Skip to main content
စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ အခြင့္အလမ္းသစ္မ်ား ေဖာ္ေဆာင္ရန္ က႑အလိုက္အသင္းအဖြဲ႕မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ မည္
Ads Block

စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ အခြင့္အလမ္းသစ္မ်ား ေဖာ္ေဆာင္ရန္ က႑အလိုက္အသင္းအဖြဲ႕မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ မည္

ျမန္မာႏိုင္ငံ၏ စီးပြားေရး လုပ္ငန္းရွင္မ်ားအတြက္ အခြင့္အလမ္းသစ္မ်ား ေဖာ္ေဆာင္ေပးႏိုင္ရန္ က႑အလိုက္ အသင္းအဖြဲ႕ မ်ား ႏွင့္ ေဒသအလိုက္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာသည္။
မတ္လ ၄ရက္ နံနက္ ၁၀ နာရီက Chatrium ဟိုတယ္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈစီမံကိန္း ဖြင့္လွစ္ သည့္အခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ အခြင့္အလမ္းသစ္မ်ား ေဖာ္ေဆာင္ရန္ က႑အလိုက္အသင္းအဖြဲ႕မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ မည္


“ပုဂၢလိကက႑သည္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္ေရးအတြက္ အဓိကေမာင္းႏွင္အား တစ္ခုျဖစ္ပါတယ္။ စီးပြားေရး လုပ္ တဲ့ေနရာမွာလည္း အစိုးရနဲ႔ ပုဂၢလိက စဥ္ဆက္မျပတ္ေတြ႕ဆုံေဆြးေႏြးရန္ လိုအပ္ပါတယ္။ စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ လည္း အခြင့္အလမ္းသစ္ေတြရေအာင္ ေဒသအလိုက္ ကုန္သည္စက္မႈအသင္းေတြက ပူးေပါင္းေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါ တယ္”ဟု ဦးေဇာ္မင္းဝင္းက ေျပာသည္။
၂၀၂၀ -၂၀၂၅ မဟာဗ်ဴဟာစီးပြားေရး စီမံကိန္းတြင္ ေ႐ြးခ်ယ္ထားသည့္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး (၇) ခုတြင္ ေဖာ္ေဆာင္သြား မည္ျဖစ္ေၾကာင္း သိရသည္။ 
ျမန္မာႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးမႈ အလားအလာ ခန႔္မွန္းခ်က္အရ ျမန္မာ့စီးပြားေရးသည္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ၇ ဒႆမ ၄ ရာခိုင္ႏႈန္းတိုးတက္မည္ဟု ခန႔္မွန္းထားေၾကာင္း သိရသည္။
၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္တြင္ ၅ ဒႆမ ၉ ရာခိုင္ႏႈန္းႏွင့္ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ၆ ဒႆမ ၈ ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိ သတင္းဌာန)


Unicode version

စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ရန် ကဏ္ဍအလိုက်အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် မည်
မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်ရန် ကဏ္ဍအလိုက် အသင်းအဖွဲ့ များ နှင့် ဒေသအလိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။
မတ်လ ၄ရက် နံနက် ၁၀ နာရီက Chatrium ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ဖွင့်လှစ် သည့်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပုဂ္ဂလိကကဏ္ဍသည် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား တစ်ခုဖြစ်ပါတယ်။ စီးပွားရေး လုပ် တဲ့နေရာမှာလည်း အစိုးရနဲ့ ပုဂ္ဂလိက စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးရန် လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လည်း အခွင့်အလမ်းသစ်တွေရအောင် ဒေသအလိုက် ကုန်သည်စက်မှုအသင်းတွေက ပူးပေါင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်”ဟု ဦးဇော်မင်းဝင်းက ပြောသည်။
၂၀၂၀ -၂၀၂၅ မဟာဗျူဟာစီးပွားရေး စီမံကိန်းတွင် ရွေးချယ်ထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး (၇) ခုတွင် ဖော်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာ ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇ ဒဿမ ၄ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၅ ဒဿမ ၉ ရာခိုင်နှုန်းနှင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ၆ ဒဿမ ၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။