ့ရာမှ ဒေါ်လာဈေးနှုန်းကျဆင်းလာသော်လည်းကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ မြန်မာ့ရွှေဈေးနှုန်းလည်း မြင့်တက်လာကာဖေဖော်ဝါရီလတွင် အမြင့်ဆုံးစံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်းဈေးကွက်အတွင်းမှ သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကမ္ဘာ့ရွှေ့တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၄၂ ဈေးနှုန်းရရှိခဲ့သော်လည်း ယခုမတ်လ (၆ ရက်) တွင် ကမ္ဘာ့ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၈၆ သာဈေးနှုန်းရရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။