Skip to main content
စုေပါင္းေရာင္းခ်သည့္စနစ္ေၾကာင့္ ပဲတီစိမ္းေဈးပိုမိုရရွိလာ 
Ads Block

စုေပါင္းေရာင္းခ်သည့္စနစ္ေၾကာင့္ ပဲတီစိမ္းေဈးပိုမိုရရွိလာ 

ပဲတီစိမ္း စုေပါင္းေရာင္းခ်သည့္စနစ္ က်င့္သုံးမႈေၾကာင့္ ပဲအရည္အေသြးျမင့္တက္လာသည့္အျပင္ ယခင္ႏွစ္ထက္ ပဲတီစိမ္းတစ္တင္းလွ်င္ ေဈးႏႈန္းက်ပ္ ၁၀၀၀၀ ဝန္းက်င္ပိုရရွိလာေၾကာင္း ICCO Myanmar မွ စီမံကိန္းမန္ေနဂ်ာဦးခင္ေဇာ္ထြန္းေျပာျပခ်က္အရ သိရသည္။ 
၂၀၁၈ ခုႏွစ္ ပဲတီစိမ္းလႈိင္လႈိင္ေပၚခ်ိန္တြင္ ပဲတစ္တင္းလွ်င္ ေဈးႏႈန္းက်ပ္ ၃၃၀၀၀ ဝန္းက်င္သာ ရရွိခဲ့ေသာ္လည္း ယခု ၂၀၁၉ ခုႏွစ္ ပဲတီစိမ္းလႈိင္လႈိင္ေပၚခ်ိန္တြင္ ပဲတစ္တင္းလွ်င္ ေဈးႏႈန္းက်ပ္ ၄၂၀၀၀ မွ ၄၃၀၀၀ ဝန္းက်င္အထိရရွိေနေၾကာင္း သိရသည္။ 
“ ေဈးႏႈန္းေတြလည္းအင္မတန္ေကာင္းလာတာေတြ႕ရတယ္။ တကယ့္အျမင့္ဆုံးေဈးရပါတယ္။ ဒါက ကြၽန္ေတာ္တို႔ေၾကာင့္လည္းမဟုတ္ဘူး။ ဒါကိုအခ်ိန္အရမ္းေပးထားတယ္။ မႏွစ္ကစဖြင့္ေတာ့ ေပါက္ေဈးက ၃၃၀၀၀ မွာစေပါက္တယ္။ ဒီႏွစ္မွာဆိုရင္ စဖြင့္တဲ့ေန႔က ၄၀၀၀၀ ေက်ာ္တယ္။ စုေပါင္းေရာင္းခ်တဲ့စနစ္ေၾကာင့္ အ ရည္အသြးပိုေကာင္းလာၿပီးေဈးေတြ ပိုမ်ားလာတာေပါ့။ ဒီစီမံကိန္းမွာမပါဝင္တဲ့ လယ္သမားေတြထက္စာရင္ စီမံကိန္းမွာပါဝင္ၿပီးစုေပါင္းေရာင္းခ်တဲ့ လယ္သမားေတြကပိုၿပီးေတာ့အက်ိဳးအျမတ္ရၾကတယ္လို႔ ေျပာလို႔ရပါတယ္” ဟု ICCO Myanmar မွ စီမံကိန္းမန္ေနဂ်ာဦးခင္ေဇာ္ထြန္းက ေျပာသည္။ 
အဆိုပါ ပဲတီစိမ္းစုေပါင္းေရာင္းခ်သည့္ စီမံကိန္းကို ICCO Myanmar ႏွင့္ NAG Network activity Groupတို႔ ပူးေပါင္း၍ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလမွစတင္ခဲ့ကာ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလအထိေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ယခု ၂၀၁၉ ခုႏွစ္အတြက္ပဲတီစိမ္းတန္ခ်ိန္ ၂၀၀၀ ခန႔္ တ႐ုတ္ႏိုင္ငံေဈးကြက္တင္ပို႔ႏိုင္ရန္ ေမွ်ာ္မွန္းထားၿပီး အေရာင္းအဝယ္ကာလမွာေဖေဖာ္ဝါရီလ ၇ ရက္မွ ဧၿပီလ ၅ ရက္အထိသတ္မွတ္ထားေၾကာင္းသိရသည္။ 
“ ၄ လအတြင္းပဲတီစိမ္းတန္ေပါင္း ၂၀၀၀ ေလာက္အထိရည္မွန္းထားတယ္။ တ႐ုတ္ကို မႏၲေလးက ကုန္သည္ေတြကတစ္ဆင့္ မူဆယ္ကေနတင္ပို႔ေနတာ။ အခုေတာ့ တန္ေပါင္း ၉၀၀ ေက်ာ္ကို တင္ပို႔ေရာင္းခ်ႏိုင္ခဲ့ၿပီ။ တစ္ဝက္ေလာက္ေတာ့ ေရာင္းၿပီးသြားၿပီ။ မႏွစ္ကထက္လည္းတင္ပို႔ႏိုင္ခဲ့တယ္” ဟု ဦးခင္ေဇာ္ထြန္းက ဆက္ေျပာသည္။ 
ယင္းစီမံကိန္းတြင္ မ်ိဳးစိတ္ထုတ္လုပ္ႏိုင္ရန္၊ စုေပါင္းဝယ္ယူေရာင္းခ်သည့္ လုပ္ငန္း၊ စံျပစိုက္ကြက္မ်ား တည္ေထာင္ႏိုင္ရန္ သင္တန္းမ်ားပို႔ခ်ျခင္း၊ ေလ့လာေရးခရီးမ်ားသြားေရာက္ ေစျခင္း၊ မူဝါဒပိုင္းဆိုင္ရာ ေျပာင္းလဲႏိုင္ရန္ ကိုယ္ပိုင္မူဝါဒမ်ားနားလည္ၿပီးသက္ဆိုင္ရာ ၿမိဳ႕နယ္၊ တာဝန္ရွိသူမ်ားအားခ်ဥ္းကပ္ႏိုင္ရန္ သင္တန္းမ်ားေပးျခင္း၊ အထူးသျဖင့္ နည္းပညာပိုင္းအေထာက္အပံ့ေပးျခင္းျဖစ္ေၾကာင္း သိရသည္။  

- သင္းသင္းလႈိင္(အကုန္သိ သတင္းဌာန)

Unicode version

စုပေါင်းရောင်းချသည့်စနစ်ကြောင့် ပဲတီစိမ်းဈေးပိုမိုရရှိလာ 
ပဲတီစိမ်း စုပေါင်းရောင်းချသည့်စနစ် ကျင့်သုံးမှုကြောင့် ပဲအရည်အသွေးမြင့်တက်လာသည့်အပြင် ယခင်နှစ်ထက် ပဲတီစိမ်းတစ်တင်းလျှင် ဈေးနှုန်းကျပ် ၁၀၀၀၀ ဝန်းကျင်ပိုရရှိလာကြောင်း ICCO Myanmar မှ စီမံကိန်းမန်နေဂျာဦးခင်ဇော်ထွန်းပြောပြချက်အရ သိရသည်။ 
၂၀၁၈ ခုနှစ် ပဲတီစိမ်းလှိုင်လှိုင်ပေါ်ချိန်တွင် ပဲတစ်တင်းလျှင် ဈေးနှုန်းကျပ် ၃၃၀၀၀ ဝန်းကျင်သာ ရရှိခဲ့သော်လည်း ယခု ၂၀၁၉ ခုနှစ် ပဲတီစိမ်းလှိုင်လှိုင်ပေါ်ချိန်တွင် ပဲတစ်တင်းလျှင် ဈေးနှုန်းကျပ် ၄၂၀၀၀ မှ ၄၃၀၀၀ ဝန်းကျင်အထိရရှိနေကြောင်း သိရသည်။ 
“ ဈေးနှုန်းတွေလည်းအင်မတန်ကောင်းလာတာတွေ့ရတယ်။ တကယ့်အမြင့်ဆုံးဈေးရပါတယ်။ ဒါက ကျွန်တော်တို့ကြောင့်လည်းမဟုတ်ဘူး။ ဒါကိုအချိန်အရမ်းပေးထားတယ်။ မနှစ်ကစဖွင့်တော့ ပေါက်ဈေးက ၃၃၀၀၀ မှာစပေါက်တယ်။ ဒီနှစ်မှာဆိုရင် စဖွင့်တဲ့နေ့က ၄၀၀၀၀ ကျော်တယ်။ စုပေါင်းရောင်းချတဲ့စနစ်ကြောင့် အ ရည်အသွးပိုကောင်းလာပြီးဈေးတွေ ပိုများလာတာပေါ့။ ဒီစီမံကိန်းမှာမပါဝင်တဲ့ လယ်သမားတွေထက်စာရင် စီမံကိန်းမှာပါဝင်ပြီးစုပေါင်းရောင်းချတဲ့ လယ်သမားတွေကပိုပြီးတော့အကျိုးအမြတ်ရကြတယ်လို့ ပြောလို့ရပါတယ်” ဟု ICCO Myanmar မှ စီမံကိန်းမန်နေဂျာဦးခင်ဇော်ထွန်းက ပြောသည်။ 
အဆိုပါ ပဲတီစိမ်းစုပေါင်းရောင်းချသည့် စီမံကိန်းကို ICCO Myanmar နှင့် NAG Network activity Groupတို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစတင်ခဲ့ကာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၁၉ ခုနှစ်အတွက်ပဲတီစိမ်းတန်ချိန် ၂၀၀၀ ခန့် တရုတ်နိုင်ငံဈေးကွက်တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး အရောင်းအဝယ်ကာလမှာဖေဖော်ဝါရီလ ၇ ရက်မှ ဧပြီလ ၅ ရက်အထိသတ်မှတ်ထားကြောင်းသိရသည်။ 
“ ၄ လအတွင်းပဲတီစိမ်းတန်ပေါင်း ၂၀၀၀ လောက်အထိရည်မှန်းထားတယ်။ တရုတ်ကို မန္တလေးက ကုန်သည်တွေကတစ်ဆင့် မူဆယ်ကနေတင်ပို့နေတာ။ အခုတော့ တန်ပေါင်း ၉၀၀ ကျော်ကို တင်ပို့ရောင်းချနိုင်ခဲ့ပြီ။ တစ်ဝက်လောက်တော့ ရောင်းပြီးသွားပြီ။ မနှစ်ကထက်လည်းတင်ပို့နိုင်ခဲ့တယ်” ဟု ဦးခင်ဇော်ထွန်းက ဆက်ပြောသည်။ 
ယင်းစီမံကိန်းတွင် မျိုးစိတ်ထုတ်လုပ်နိုင်ရန်၊ စုပေါင်းဝယ်ယူရောင်းချသည့် လုပ်ငန်း၊ စံပြစိုက်ကွက်များ တည်ထောင်နိုင်ရန် သင်တန်းများပို့ချခြင်း၊ လေ့လာရေးခရီးများသွားရောက် စေခြင်း၊ မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲနိုင်ရန် ကိုယ်ပိုင်မူဝါဒများနားလည်ပြီးသက်ဆိုင်ရာ မြို့နယ်၊ တာဝန်ရှိသူများအားချဉ်းကပ်နိုင်ရန် သင်တန်းများပေးခြင်း၊ အထူးသဖြင့် နည်းပညာပိုင်းအထောက်အပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။  

- သင်းသင်းလှိုင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။