Skip to main content
ရခိုင္ျပည္နယ္အေရးသည္ ႏိုင္ငံေတာ္လုံၿခဳံေရးျပႆနာ ျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးအမတ္ေျပာ
Ads Block

ရခိုင္ျပည္နယ္အေရးသည္ ႏိုင္ငံေတာ္လုံၿခဳံေရးျပႆနာ ျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးအမတ္ေျပာ

ရခိုင္ျပည္နယ္ ဘဂၤလီအေရးသည္ လူမ်ိဳးေရး ပဋိပကၡထက္ အမ်ိဳးသားေရး၊ ႏိုင္ငံေတာ္လုံၿခဳံအေရး ျပႆနာသာျဖစ္ေၾကာင္း မိတၳီလာ မဲဆႏၵနယ္မွ ေဒါက္တာေမာင္သင္းက ေျပာသည္။
မတ္လ ၅ ရက္ေန႔က က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ၁၁ ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ၁၂ ရက္ ေျမာက္ေန႔တြင္ ဇီးကုန္းမဲဆႏၵနယ္မွ ဦးဉာဏ္ထြန္းတင္သြင္းသည့္ OIC, EU, UNHCR တို႔က ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္ အ ေရးအေျခအေနဆုံးျဖတ္ခ်က္အား ကုလသမဂၢအေထြေထြညီလာခံတြင္ အတည္ျပဳခဲ့ၿပီး စဥ္ဆက္မျပတ္လုပ္ေဆာင္ေနမႈမ်ားသည္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီဖြံ႕ၿဖိဳးတိုးတက္မႈ လုပ္ငန္းစဥ္အား အက်ပ္အတည္းအတြင္း တြန္းပို႔ေနၿပီး ႏိုင္ငံေတာ္ၿပိဳ ကြဲေရးေထာင္ ေခ်ာက္ဆင္လုပ္ေဆာင္ေနျခင္းျဖစ္၍ ျမန္မာႏိုင္ငံသားအားလုံး အစြဲကင္းကင္းျဖင့္ စည္းလုံးညီၫႊတ္စြာ တုံျပန္သြားေရး ေဆာင္ ႐ြက္ေပးရန္ တိုက္တြန္းေၾကာင္း အဆိုကို ေဆြးေႏြးရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ႏိုင္ငံကို ပိတ္ပင္မႈမ်ား တစ္ဦးခ်င္း ပိတ္ပင္မႈမ်ား၊ UN လုံၿခဳံေရးေကာင္စီမွ လက္နက္ပိတ္ပင္မႈမ်ား စတဲ့ဖြံ႕ၿဖိဳးေရး၊ လုံၿခဳံေရးနဲ႔ စြမ္းအားကို ေလ်ာ့နည္းေစရန္ ႏိုင္ငံတကာကို တိုက္တြန္းထားေၾကာင္း ေတြ႕ရွိရပါတယ္။ ဒီမွာတင္မရပ္ဘဲနဲ႔ ယခုအခါ ၆၂ ဦး ကို အေမရိကန္ေဒၚလာ ၂၆ သန္းသုံးစြဲရန္ သေဘာတူခြင့္ျပဳၿပီးသားျဖစ္တဲ့အတြက္ ယခုထက္ ပိုမိုေသာ အျပစ္ရွာ မတရားမႈမ်ား ဆက္လက္တိုးပြားလာဦးမွာျဖစ္ပါတယ္။  ယခုရခိုင္ျပည္နယ္ ဘဂၤလီအေရးက လူမ်ိဳးေရး၊ ဘာသာေရး၊ ပဋိပကၡထက္ အမ်ိဳးသား ေရး၊ ႏိုင္ငံေတာ္လုံၿခဳံေရးျပႆနာသာ  ျဖစ္ပါတယ္” ဟု ေဒါက္တာေမာင္သင္း ကေျပာသည္။
မိမိႏိုင္ငံႏွင့္ လူမ်ိဳးဂုဏ္သိကၡာ အခ်ဳပ္အျခာႏွင့္ တိုက္႐ိုက္သက္ဆိုင္သည့္အတြက္ အစိုးရအေနျဖင့္ ေဆာင္႐ြက္ေနပါသည္ဆို သည့္ စကားမ်ားႏွင့္ အဆုံးမသတ္ရန္ႏွင့္ ပါတီစြဲ၊ လူမ်ိဳးစြဲ အစြဲကင္းကင္းျဖင့္ စုေပါင္းအင္အားျဖင့္ ဘက္ေပါင္းစုံမွ စုစုစည္းစည္း အျမန္ဆုံး တုံ႔ျပန္သြားရမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။
ကုလသမဂၢ လုံၿခဳံေရးေကာင္စီအေနျဖင့္ ျမန္မာႏိုင္ငံအေပၚမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေနသည့္ဟု အစဥ္တစိုက္ စြပ္စြဲမႈမ်ား ရွိ ေနသည္။
မတ္လ ၄ ရက္ကလည္း ဘဂၤလားေဒ့ရ္ွသတင္းဌာနတစ္ခုမွ ဘဂၤလားေဒ့ရ္ွ ႏိုင္ငံေရာက္ ဒုကၡသည္မ်ားအတြက္ ျမန္မာႏိုင္ငံတြင္ Safe Zone တည္ေဆာက္ေပးရန္ သေဘာသေဘာတူဟု ေရးသားခ်က္မ်ားအေပၚကိုလည္း ျမန္မာသံ႐ုံးႏွင့္ တ႐ုတ္သံ႐ုံးသို႔မွ မ ဟုတ္ေၾကာင္း တုံ႔ျပန္ထားသည္။
ဒုကၡသည္မ်ား ျမန္မာႏိုင္ငံသို႔ ျပန္မလာေစရန္အတြက္လည္း NGO အဖြဲ႕မ်ားႏွင့္ အာဆာအၾကမ္းဖက္အဖြဲ႕မ်ားက ဒုကၡသည္မ်ားကို ေျပာဆိုထားသည္။
ျမန္မာအစိုးရအေနျဖင့္ ျပန္လာႏိုင္သည့္ ဒုကၡသည္မ်ား၏ အမည္စာရင္းမ်ားကို ေပးပို႔ထားၿပီး ဘဂၤလားေဒ့ရ္ွႏိုင္ငံမွ အဆင္သင့္ မျဖစ္ေသးဟုဆိုကာ  ျပန္လည္ေပးပို႔ႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)


Unicode version

ရခိုင်ပြည်နယ်အရေးသည် နိုင်ငံတော်လုံခြုံရေးပြဿနာ ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးအမတ်ပြော
ရခိုင်ပြည်နယ် ဘင်္ဂလီအရေးသည် လူမျိုးရေး ပဋိပက္ခထက် အမျိုးသားရေး၊ နိုင်ငံတော်လုံခြုံအရေး ပြဿနာသာဖြစ်ကြောင်း မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက ပြောသည်။
မတ်လ ၅ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့တွင် ဇီးကုန်းမဲဆန္ဒနယ်မှ ဦးဉာဏ်ထွန်းတင်သွင်းသည့် OIC, EU, UNHCR တို့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အ ရေးအခြေအနေဆုံးဖြတ်ချက်အား ကုလသမဂ္ဂအထွေထွေညီလာခံတွင် အတည်ပြုခဲ့ပြီး စဉ်ဆက်မပြတ်လုပ်ဆောင်နေမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အား အကျပ်အတည်းအတွင်း တွန်းပို့နေပြီး နိုင်ငံတော်ပြို ကွဲရေးထောင် ချောက်ဆင်လုပ်ဆောင်နေခြင်းဖြစ်၍ မြန်မာနိုင်ငံသားအားလုံး အစွဲကင်းကင်းဖြင့် စည်းလုံးညီညွှတ်စွာ တုံပြန်သွားရေး ဆောင် ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံကို ပိတ်ပင်မှုများ တစ်ဦးချင်း ပိတ်ပင်မှုများ၊ UN လုံခြုံရေးကောင်စီမှ လက်နက်ပိတ်ပင်မှုများ စတဲ့ဖွံ့ဖြိုးရေး၊ လုံခြုံရေးနဲ့ စွမ်းအားကို လျော့နည်းစေရန် နိုင်ငံတကာကို တိုက်တွန်းထားကြောင်း တွေ့ရှိရပါတယ်။ ဒီမှာတင်မရပ်ဘဲနဲ့ ယခုအခါ ၆၂ ဦး ကို အမေရိကန်ဒေါ်လာ ၂၆ သန်းသုံးစွဲရန် သဘောတူခွင့်ပြုပြီးသားဖြစ်တဲ့အတွက် ယခုထက် ပိုမိုသော အပြစ်ရှာ မတရားမှုများ ဆက်လက်တိုးပွားလာဦးမှာဖြစ်ပါတယ်။  ယခုရခိုင်ပြည်နယ် ဘင်္ဂလီအရေးက လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခထက် အမျိုးသား ရေး၊ နိုင်ငံတော်လုံခြုံရေးပြဿနာသာ  ဖြစ်ပါတယ်” ဟု ဒေါက်တာမောင်သင်း ကပြောသည်။
မိမိနိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာ အချုပ်အခြာနှင့် တိုက်ရိုက်သက်ဆိုင်သည့်အတွက် အစိုးရအနေဖြင့် ဆောင်ရွက်နေပါသည်ဆို သည့် စကားများနှင့် အဆုံးမသတ်ရန်နှင့် ပါတီစွဲ၊ လူမျိုးစွဲ အစွဲကင်းကင်းဖြင့် စုပေါင်းအင်အားဖြင့် ဘက်ပေါင်းစုံမှ စုစုစည်းစည်း အမြန်ဆုံး တုံ့ပြန်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုနေသည့်ဟု အစဉ်တစိုက် စွပ်စွဲမှုများ ရှိ နေသည်။
မတ်လ ၄ ရက်ကလည်း ဘင်္ဂလားဒေ့ရ်ှသတင်းဌာနတစ်ခုမှ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံရောက် ဒုက္ခသည်များအတွက် မြန်မာနိုင်ငံတွင် Safe Zone တည်ဆောက်ပေးရန် သဘောသဘောတူဟု ရေးသားချက်များအပေါ်ကိုလည်း မြန်မာသံရုံးနှင့် တရုတ်သံရုံးသို့မှ မ ဟုတ်ကြောင်း တုံ့ပြန်ထားသည်။
ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်မလာစေရန်အတွက်လည်း NGO အဖွဲ့များနှင့် အာဆာအကြမ်းဖက်အဖွဲ့များက ဒုက္ခသည်များကို ပြောဆိုထားသည်။
မြန်မာအစိုးရအနေဖြင့် ပြန်လာနိုင်သည့် ဒုက္ခသည်များ၏ အမည်စာရင်းများကို ပေးပို့ထားပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ အဆင်သင့် မဖြစ်သေးဟုဆိုကာ  ပြန်လည်ပေးပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။