Skip to main content
ဆန္စက္ဆိုင္ရာအေၾကာင္းအရာမ်ား စာရင္းျပဳစုမွတ္တမ္းတင္မည္
Ads Block

ဆန္စက္ဆိုင္ရာအေၾကာင္းအရာမ်ား စာရင္းျပဳစုမွတ္တမ္းတင္မည္

ျမန္မာ့ဆန္စက္လုပ္ငန္း ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ဆန္စက္မ်ားႏွင့္ပတ္သက္ေသာ အေၾကာင္းအရာမ်ားကို စာရင္းျပဳစုမွတ္တမ္းတင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။ 
ျပည္တြင္းရွိဆန္စက္အလုံးေရေပါင္း၊ ဆန္စက္မ်ား၏ တည္ေနရာ၊ ဆန္စက္တစ္လုံးလွ်င္ တစ္ေန႔တာ ႀကိတ္ခြဲႏိုင္သည့္ ပမာဏ၊ ႀကိတ္ခြဲေနသည့္ ဆန္အဆင့္အတန္း (တန္းျမင့္ဆန္ႏွင့္ တန္းနိမ့္ဆန္ (၂၅ ရာခိုင္ႏႈန္း) ႀကိတ္ခြဲသည့္ ပမာဏ)၊ ဆန္ႀကိတ္ခြဲမႈအဆင့္အတန္းအလိုက္ အသုံးျပဳသည့္ နည္းစနစ္မ်ား၊ ႀကိတ္ခြဲႏိုင္သည့္ ဆန္အရည္အေသြး အပါအဝင္ စက္တပ္ဆင္အားမ်ား၊ စက္လည္ပတ္ႏိုင္ေရးအတြက္ အသုံးျပဳသည့္ စြမ္းအင္အမ်ိဳးအစား၊ ဆန္စက္လုပ္ငန္းရွင္မ်ားမွတ္ပုံတင္ေရးစသည္တို႔ကိုစနစ္တက် စာရင္းျပဳစုကာ မွတ္ပုံတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ 
“ ျမန္မာႏိုင္ငံအေနနဲ႔ ဆန္စပါးတင္ပို႔မႈ တစ္ႏွစ္ထက္တစ္ႏွစ္ တိုးခ်ဲ႕တင္ပို႔လာသလိုပဲ လုပ္ငန္းရွင္ေတြကလည္း ဦးေရပမာဏေတြမ်ားလာတယ္။ အျခားလုပ္ငန္းနယ္ပယ္ကဆန္စပါးလုပ္ငန္းထဲမွာဝင္ၿပီးေတာ့ လုပ္ကိုင္လာတာေတြလည္း ရွိတယ္။ အဲဒီေတာ့ ဖြံ႕ၿဖိဳးတိုးတက္မႈကရွိေပမဲ့ တစ္ဖက္မွာ စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္ဖို႔လိုတယ္။ ဒါေတြကိုစနစ္တက်သိရွိဖို႔အတြက္ ဆန္စက္ေတြအေၾကာင္းစာရင္းေကာက္ယူေရး အတြက္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ရဲ႕ စီမံခန႔္ခြဲေရးေကာ္မတီေတြနဲ႔လုပ္ေနတယ္”ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးကေျပာသည္။ 
ဆန္စက္လုပ္ငန္းရွင္မ်ားအေရအတြက္သိရွိရန္ မွတ္ပုံတင္ေရးကိုသက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ား၊ ပညာရွင္မ်ား၊ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံဆန္စက္ လုပ္ငန္းရွင္မ်ားအသင္းမ်ားမွ တာဝန္ရွိသူမ်ားပါဝင္သည့္လူဦးေရ ၇ ဦးရွိေသာလုပ္ငန္းေကာ္မတီတစ္ရပ္ကိုေဖေဖာ္ဝါရီလ ၂၈ ရက္၌ ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ၿပီးခဲ့သည့္ ၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ ျပည္ပဆန္တင္ပို႔မႈ ပမာဏတန္ခ်ိန္ ၃ ဒႆမ ၈ သန္းေက်ာ္ရွိခဲ့ၿပီး လက္ရွိ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ တန္ခ်ိန္ ၂ ဒႆမ ၅ သန္းတင္ပို႔ႏိုင္ရန္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။ 

- သင္းသင္းလႈိင္(အကုန္သိ သတင္းဌာန)


Unicode version

ဆန်စက်ဆိုင်ရာအကြောင်းအရာများ စာရင်းပြုစုမှတ်တမ်းတင်မည်
မြန်မာ့ဆန်စက်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆန်စက်များနှင့်ပတ်သက်သော အကြောင်းအရာများကို စာရင်းပြုစုမှတ်တမ်းတင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ 
ပြည်တွင်းရှိဆန်စက်အလုံးရေပေါင်း၊ ဆန်စက်များ၏ တည်နေရာ၊ ဆန်စက်တစ်လုံးလျှင် တစ်နေ့တာ ကြိတ်ခွဲနိုင်သည့် ပမာဏ၊ ကြိတ်ခွဲနေသည့် ဆန်အဆင့်အတန်း (တန်းမြင့်ဆန်နှင့် တန်းနိမ့်ဆန် (၂၅ ရာခိုင်နှုန်း) ကြိတ်ခွဲသည့် ပမာဏ)၊ ဆန်ကြိတ်ခွဲမှုအဆင့်အတန်းအလိုက် အသုံးပြုသည့် နည်းစနစ်များ၊ ကြိတ်ခွဲနိုင်သည့် ဆန်အရည်အသွေး အပါအဝင် စက်တပ်ဆင်အားများ၊ စက်လည်ပတ်နိုင်ရေးအတွက် အသုံးပြုသည့် စွမ်းအင်အမျိုးအစား၊ ဆန်စက်လုပ်ငန်းရှင်များမှတ်ပုံတင်ရေးစသည်တို့ကိုစနစ်တကျ စာရင်းပြုစုကာ မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သိရသည်။ 
“ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါးတင်ပို့မှု တစ်နှစ်ထက်တစ်နှစ် တိုးချဲ့တင်ပို့လာသလိုပဲ လုပ်ငန်းရှင်တွေကလည်း ဦးရေပမာဏတွေများလာတယ်။ အခြားလုပ်ငန်းနယ်ပယ်ကဆန်စပါးလုပ်ငန်းထဲမှာဝင်ပြီးတော့ လုပ်ကိုင်လာတာတွေလည်း ရှိတယ်။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်မှုကရှိပေမဲ့ တစ်ဖက်မှာ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ ဒါတွေကိုစနစ်တကျသိရှိဖို့အတွက် ဆန်စက်တွေအကြောင်းစာရင်းကောက်ယူရေး အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စီမံခန့်ခွဲရေးကော်မတီတွေနဲ့လုပ်နေတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးကပြောသည်။ 
ဆန်စက်လုပ်ငန်းရှင်များအရေအတွက်သိရှိရန် မှတ်ပုံတင်ရေးကိုသက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းများမှ တာဝန်ရှိသူများပါဝင်သည့်လူဦးရေ ၇ ဦးရှိသောလုပ်ငန်းကော်မတီတစ်ရပ်ကိုဖေဖော်ဝါရီလ ၂၈ ရက်၌ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပဆန်တင်ပို့မှု ပမာဏတန်ချိန် ၃ ဒဿမ ၈ သန်းကျော်ရှိခဲ့ပြီး လက်ရှိ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂ ဒဿမ ၅ သန်းတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ 

- သင်းသင်းလှိုင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။