Skip to main content
ျမန္မာႏိုင္ငံ က်န္းမာေရးမႉးအသင္း၏ ၅ ႏွစ္စာ မဟာဗ်ဴဟာစီမံကိန္းကို က်ပ္သိန္း ၇၀၀၀(ခန႔္မွန္း) အသုံးျပဳ ေဆာင္႐ြက္မည္ 
Ads Block

ျမန္မာႏိုင္ငံ က်န္းမာေရးမႉးအသင္း၏ ၅ ႏွစ္စာ မဟာဗ်ဴဟာစီမံကိန္းကို က်ပ္သိန္း ၇၀၀၀(ခန႔္မွန္း) အသုံးျပဳ ေဆာင္႐ြက္မည္ 

ျမန္မာႏိုင္ငံ က်န္းမာေရးမႉးအသင္း၏ ၅ ႏွစ္စာမဟာဗ်ဴဟာစီမံကိန္း (Strategic Plan 2019-2023)ကို ခန႔္မွန္းက်ပ္သိန္း ၇၀၀၀ အသုံးျပဳေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။ 
အဆိုပါ စီမံကိန္းႏွင့္ပတ္သက္၍ ယေန႔(မတ္လ ၃ ရက္)၌ ရန္ကုန္ၿမိဳ႕ရွိ Pull Moon ဟိုတယ္တြင္ တရားဝင္ စတင္မိတ္ဆက္ခဲ့သည္။ 

ျမန္မာႏိုင္ငံ က်န္းမာေရးမႉးအသင္း၏ ၅ ႏွစ္စာ မဟာဗ်ဴဟာစီမံကိန္းကို က်ပ္သိန္း ၇၀၀၀(ခန႔္မွန္း) အသုံးျပဳ ေဆာင္႐ြက္မည္ 


“ အခ်က္ ၄၀ ရွိတယ္။ တစ္ခ်က္တိုင္းမွာ အေသးစိတ္အစီအစဥ္ေတြေရးဆြဲထားတာရွိတယ္။ေနာက္ၿပီး ႏွစ္စဥ္ လုပ္ေဆာင္ရမယ့္ အစီအစဥ္ေတြကိုလည္းေရးဆြဲသြားမယ္။ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုေကာင္းေအာင္လုပ္မယ္။ ၅ ႏွစ္ၿပီးရင္လည္း ဆက္ၿပီးဆြဲႏိုင္ေအာင္လုပ္သြားမွာျဖစ္ပါတယ္။ စီမံခ်က္ ၁၂ ခုနဲ႔လုပ္မယ္။ ဒီထဲမွာက တီဘီ၊ ငွက္ဖ်ား ၊ ေရနဲ႔သန႔္ရွင္းေရး ၊ အာဟာရပိုင္း စတဲ့တျခားက႑ေတြလည္းပါမယ္။ က်န္းမာေရးမႉးေတြရဲ႕ စြမ္းေဆာင္ရည္ပိုင္းဆိုင္ရာျမႇင့္တင္မႈေတြလည္းပါမယ္။ လူနဲ႔ေငြနဲ႔ဘယ္ေလာက္အထိလုပ္ႏိုင္မလဲဆိုတာ စဥ္းစားသုံးသပ္ရတာရွိတယ္။ ေနာက္ၿပီး တျခားက်န္းမာေရးဆိုင္ရာအဖြဲ႕အစည္းေတြကလည္း လုပ္ေနတာေတြ ရွိေတာ့ ေဆာင္႐ြက္တဲ့ဧရိယာမထပ္ဖို႔ ၊ လုပ္တဲ့လုပ္ငန္း သတ္မွတ္တဲ့ဧရိယာမထပ္ဖို႔ ဦးစားေပးေ႐ြးခ်ယ္ လုပ္ျဖစ္တယ္။ၿပီးမွက်န္တဲ့တိုင္းေဒသႀကီးကို တစ္ႏွစ္ၿပီးတစ္ႏွစ္ထပ္တိုးခ်ဲ႕သြားမွာျဖစ္တယ္”ဟု ျမန္မာႏိုင္ငံက်န္းမာေရးမႉးအသင္း၏ ဥကၠ႒ျဖစ္သူ ဦးမ်ိဳးသြင္က ေျပာသည္။

ျမန္မာႏိုင္ငံ က်န္းမာေရးမႉးအသင္း၏ ၅ ႏွစ္စာ မဟာဗ်ဴဟာစီမံကိန္းကို က်ပ္သိန္း ၇၀၀၀(ခန႔္မွန္း) အသုံးျပဳ ေဆာင္႐ြက္မည္ 


အဆိုပါစီမံကိန္းသည္ ျမန္မာႏိုင္ငံက်န္းမာေရးမႉးအသင္း၏ပထမဆုံးေရးဆြဲသည့္စီမံကိန္းျဖစ္ၿပီး လာမည့္ ဇြန္လတြင္စတင္လုပ္ေဆာင္မည္ျဖစ္ကာ ျပည္သူလူထုအတြက္ အစိုးရကသတ္မွတ္ထားေသာမူဝါဒႏွင့္အညီ က်န္းမာေရးပိုင္းဆိုင္ရာလုပ္ငန္းမ်ားတြင္ စနစ္တက်ပါဝင္ေဆာင္႐ြက္ႏိုင္ေစေရး ၊ အသင္းဝင္ က်န္းမာေရးမႉးမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္မႈအခြင့္အလမ္းမ်ားရရွိၿပီး စြမ္းေဆာင္ရည္မ်ားတိုးတက္လာေစေရး ၊ လူတိုင္းလက္လွမ္းမီသည့္ က်န္းမာေရးလႊမ္းၿခဳံမႈ ရရွိေဆာင္႐ြက္ႏိုင္ရန္တို႔ကို ရည္႐ြယ္ေၾကာင္း သိရသည္။  
၅ ႏွစ္စာ မဟာဗ်ဴဟာစီမံကိန္း(Strategic Plan 2019-2023)အတြက္ အသုံးျပဳမည့္ ဘတ္ဂ်က္ကုန္က်စရိတ္ကို ျမန္မာက်ပ္ေငြ သိန္း ၇၀၀၀ ဝန္းက်င္ခန႔္မွန္းထားၿပီး စီမံကိန္းလုပ္ငန္းမ်ားကို ျပည္နယ္ႏွင့္တိုင္းေဒသႀကီး ၉ ခုရွိ ၿမိဳ႕နယ္ ၇၆ ၿမိဳ႕နယ္တြင္ အေကာင္ထည္ေဖာ္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။ 

- စုသက္ႏွင္း(အကုန္သိ သတင္းဌာန)


Unicode version

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ ၅ နှစ်စာ မဟာဗျူဟာစီမံကိန်းကို ကျပ်သိန်း ၇၀၀၀(ခန့်မှန်း) အသုံးပြု ဆောင်ရွက်မည် 
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ ၅ နှစ်စာမဟာဗျူဟာစီမံကိန်း (Strategic Plan 2019-2023)ကို ခန့်မှန်းကျပ်သိန်း ၇၀၀၀ အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ယနေ့(မတ်လ ၃ ရက်)၌ ရန်ကုန်မြို့ရှိ Pull Moon ဟိုတယ်တွင် တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ 
“ အချက် ၄၀ ရှိတယ်။ တစ်ချက်တိုင်းမှာ အသေးစိတ်အစီအစဉ်တွေရေးဆွဲထားတာရှိတယ်။နောက်ပြီး နှစ်စဉ် လုပ်ဆောင်ရမယ့် အစီအစဉ်တွေကိုလည်းရေးဆွဲသွားမယ်။ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းအောင်လုပ်မယ်။ ၅ နှစ်ပြီးရင်လည်း ဆက်ပြီးဆွဲနိုင်အောင်လုပ်သွားမှာဖြစ်ပါတယ်။ စီမံချက် ၁၂ ခုနဲ့လုပ်မယ်။ ဒီထဲမှာက တီဘီ၊ ငှက်ဖျား ၊ ရေနဲ့သန့်ရှင်းရေး ၊ အာဟာရပိုင်း စတဲ့တခြားကဏ္ဍတွေလည်းပါမယ်။ ကျန်းမာရေးမှူးတွေရဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာမြှင့်တင်မှုတွေလည်းပါမယ်။ လူနဲ့ငွေနဲ့ဘယ်လောက်အထိလုပ်နိုင်မလဲဆိုတာ စဉ်းစားသုံးသပ်ရတာရှိတယ်။ နောက်ပြီး တခြားကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေကလည်း လုပ်နေတာတွေ ရှိတော့ ဆောင်ရွက်တဲ့ဧရိယာမထပ်ဖို့ ၊ လုပ်တဲ့လုပ်ငန်း သတ်မှတ်တဲ့ဧရိယာမထပ်ဖို့ ဦးစားပေးရွေးချယ် လုပ်ဖြစ်တယ်။ပြီးမှကျန်တဲ့တိုင်းဒေသကြီးကို တစ်နှစ်ပြီးတစ်နှစ်ထပ်တိုးချဲ့သွားမှာဖြစ်တယ်”ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးသွင်က ပြောသည်။
အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ပထမဆုံးရေးဆွဲသည့်စီမံကိန်းဖြစ်ပြီး လာမည့် ဇွန်လတွင်စတင်လုပ်ဆောင်မည်ဖြစ်ကာ ပြည်သူလူထုအတွက် အစိုးရကသတ်မှတ်ထားသောမူဝါဒနှင့်အညီ ကျန်းမာရေးပိုင်းဆိုင်ရာလုပ်ငန်းများတွင် စနစ်တကျပါဝင်ဆောင်ရွက်နိုင်စေရေး ၊ အသင်းဝင် ကျန်းမာရေးမှူးများ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများရရှိပြီး စွမ်းဆောင်ရည်များတိုးတက်လာစေရေး ၊ လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးလွှမ်းခြုံမှု ရရှိဆောင်ရွက်နိုင်ရန်တို့ကို ရည်ရွယ်ကြောင်း သိရသည်။  
၅ နှစ်စာ မဟာဗျူဟာစီမံကိန်း(Strategic Plan 2019-2023)အတွက် အသုံးပြုမည့် ဘတ်ဂျက်ကုန်ကျစရိတ်ကို မြန်မာကျပ်ငွေ သိန်း ၇၀၀၀ ဝန်းကျင်ခန့်မှန်းထားပြီး စီမံကိန်းလုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၇၆ မြို့နယ်တွင် အကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

- စုသက်နှင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။