Skip to main content
အစိုးရခ်င္းသေဘာတူညီမႈျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ဆန္တင္ပို႔ႏုိင္ေရး တိုးခ်ဲ႕ေဆာင္ရြက္မည္ 
Ads Block

အစိုးရခ်င္းသေဘာတူညီမႈျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ဆန္တင္ပို႔ႏုိင္ေရး တိုးခ်ဲ႕ေဆာင္ရြက္မည္ 

ျမန္မာႏိုင္ငံမွ ဆန္ႏွင့္ ဆန္ကြဲတို႔ကို ဖိလစ္ပိုင္ႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏုိင္ငံမ်ားသို႔ အစိုးရခ်င္းသေဘာတူညီမႈျဖင့္ တရားဝင္တိုးခ်ဲ႕တင္ပို႔ႏိုင္ေရးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးက ေျပာသည္။

အစိုးရခ်င္းသေဘာတူညီမႈျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ဆန္တင္ပို႔ႏုိင္ေရး တိုးခ်ဲ႕ေဆာင္ရြက္မည္ 


ျမန္မာႏိုင္ငံအေနျဖင့္ ၿပီးခဲ့သည့္ႏွစ္တြင္ ဘဂၤလားေဒရွ္႕ႏုိင္ငံသို႔ ႏွစ္ႏိုင္ငံအစိုးရခ်င္းသေဘာတူညီမႈျဖင့္ ဆန္တင္ပို႔ႏိုင္ခဲ့ၿပီး လက္ရိွတြင္ တရုတ္ႏိုင္ငံသို႔ ဆန္တန္ခ်ိန္ ၄ သိန္းတရားဝင္တင္ပို႔ႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။ 
“G to G (အစိုးရခ်င္းအစိုးရခ်င္းသေဘာတူညီမႈ)က ၿပီးခဲ့တဲ့ႏွစ္ကဘဂၤလားေဒ့ရွ္နဲ႔ လုပ္ႏိုင္ခဲ့တယ္။ ေနာက္ ဖိလစ္ပိုင္ႏိုင္ငံတို႔၊ အင္ဒိုနီးရွားတို႔၊ တရုတ္တို႔နဲ႔လည္းထပ္မံၿပီးတိုးခ်ဲ႕တင္ပို႔ႏုိင္ဖု႔ိေဆာင္ရြက္မယ္။ ကုန္ပစၥည္း တစ္ခုက အဓိကကေတာ့ ေစ်းကြက္ရွာရတဲ့အလုပ္က ပိုခဲယဥ္းပါတယ္။ ေစ်းကြက္ရွိမွထုတ္လုပ္တဲ့လူက ထုတ္လုပ္ႏိုင္မွာ။ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုရင္ အသက္သာဆံုးေစ်းႏႈန္းနဲ႔ထုတ္လုပ္ႏိုင္ရမယ္။ အေကာင္းေစ်းႏႈန္းနဲ႔ ေရာင္းခ်ႏိုင္ရမယ္။ ဒီေစ်းကြက္ရဲ႕ယႏၱရားတစ္ခုနဲ႔ပဲသြားေနၾကတယ္။ ထုတ္လုပ္မႈ ကုန္က်စရိတ္ေတြျမင့္တယ္။ ဆန္ေစ်းေတြျမင့္ေနတဲ့အခါမွာ ဆန္ေတြက ေရွာေရွာရွဴရွဴနဲ႔ ႏိုင္ငံျခားကို မထြက္ႏိုင္ဘဲ ကိုယ့္ျပည္တြင္းမွာပိုလွ်ံေနမွာ။ ပိုလွ်ံတဲ့အခါမွာေစ်းႏႈန္းေတြ မတရားက်ဆင္းၿပီးေတာ့ ေတာင္သူေတြအတြက္ ဝင္ေငြနည္းတဲ့သံသရာလည္လာႏိုင္တယ္” ဟု ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးက ေျပာသည္။
ယင္းကဲ့သို႔ ဆန္တင္ပို႔ႏိုင္ရန္ အင္ဒိုနီးရွားႏိုင္ငံမွဆန္ဝယ္ယူရန္လာမည့္တင္ဒါေခၚယူခ်ိန္တြင္လည္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ 
ၿပီးခဲ့ေသာ ၂ဝ၁၇- ၁၈ ဘ႑ာႏွစ္တြင္ ျပည္ပသို႔ဆန္တန္ခ်ိန္ ၃ ဒသမ ၆ သန္းနီးပါးတင္ပို႔ႏိုင္ခဲ့ၿပီး ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ရရွိခဲ့ကာ အဆိုပါျပည္ပသို႔ဆန္တင္ပို႔ႏိုင္မႈပမာဏသည္ နွစ္ေပါင္း ၅ဝ ေက်ာ္အတြင္း တင္ပို႔မႈအမ်ားဆံုးစံခ်ိန္တစ္ခုလည္း ျဖစ္ခဲ့သည္။

- သင္းသင္းလိႈင္(အကုန္သိ သတင္းဌာန)


Unicode version

အစိုးရချင်းသဘောတူညီမှုဖြင့် ပြည်ပနိုင်ငံများသို့ဆန်တင်ပို့နိုင်ရေး တိုးချဲ့ဆောင်ရွက်မည် 
မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲတို့ကို ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ အစိုးရချင်းသဘောတူညီမှုဖြင့် တရားဝင်တိုးချဲ့တင်ပို့နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ နှစ်နိုင်ငံအစိုးရချင်းသဘောတူညီမှုဖြင့် ဆန်တင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၄ သိန်းတရားဝင်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ 
“G to G (အစိုးရချင်းအစိုးရချင်းသဘောတူညီမှု)က ပြီးခဲ့တဲ့နှစ်ကဘင်္ဂလားဒေ့ရှ်နဲ့ လုပ်နိုင်ခဲ့တယ်။ နောက် ဖိလစ်ပိုင်နိုင်ငံတို့၊ အင်ဒိုနီးရှားတို့၊ တရုတ်တို့နဲ့လည်းထပ်မံပြီးတိုးချဲ့တင်ပို့နိုင်ဖု့ိဆောင်ရွက်မယ်။ ကုန်ပစ္စည်း တစ်ခုက အဓိကကတော့ ဈေးကွက်ရှာရတဲ့အလုပ်က ပိုခဲယဉ်းပါတယ်။ ဈေးကွက်ရှိမှထုတ်လုပ်တဲ့လူက ထုတ်လုပ်နိုင်မှာ။ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အသက်သာဆုံးဈေးနှုန်းနဲ့ထုတ်လုပ်နိုင်ရမယ်။ အကောင်းဈေးနှုန်းနဲ့ ရောင်းချနိုင်ရမယ်။ ဒီဈေးကွက်ရဲ့ယန္တရားတစ်ခုနဲ့ပဲသွားနေကြတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေမြင့်တယ်။ ဆန်ဈေးတွေမြင့်နေတဲ့အခါမှာ ဆန်တွေက ရှောရှောရှူရှူနဲ့ နိုင်ငံခြားကို မထွက်နိုင်ဘဲ ကိုယ့်ပြည်တွင်းမှာပိုလျှံနေမှာ။ ပိုလျှံတဲ့အခါမှာဈေးနှုန်းတွေ မတရားကျဆင်းပြီးတော့ တောင်သူတွေအတွက် ဝင်ငွေနည်းတဲ့သံသရာလည်လာနိုင်တယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
ယင်းကဲ့သို့ ဆန်တင်ပို့နိုင်ရန် အင်ဒိုနီးရှားနိုင်ငံမှဆန်ဝယ်ယူရန်လာမည့်တင်ဒါခေါ်ယူချိန်တွင်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ပြီးခဲ့သော ၂ဝ၁၇- ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရရှိခဲ့ကာ အဆိုပါပြည်ပသို့ဆန်တင်ပို့နိုင်မှုပမာဏသည် နှစ်ပေါင်း ၅ဝ ကျော်အတွင်း တင်ပို့မှုအများဆုံးစံချိန်တစ်ခုလည်း ဖြစ်ခဲ့သည်။

- သင်းသင်းလှိုင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။