Skip to main content
ရခုိင္ျပည္နယ္သည္ အင္အားႀကီးႏုိင္ငံမ်ား၏ ကစားကြက္ျဖစ္သလုိ ျပည္တြင္း ႏုိင္ငံေရးကစားလိုသူမ်ား၏ အႀကိဳက္ျဖစ္ေနဟု ေဒၚထုေမေျပာ
Ads Block

ရခုိင္ျပည္နယ္သည္ အင္အားႀကီးႏုိင္ငံမ်ား၏ ကစားကြက္ျဖစ္သလုိ ျပည္တြင္း ႏုိင္ငံေရးကစားလိုသူမ်ား၏ အႀကိဳက္ျဖစ္ေနဟု ေဒၚထုေမေျပာ

ရခုိင္ျပည္နယ္သည္ အင္အားႀကီး ႏုိင္ငံမ်ား၏ ကစားကြက္ျဖစ္သလုိ ျပည္တြင္းႏုိင္ငံေရး ကစားလိုသူမ်ား၏ အႀကိဳက္လည္းျဖစ္ ေနေၾကာင္း ရခုိင္ျပည္နယ္မဲဆႏၵနယ္ အမွတ္ (၁၁) လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက ေျပာသည္။
မတ္လ ၅ ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ၁၁ ႀကိမ္ေျမာက္ပံုမွန္အစည္းအေဝး ၁၂ ရက္ ေျမာက္ ေန႔တြင္ ဇီးကုန္းမဲဆႏၵနယ္မွ ဦးဥာဏ္ထြန္းတင္သြင္းသည့္ OIC, EU, UNHCR တုိ႔က ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အေျခ အေနဆံုးျဖတ္ခ်က္အား ကုလသမဂၢ အေထြေထြညီလာခံတြင္ အတည္ျပဳခဲ့ၿပီး စဥ္ဆက္မျပတ္လုပ္ေဆာင္ေနမႈမ်ားသည္ ျမန္မာ ႏုိင္ငံ၏ ဒီမုိကေရစီဖြံ႔ၿဖိဳးတုိးတက္မႈ လုပ္ငန္းစဥ္အား အက်ပ္အတည္းအတြင္း တြန္းပို႔ေနၿပီး ႏုိင္ငံေတာ္ၿပိဳကြဲေရး ေထာင္ေခ်ာက္ ဆင္ထားသည့္ လုပ္ေဆာင္မႈမ်ားျဖစ္သည့္အတြက္ ျမန္မာႏုိင္ငံသားအားလံုး အစြဲကင္းကင္းျဖင့္စည္းလံုးညီညႊတ္စြာ တံုျပန္သြား ေရးေဆာင္ရြက္ေပးရန္ တုိက္တြန္းေၾကာင္းအဆုိကို ေဆြးေႏြးရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“အိမ္ငွားက အိမ္ရွင္ကုိ ႏွင္ခ်တာကို အားေပးအားေျမွာက္ျပဳေနတဲ့ ကမၻာ့ႏုိင္ငံမ်ားဟာ လူအခြင့္အေရးကို အေၾကာင္းျပခ်က္နဲ႔ ကုလသမဂၢကို အေၾကာင္းျပကာ ျမန္မာႏုိင္ငံကို စနစ္တက် တုိက္ခိုက္ေနတာ ထင္ရွားေနပါတယ္။ တစ္ဖက္မွာလည္း အက်ပ္အ တည္း ေရာက္ေနတဲ့ ျမန္မာႏုိင္ငံအေပၚ အေပၚယံသာေကာင္းၿပီး အျမတ္ထုတ္ဖုိ႔ႀကိဳးစားေနတဲ့ ႏုိင္ငံတကာေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ရခုိင္ျပည္နယ္ဟာ အင္အားႀကီး ႏုိင္ငံတခ်ိဳ႕ရဲ႕ကစားကြက္ျဖစ္သလုိ ျပည္တြင္းက ႏုိင္ငံေရးကစားလုိသူမ်ားရဲ႕ အႀကိဳက္ ဆုိရင္လည္း မမွားပါဘူး” ဟု ေဒၚထုေမက ေျပာသည္။
ျပည္တြင္းမွ ကိုယ္က်ိဳးစီးပြားကိုၾကည့္ ႏုိင္ငံေရးကစားမည္ဆုိပါက တုိင္းျပည္၏ နစ္နာမႈက ကုစားရမည္မဟုတ္ ေၾကာင္း ၎က ေျပာသည္။
၃၉ ႀက္ိမ္ေျမာက္ ကုလသမဂၢလူ႔အခြင့္ေရးေကာင္စီကို တင္သြင္းခဲ့သည့္ ျမန္မာႏုိင္ငံဆိုင္ရာ အခ်က္အလက္ရွာေဖြ ေရးေကာ္မရွင္၊ အီးယူႏွင့္ လူ႔အခြင့္ေရးေကာင္စီသည္ အကြက္က်က် စီမံခဲ့ျခင္းျဖစ္ေၾကာင္း အဆုိရွင္ ဦးဥာဏ္ထြန္းက အဆုိတင္သြင္းရာတြင္ ေျပာၾကားခဲ့သည္။
ရခုိင္အေရးကို တာဝန္ယူေျဖရွင္းၾကရမည့္ပုဂၢိဳလ္မ်ားသည္ ရခုိင္ျပည္သူမ်ား၏ ဆႏၵႏွင့္ ကင္းကြာ၍ ရမည္မဟုတ္ေၾကာင္းႏွင့္ ႏုိင္ငံတြင္း တရားဥပေဒစိုးမုိးေရးကိုလည္း မျဖစ္မေနလုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ေဒၚထုေမ ကေျပာသည္။
၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ေမာင္ေတာတြင္ ဘဂၤလီဦးေရ ၉၄ ရာခုိင္ႏႈန္းႏွင့္ ဘူးသီးေတာင္တြင္ ၈၄ ရာခိုင္ႏႈန္း ခန္႔ရွိ ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)


Unicode version

ရခိုင်ပြည်နယ်သည် အင်အားကြီးနိုင်ငံများ၏ ကစားကွက်ဖြစ်သလို ပြည်တွင်း နိုင်ငံရေးကစားလိုသူများ၏ အကြိုက်ဖြစ်နေဟု ဒေါ်ထုမေပြော
ရခိုင်ပြည်နယ်သည် အင်အားကြီး နိုင်ငံများ၏ ကစားကွက်ဖြစ်သလို ပြည်တွင်းနိုင်ငံရေး ကစားလိုသူများ၏ အကြိုက်လည်းဖြစ် နေကြောင်း ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။
မတ်လ ၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၂ ရက် မြောက် နေ့တွင် ဇီးကုန်းမဲဆန္ဒနယ်မှ ဦးဉာဏ်ထွန်းတင်သွင်းသည့် OIC, EU, UNHCR တို့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေ အနေဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အတည်ပြုခဲ့ပြီး စဉ်ဆက်မပြတ်လုပ်ဆောင်နေမှုများသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အား အကျပ်အတည်းအတွင်း တွန်းပို့နေပြီး နိုင်ငံတော်ပြိုကွဲရေး ထောင်ချောက် ဆင်ထားသည့် လုပ်ဆောင်မှုများဖြစ်သည့်အတွက် မြန်မာနိုင်ငံသားအားလုံး အစွဲကင်းကင်းဖြင့်စည်းလုံးညီညွှတ်စွာ တုံပြန်သွား ရေးဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အိမ်ငှားက အိမ်ရှင်ကို နှင်ချတာကို အားပေးအားမြှောက်ပြုနေတဲ့ ကမ္ဘာ့နိုင်ငံများဟာ လူအခွင့်အရေးကို အကြောင်းပြချက်နဲ့ ကုလသမဂ္ဂကို အကြောင်းပြကာ မြန်မာနိုင်ငံကို စနစ်တကျ တိုက်ခိုက်နေတာ ထင်ရှားနေပါတယ်။ တစ်ဖက်မှာလည်း အကျပ်အ တည်း ရောက်နေတဲ့ မြန်မာနိုင်ငံအပေါ် အပေါ်ယံသာကောင်းပြီး အမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ နိုင်ငံတကာတွေလည်း ရှိပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ဟာ အင်အားကြီး နိုင်ငံတချို့ရဲ့ကစားကွက်ဖြစ်သလို ပြည်တွင်းက နိုင်ငံရေးကစားလိုသူများရဲ့ အကြိုက် ဆိုရင်လည်း မမှားပါဘူး” ဟု ဒေါ်ထုမေက ပြောသည်။
ပြည်တွင်းမှ ကိုယ်ကျိုးစီးပွားကိုကြည့် နိုင်ငံရေးကစားမည်ဆိုပါက တိုင်းပြည်၏ နစ်နာမှုက ကုစားရမည်မဟုတ် ကြောင်း ၎င်းက ပြောသည်။
၃၉ ြကိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီကို တင်သွင်းခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေ ရေးကော်မရှင်၊ အီးယူနှင့် လူ့အခွင့်ရေးကောင်စီသည် အကွက်ကျကျ စီမံခဲ့ခြင်းဖြစ်ကြောင်း အဆိုရှင် ဦးဉာဏ်ထွန်းက အဆိုတင်သွင်းရာတွင် ပြောကြားခဲ့သည်။
ရခိုင်အရေးကို တာဝန်ယူဖြေရှင်းကြရမည့်ပုဂ္ဂိုလ်များသည် ရခိုင်ပြည်သူများ၏ ဆန္ဒနှင့် ကင်းကွာ၍ ရမည်မဟုတ်ကြောင်းနှင့် နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးကိုလည်း မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါ်ထုမေ ကပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မောင်တောတွင် ဘင်္ဂလီဦးရေ ၉၄ ရာခိုင်နှုန်းနှင့် ဘူးသီးတောင်တွင် ၈၄ ရာခိုင်နှုန်း ခန့်ရှိ ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။