Skip to main content
စားသုံးဆီတြင္ဓာတုရနံ႔ထည့္ကာ ေျမပဲဆီအျဖစ္မေရာင္းခ်ေစရန္ တရား၀င္စာထုတ္ျပန္ေရး ေဆာင္ရြက္မည္ 
Ads Block

စားသုံးဆီတြင္ဓာတုရနံ႔ထည့္ကာ ေျမပဲဆီအျဖစ္မေရာင္းခ်ေစရန္ တရား၀င္စာထုတ္ျပန္ေရး ေဆာင္ရြက္မည္ 

စားသုံးဆီမ်ားတြင္ ဓာတုရန႔ံမ်ားထည့္သြင္းကာေျမပဲဆီအျဖစ္ ေရာင္းခ်ျခင္းေလ်ာ့နည္းေစရန္ ဓာတုရနံ႕မထည့္သြင္းေရး ေဆာင္ရြက္မည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာန၊ စားသုံးသူေရးရာ ဦးစီးဌာနမွ ဒုတိယညြန္ၾကားေရးမႈးခ်ဳပ္ ဦးျမင့္ခ်ိဳကေျပာၾကားလိုက္သည္။ 
ဓာတုရနံ႕သည္ ေရာဂါျဖစ္ပြားမႈ အႏၱရာယ္မရွိသည့္အတြက္ အစားအေသာက္မ်ားအတြင္ ထည့္သြင္း ႏိုင္ရန္ တရားဝင္ခြင့္ျပဳထားသည့္အတြက္ စားသံုးဆီမ်ားတြင္ ေျမပဲဆီဓာတုရန႔ံထည့္သြင္းကာေျမပဲဆီအစစ္အျဖစ္ လွည့္ဖ်ားေရာင္းခ်ေနျခင္းေလ်ာ့နည္းေစရန္ အစားအေသာက္မ်ားတြင္ ဓာတုရနံ႔ထည့္သြင္းအသံုးမျပဳရန္ တရားဝင္စာထုတ္ျပန္ႏုိင္ေရးေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။  
“ဓာတုရနံ႔ကေတာ့ စားေသာက္ကုန္အမ်ားစုမွာထည့္သြင္းေလ့ရွိပါတယ္။ စားသံုးသူကို အႏၱရာယ္ ျဖစ္ေလာက္ေအာင္ ထိခိုက္မႈမရွိလို႔ တရားဝင္ခြင့္ျပဳထားတယ္။ စားသံုးဆီကလည္း ႏိုင္ငံေတာ္က က်န္းမာေရးနဲ႔ ညီညႊတ္တယ္။ တရားဝင္တင္သြင္းခြင့္ျပဳထားတယ္။ဒါကိုစားသံုးဆီမွာေျမပဲအနံ႔ေလးထည့္ၿပီး ၁၃၀၀၊ ၁၄၀၀ က်ပ္ ေရာင္းတယ္ဆိုရင္ စားသံုးသူအေနနဲ႔ အလိမ္ခံရတဲ့အပိုင္းျဖစ္တယ္။ စားသံုးဆီ တစ္လီတာကို စားသုံးဆီအတိုင္းဆိုရင္ အၾကမ္းမ်ဥ္းေစ်းက ၉၀၀၊ ၁၀၀ က်ပ္ေလာက္ပဲက်မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဓာတုရနံ႕မေရာခ်င္ေစဘူးဆိုရင္ ဒါကိုေဖာ္ထုတ္ၿပီးေတာ့ သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္းကို တင္ျပမယ္။ ဓာတုရနံ႔ထည့္ခြင့္မျပဳဘူးလို႔ ညႊန္ၾကားခ်က္ထုတ္မယ္။ ဒါမ်ိဳးမွပဲတားဆီးလို႔ရမွာ ျဖစ္ပါတယ္” ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာန၊ စားသုံးသူေရးရာဦးစီးဌာနမွ ဒုတိယညြန္ၾကားေရးမွဴးခ်ဳပ္ ဦးျမင့္ခ်ိဳက ေျပာသည္။ 

စားသုံးဆီတြင္ဓာတုရနံ႔ထည့္ကာ ေျမပဲဆီအျဖစ္မေရာင္းခ်ေစရန္ တရား၀င္စာထုတ္ျပန္ေရး ေဆာင္ရြက္မည္ 


စားသံုးသူကာကြယ္ေရးဥပေဒအရ ေျမပဲဆီႏွင့္စားသုံးဆီကိုေရာစပ္ၿပီးဓာတုရနံ႔ ထည့္သြင္းကာ ပါဝင္ပစၥည္းမ်ားကို တရားဝင္ေရးသားေဖာ္ျပေရာင္းခ်ျခင္းကို ဥပေဒအရအေရးယူႏိုင္ျခင္းမရွိေသာ္လည္း စားသံုးဆီတြင္ ေျမပဲဆီဓာတုရနံ႔ ထည့္သြင္းကာေျမပဲဆီအျဖစ္ ေရာင္းခ်ေနျခင္းကိုအေရးယူႏိုင္ေၾကာင္း သိရသည္။ 
တိုင္းႏွင့္ျပည္နယ္ေဒသအသီးသီးတြင္ စားသံုးသူအျငင္းပြားမႈ အကာအကြယ္ေပးေရးအဖြဲ႔ ကိုဖြဲ႕စည္းကာ၂၀၁၅ ခုႏွစ္ကတည္းကေစ်းကြက္အတြင္းစစ္ေဆးမႈမ်ားေဆာင္ရြက္ခဲ့ရာ စားသံုးဆီမ်ားကို ဓာတုရနံ႔ေရာစပ္ကာ ေျမပဲဆီအျဖစ္ ေရာင္းခ်မႈမ်ားေတြ႕ရွိခဲ့သည့္အတြက္ လုပ္ငန္းပိတ္သိမ္းသည့္အထိ အေရးယူခဲ့ေၾကာင္း သိရသည္။ 
ေနာက္ပိုင္းတြင္ လုပ္ငန္းရွင္မ်ားအေနျဖင့္စားသံုးသူကာကြယ္ေရးဥပေဒကိုေလ့လာၿပီး ေျမပဲဆီ ၁ ရာခိုင္ႏႈန္းႏွင့္ စားအုန္းဆီက ၉၉ ရာခိုင္ႏႈန္းေရာစပ္ကာ ပါဝင္ပစၥည္းေဖာ္ျပရာတြင္ ဆီအမ်ိဳးအစားကို တိက်စြာမေဖာ္ျပဘဲ ေျမပဲအနံ႔ေရာစပ္ထားသည္ဟုသာ ေရးသားေဖာ္ျပျခင္း၊ ပံုမွန္စားသံုးဆီထက္ ေစ်းႏႈန္းတုိးျမင့္ေရာင္းခ်ျခင္းမ်ား ျပဳလုပ္ေနေသာ္လည္းစားသံုးသူကာကြယ္ေရးဥပေဒအရ အက်ံဳးဝင္သျဖင့္ တိုက္ရိုက္အေရးယူရန္ အခက္အခဲမ်ားရွိေနေၾကာင္း သိရသည္။  
ျပည္တြင္း၌ဆီထုတ္လုပ္ႏိုင္မႈပမာဏသည္ တန္ခ်ိန္ ၅ သိန္းဝန္းက်င္သာရွိၿပီးစားသံုးမႈပမာဏသည္ တန္ခ်ိန္ ၁ သန္း ကုန္က်ေနသည့္အတြက္ စားသံုးမႈလိုအပ္ခ်က္ျပည့္မီရန္ ျပည္ပမွစားသံုးဆီမ်ားတင္သြင္းေနရေၾကာင္း စားသံုးသူကာကြယ္ေရးဦးစီးဌာနမွ သိရသည္။ 
- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန) 

 

Unicode version

စားသုံးဆီတွင်ဓာတုရနံ့ထည့်ကာ မြေပဲဆီအဖြစ်မရောင်းချစေရန် တရားဝင်စာထုတ်ပြန်ရေး ဆောင်ရွက်မည် 

စားသုံးဆီများတွင် ဓာတုရနံ့များထည့်သွင်းကာမြေပဲဆီအဖြစ် ရောင်းချခြင်းလျော့နည်းစေရန် ဓာတုရနံ့မထည့်သွင်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးမြင့်ချိုကပြောကြားလိုက်သည်။ 
ဓာတုရနံ့သည် ရောဂါဖြစ်ပွားမှု အန္တရာယ်မရှိသည့်အတွက် အစားအသောက်များအတွင် ထည့်သွင်း နိုင်ရန် တရားဝင်ခွင့်ပြုထားသည့်အတွက် စားသုံးဆီများတွင် မြေပဲဆီဓာတုရနံ့ထည့်သွင်းကာမြေပဲဆီအစစ်အဖြစ် လှည့်ဖျားရောင်းချနေခြင်းလျော့နည်းစေရန် အစားအသောက်များတွင် ဓာတုရနံ့ထည့်သွင်းအသုံးမပြုရန် တရားဝင်စာထုတ်ပြန်နိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။  
“ဓာတုရနံ့ကတော့ စားသောက်ကုန်အများစုမှာထည့်သွင်းလေ့ရှိပါတယ်။ စားသုံးသူကို အန္တရာယ် ဖြစ်လောက်အောင် ထိခိုက်မှုမရှိလို့ တရားဝင်ခွင့်ပြုထားတယ်။ စားသုံးဆီကလည်း နိုင်ငံတော်က ကျန်းမာရေးနဲ့ ညီညွှတ်တယ်။ တရားဝင်တင်သွင်းခွင့်ပြုထားတယ်။ဒါကိုစားသုံးဆီမှာမြေပဲအနံ့လေးထည့်ပြီး ၁၃၀၀၊ ၁၄၀၀ ကျပ် ရောင်းတယ်ဆိုရင် စားသုံးသူအနေနဲ့ အလိမ်ခံရတဲ့အပိုင်းဖြစ်တယ်။ စားသုံးဆီ တစ်လီတာကို စားသုံးဆီအတိုင်းဆိုရင် အကြမ်းမျဉ်းဈေးက ၉၀၀၊ ၁၀၀ ကျပ်လောက်ပဲကျမှာဖြစ်ပါတယ်။ ဒါကြောင့် ဓာတုရနံ့မရောချင်စေဘူးဆိုရင် ဒါကိုဖော်ထုတ်ပြီးတော့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကို တင်ပြမယ်။ ဓာတုရနံ့ထည့်ခွင့်မပြုဘူးလို့ ညွှန်ကြားချက်ထုတ်မယ်။ ဒါမျိုးမှပဲတားဆီးလို့ရမှာ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ပြောသည်။ 
စားသုံးသူကာကွယ်ရေးဥပဒေအရ မြေပဲဆီနှင့်စားသုံးဆီကိုရောစပ်ပြီးဓာတုရနံ့ ထည့်သွင်းကာ ပါဝင်ပစ္စည်းများကို တရားဝင်ရေးသားဖော်ပြရောင်းချခြင်းကို ဥပဒေအရအရေးယူနိုင်ခြင်းမရှိသော်လည်း စားသုံးဆီတွင် မြေပဲဆီဓာတုရနံ့ ထည့်သွင်းကာမြေပဲဆီအဖြစ် ရောင်းချနေခြင်းကိုအရေးယူနိုင်ကြောင်း သိရသည်။ 
တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးတွင် စားသုံးသူအငြင်းပွားမှု အကာအကွယ်ပေးရေးအဖွဲ့ ကိုဖွဲ့စည်းကာ၂၀၁၅ ခုနှစ်ကတည်းကဈေးကွက်အတွင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးဆီများကို ဓာတုရနံ့ရောစပ်ကာ မြေပဲဆီအဖြစ် ရောင်းချမှုများတွေ့ရှိခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းသည့်အထိ အရေးယူခဲ့ကြောင်း သိရသည်။ 
နောက်ပိုင်းတွင် လုပ်ငန်းရှင်များအနေဖြင့်စားသုံးသူကာကွယ်ရေးဥပဒေကိုလေ့လာပြီး မြေပဲဆီ ၁ ရာခိုင်နှုန်းနှင့် စားအုန်းဆီက ၉၉ ရာခိုင်နှုန်းရောစပ်ကာ ပါဝင်ပစ္စည်းဖော်ပြရာတွင် ဆီအမျိုးအစားကို တိကျစွာမဖော်ပြဘဲ မြေပဲအနံ့ရောစပ်ထားသည်ဟုသာ ရေးသားဖော်ပြခြင်း၊ ပုံမှန်စားသုံးဆီထက် ဈေးနှုန်းတိုးမြင့်ရောင်းချခြင်းများ ပြုလုပ်နေသော်လည်းစားသုံးသူကာကွယ်ရေးဥပဒေအရ အကျုံးဝင်သဖြင့် တိုက်ရိုက်အရေးယူရန် အခက်အခဲများရှိနေကြောင်း သိရသည်။  
ပြည်တွင်း၌ဆီထုတ်လုပ်နိုင်မှုပမာဏသည် တန်ချိန် ၅ သိန်းဝန်းကျင်သာရှိပြီးစားသုံးမှုပမာဏသည် တန်ချိန် ၁ သန်း ကုန်ကျနေသည့်အတွက် စားသုံးမှုလိုအပ်ချက်ပြည့်မီရန် ပြည်ပမှစားသုံးဆီများတင်သွင်းနေရကြောင်း စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ သိရသည်။ 
- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။