Skip to main content
မူပိုင္ခြင့္ႏွင့္ ပတ္သက္သည့္ တိုင္ၾကားမႈမ်ားအေပၚ ညွိႏႈိင္းေပးျခင္းျဖင့္သာ ေျဖရွင္းေပးႏုိင္ေသးဟု ဆို
Ads Block

မူပိုင္ခြင့္ႏွင့္ ပတ္သက္သည့္ တိုင္ၾကားမႈမ်ားအေပၚ ညွိႏႈိင္းေပးျခင္းျဖင့္သာ ေျဖရွင္းေပးႏုိင္ေသးဟု ဆို

မူပိုင္ခြင့္ႏွင့္ ပတ္သက္ၿပီး ျပန္ၾကားေရး၀န္ႀကီးဌာနကို တိုင္ၾကားမႈမ်ားႏွင့္ ပတ္သက္၍ ႏွစ္ဦးႏွစ္ဖက္ ညွိႏႈိင္းေပးျခင္းျဖင့္သာ ေျဖ ရွင္းေပးႏုိင္ေသးေၾကာင္း ျပန္ၾကားေရး၀န္ႀကီးဌာန မူပိုင္ခြင့္ႏွင့္ မွတ္ပံုတင္ဌာန ညႊန္ၾကားေရးမွဴး ေဒၚယုယု၀င္းက ေျပာသည္။
မတ္လ (၁) ရက္ ေန႔လယ္ပိုင္းက ျမန္မာႏုိင္ငံ စာေပထုတ္ေ၀သူႏွင့္ ျဖန္႔ခ်ိသူမ်ားအသင္းတြင္ ျပဳလုပ္သည့္ Online ေပၚက Digital E-Book ႏွင့္ မူပိုင္ခြင့္ဆိုင္ရာ ေဆြးေႏြးပြဲတြင္ အထက္ပါအတိုင္း ေျပာၾကားလိုက္ျခင္း ျဖစ္သည္။
“ကၽြန္မတို႔ဌာန အေနနဲ႔က မူပိုင္ခြင့္နဲ႔ ပတ္သက္ၿပီး တိုင္ၾကားမႈက အခုက ဥပေဒသစ္ကလည္း အသက္မ၀င္ေသးတဲ့အတြက္ အရင္က ျပ႒ာန္းထားတဲ့ ဥပေဒအရပဲ ျပင္းျပင္းထန္ထန္ အေရးယူလို႔ မရတဲ့အတြက္ ညွိႏႈိင္းေပးျခင္းနဲ႔ပဲ ေျဖရွင္းေနရ ေသးပါ တယ္၊ ဥပေဒသစ္က အသက္၀င္လာတဲ့အခါ ထုတ္ေ၀သူေတြ၊ စာေရးဆရာေတြ၊ Online စာေပ၀န္ေဆာင္မႈ ေပးသူေတြၾကားမွာ တင္းမာမႈ မရွိေအာင္လည္း ဆက္လက္ညွိႏႈိင္းေပးသြားဖို႕ပဲ ရွိပါတယ္”ဟု ေဒၚယုယု၀င္းက ေျပာသည္။

မူပိုင္ခြင့္ႏွင့္ ပတ္သက္သည့္ တိုင္ၾကားမႈမ်ားအေပၚ ညွိႏႈိင္းေပးျခင္းျဖင့္သာ ေျဖရွင္းေပးႏုိင္ေသးဟု ဆို


မူပိုင္ခြင့္ႏွင့္ မွတ္ပံုတင္ဌာန အေနျဖင့္ မူပိုင္ခြင့္ႏွင့္ ပတ္သက္ၿပီး စာေပထုတ္ေ၀သူမ်ားႏွင့္ Online စာေပတည္ေထာင္သူမ်ား၏ ျပႆနာမ်ားကို အဓိက ေျဖရွင္းေနရၿပီး မၾကာမီ အသက္၀င္ေတာ့မည္ မူပိုင္ခြင့္ ဥပေဒသစ္ျဖင့္လည္း ၾကား၀င္ညွိႏႈိင္း ေဆာင္ ရြက္ေပးမည္ ျဖစ္ေၾကာင္းလည္း သိရသည္။
စာေပထုတ္ေ၀သူမ်ားအေနျဖင့္ ယခုေပၚေပါက္ေနေသာ Online စာေပ၀န္ေဆာင္မႈမ်ားေၾကာင့္ ၄င္းတို႔၏ အက်ိဳးအျမတ္ နည္းပါး လာမႈ ရွိလာမည္ကို စိုးရိမ္ေနၿပီး အဆိုပါ ကိစၥရပ္မ်ား ျဖစ္ေပၚလာပါကလည္း ဥပေဒအရ ေျဖရွင္းျခင္းကို မျဖစ္မေန အေနအထား ေရာက္မွသာ လုပ္ေဆာင္လိုၿပီး ညွိႏႈိင္းမႈမ်ားျဖင့္သာ လုပ္ေဆာင္လိုေၾကာင္း ငါတို႔စာေပ စာေပတိုက္၏ ထုတ္ေ၀သူ ကဗ်ာဆရာ ေျမမႈန္လြင္က ေျပာသည္။

မူပိုင္ခြင့္ႏွင့္ ပတ္သက္သည့္ တိုင္ၾကားမႈမ်ားအေပၚ ညွိႏႈိင္းေပးျခင္းျဖင့္သာ ေျဖရွင္းေပးႏုိင္ေသးဟု ဆို


မူပိုင္ခြင့္ႏွင့္ မွတ္ပံုတင္ဌာနမွ ယခုႏွစ္ပိုင္း စာေပမူပိုင္ခြင့္ႏွင့္ ပတ္သက္ၿပီး ညွိႏႈိင္းေဆာင္ရြက္ေပးရမႈ ႏွစ္ခုရွိခဲ့ၿပီး စာေပတိုက္၏ တံဆိပ္ကို ခြင့္ျပဳခ်က္မေတာင္းခံဘဲ အသံုးျပဳမိသည့္ ကိစၥမွာ ထူးထူးျခားျခား ေျဖရွင္းေပးခဲ့ရသည့္ ကိစၥတစ္ခု ျဖစ္ခဲ့ေၾကာင္း ေဒၚ ယုယုလြင္က ဆိုသည္။
- ထက္ေ၀လင္း(အကုန္သိ သတင္းဌာန) 

 

Unicode version

မူပိုင်ခွင့်နှင့် ပတ်သက်သည့် တိုင်ကြားမှုများအပေါ် ညှိနှိုင်းပေးခြင်းဖြင့်သာ ဖြေရှင်းပေးနိုင်သေးဟု ဆို

မူပိုင်ခွင့်နှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကို တိုင်ကြားမှုများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပေးခြင်းဖြင့်သာ ဖြေ ရှင်းပေးနိုင်သေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက ပြောသည်။
မတ်လ (၁) ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတွင် ပြုလုပ်သည့် Online ပေါ်က Digital E-Book နှင့် မူပိုင်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျွန်မတို့ဌာန အနေနဲ့က မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး တိုင်ကြားမှုက အခုက ဥပဒေသစ်ကလည်း အသက်မဝင်သေးတဲ့အတွက် အရင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအရပဲ ပြင်းပြင်းထန်ထန် အရေးယူလို့ မရတဲ့အတွက် ညှိနှိုင်းပေးခြင်းနဲ့ပဲ ဖြေရှင်းနေရ သေးပါ တယ်၊ ဥပဒေသစ်က အသက်ဝင်လာတဲ့အခါ ထုတ်ဝေသူတွေ၊ စာရေးဆရာတွေ၊ Online စာပေဝန်ဆောင်မှု ပေးသူတွေကြားမှာ တင်းမာမှု မရှိအောင်လည်း ဆက်လက်ညှိနှိုင်းပေးသွားဖို့ပဲ ရှိပါတယ်”ဟု ဒေါ်ယုယုဝင်းက ပြောသည်။
မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန အနေဖြင့် မူပိုင်ခွင့်နှင့် ပတ်သက်ပြီး စာပေထုတ်ဝေသူများနှင့် Online စာပေတည်ထောင်သူများ၏ ပြဿနာများကို အဓိက ဖြေရှင်းနေရပြီး မကြာမီ အသက်ဝင်တော့မည် မူပိုင်ခွင့် ဥပဒေသစ်ဖြင့်လည်း ကြားဝင်ညှိနှိုင်း ဆောင် ရွက်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
စာပေထုတ်ဝေသူများအနေဖြင့် ယခုပေါ်ပေါက်နေသော Online စာပေဝန်ဆောင်မှုများကြောင့် ၎င်းတို့၏ အကျိုးအမြတ် နည်းပါး လာမှု ရှိလာမည်ကို စိုးရိမ်နေပြီး အဆိုပါ ကိစ္စရပ်များ ဖြစ်ပေါ်လာပါကလည်း ဥပဒေအရ ဖြေရှင်းခြင်းကို မဖြစ်မနေ အနေအထား ရောက်မှသာ လုပ်ဆောင်လိုပြီး ညှိနှိုင်းမှုများဖြင့်သာ လုပ်ဆောင်လိုကြောင်း ငါတို့စာပေ စာပေတိုက်၏ ထုတ်ဝေသူ ကဗျာဆရာ မြေမှုန်လွင်က ပြောသည်။
မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ ယခုနှစ်ပိုင်း စာပေမူပိုင်ခွင့်နှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရမှု နှစ်ခုရှိခဲ့ပြီး စာပေတိုက်၏ တံဆိပ်ကို ခွင့်ပြုချက်မတောင်းခံဘဲ အသုံးပြုမိသည့် ကိစ္စမှာ ထူးထူးခြားခြား ဖြေရှင်းပေးခဲ့ရသည့် ကိစ္စတစ်ခု ဖြစ်ခဲ့ကြောင်း ဒေါ် ယုယုလွင်က ဆိုသည်။
- ထက်ဝေလင်း(အကုန်သိ သတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။