Skip to main content
ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုသည္မွာ သံုးနားညီရန္ လိုအပ္ဟု ဆို 
Ads Block

ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုသည္မွာ သံုးနားညီရန္ လိုအပ္ဟု ဆို 

ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုသည္မွာ အတိတ္၊ အနာဂတ္၊ပစၥဳပၸါန္ သံုးနားညီရန္ လိုအပ္ေၾကာင္း တရားလႊတ္ေတာ္ေရွ ႔ေနဦးသိန္းဦးက ေျပာသည္။
မတ္လ ၂ ရက္က က်င္းပေသာ ဒီဗြီဘီဒီဘိတ္အစီအစဥ္၌ “ ဖြဲ႔စည္းပုံအေျခခံဥပေဒထဲကဘယ္လုိျပင္မလဲ” ေခါင္းစဥ္ျဖင့္ေဆြးေႏြးရာတြင္ ယခုကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုသည္မွာ သံုးနားညီရန္ လိုအပ္ဟု ဆို 


“၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒဆုိတာ သုံးနားညီျဖစ္ရတာျဖစ္ပါတယ္။ ဖြဲ႔စည္းပုံအေျခခံဥပေဒဆုိတာအတိတ္ ၊အနာဂါတ္၊ ပစၥဳပၸါန္၊ သုံးခုနဲ႔ကုိက္ညီရမွာျဖစ္ပါတယ္။ ၂၀၀၈ တုန္းကလုပ္ခဲ့တာဟာ အဲဒီအေျခအေနတုန္းက အဲဒီအေနအထားအရ မွန္ေကာင္းမွန္ႏုိင္သည့္တုိင္ေအာင္ အခု ၂၀၁၇ ၊ ေမလမွာဘာရသြားလဲဆုိေတာ့  ဒီမုိကေရစီဖက္ဒရယ္ႏုိင္ငံထူေထာင္မယ္ဆုိတာရသြားၿပီ။ အဲဒီေတာ့ အဲဒါက၂၀၀၈ တုန္းက အဲဒါလုံး၀မပါေသးဘူး။ မပါေသးဘူးဆုိလုိ႔ရွိရင္ အဲဒီရဲ႕အဓိကအခ်က္ကုိဘယ္မွာထည့္ရမလဲဆုိလုိ႔ရွိရင္ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒအခန္း - ၁ ၊ ႏုိင္ငံေတာ္ရဲ႕မူမွာသြားထည့္ရမွာ။ အဲဒါမပါေသးတဲ့အတြက္အခုကာလမွာ ျပႆနာေတြတက္ေနတာ။ သုံးနားညီမျဖစ္လုိ႔။ အဲဒါေၾကာင့္ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒသည္ ၂၀၀၈ တုန္းက အဲဒီအေျခအေနအရမွန္တယ္လုိ႔ေျပာလုိ႔ရေပမဲ့ အခုအခ်ိန္မွာေတာ့ေျပာလုိ႔မရေတာ့ဘူး’’ ဟု တရားလႊတ္ေတာ္ေရွ ႔ေနဦးသိန္းဦးက ေျပာသည္။ 
၂၀၀၈ဖြဲ႔စည္းပုံအေျခခံဥပေဒကို၂၀၀၈ ခုႏွစ္၊ ေမလ ၁၀ ရက္ႏွင့္ ၂၄ ရက္တို႔တြင္ ျပည္လုံးကြ်တ္ဆႏၵခံယူပြဲ က်င္းပရာေထာက္ခံမဲေပးသူ ၂၀၇၈၆၅၉၆ ဦးျဖင့္ အတည္ျပဳခဲ့ကာ ဥပေဒတြင္ အခန္းေပါင္း ၁၅ ခန္း၊ ပုဒ္မေပါင္း ၄၀၀ ေက်ာ္ပါ၀င္ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆုိပါ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး အေရးႀကီးအဆုိကို ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၂၉ ရက္တြင္ NLD ပါတီမွ မဲဆႏၵနယ္အမွတ္၄ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔မွ ျပည္ေထာင္စုလႊတ္ေတာ္တြင္ တင္သြင္းခဲ့ၿပီး လက္ရွိတြင္ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ ဖြဲ႔စည္းထားသည္။

- မင္းသီဟန္(အကုန္သိ သတင္းဌာန)

Unicode version

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ သုံးနားညီရန် လိုအပ်ဟု ဆို 
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ အတိတ်၊ အနာဂတ်၊ ပစ္စပ္ပါန် သုံးနားညီရန် လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေဦးသိန်းဦးက ပြောသည်။
မတ်လ ၂ ရက်က ကျင်းပသော ဒီဗွီဘီဒီဘိတ်အစီအစဉ်၌ “ ဖွဲ့စည်းပုံအခြေခံဥပဒေထဲကဘယ်လိုပြင်မလဲ” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သုံးနားညီဖြစ်ရတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာအတိတ် ၊အနာဂါတ်၊ ပစ္စုပ္ပါန်၊ သုံးခုနဲ့ကိုက်ညီရမှာဖြစ်ပါတယ်။ ၂၀၀၈ တုန်းကလုပ်ခဲ့တာဟာ အဲဒီအခြေအနေတုန်းက အဲဒီအနေအထားအရ မှန်ကောင်းမှန်နိုင်သည့်တိုင်အောင် အခု ၂၀၁၇ ၊ မေလမှာဘာရသွားလဲဆိုတော့  ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်မယ်ဆိုတာရသွားပြီ။ အဲဒီတော့ အဲဒါက၂၀၀၈ တုန်းက အဲဒါလုံးဝမပါသေးဘူး။ မပါသေးဘူးဆိုလို့ရှိရင် အဲဒီရဲ့အဓိကအချက်ကိုဘယ်မှာထည့်ရမလဲဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း - ၁ ၊ နိုင်ငံတော်ရဲ့မူမှာသွားထည့်ရမှာ။ အဲဒါမပါသေးတဲ့အတွက်အခုကာလမှာ ပြဿနာတွေတက်နေတာ။ သုံးနားညီမဖြစ်လို့။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၂၀၀၈ တုန်းက အဲဒီအခြေအနေအရမှန်တယ်လို့ပြောလို့ရပေမဲ့ အခုအချိန်မှာတော့ပြောလို့မရတော့ဘူး’’ ဟု တရားလွှတ်တော်ရှေ့နေဦးသိန်းဦးက ပြောသည်။ 
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နှင့် ၂၄ ရက်တို့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရာထောက်ခံမဲပေးသူ ၂၀၇၈၆၅၉၆ ဦးဖြင့် အတည်ပြုခဲ့ကာ ဥပဒေတွင် အခန်းပေါင်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၀၀ ကျော်ပါဝင်ကြောင်း သိရသည်။
ထို့နောက် အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အရေးကြီးအဆိုကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် NLD ပါတီမှ မဲဆန္ဒနယ်အမှတ်၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်မှ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့ပြီး လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းထားသည်။

- မင်းသီဟန်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။